♪ “ကင်မရာ ၄ လုံးစီပါတဲ့ ZTE Nubia Z17S နဲ့ Z17 miniS တို့ကိုမိတ်ဆက်” ♫

Image may contain: phone

ZTE က အရှေ့နဲ့ အနောက်မှာကင်မရာနှစ်လုံးစီတပ်ဆင်ထားတဲ့ စမတ်ဖုန်း နှစ်လုံးကိုမိတ်ဆက်လိုက်ပါတယ်။ Nubia Z17S ဟာ စွမ်းဆောင်ရည် မြင့်မားပြီး Apple, Samsung တို့ရဲ့ ထိပ်တန်းဖုန်းများ ကိုယှဉ်ပြိုင်ဖို့ ဖန်တီးထားပါတယ်။ Nubia Z17 miniS ကတော့ စွမ်းရည်သင့်ဖုန်း ဖြစ်ပါတယ်။ Z17S ကို 6GB RAM/64GB Storage နဲ့ 8GB RAM/128GB Storage စတဲ့ မော်ဒယ်နှစ်မျိုးထုတ်လုပ်ထားပါတယ်။

သတ္တုကိုယ်ထည်တပ်ဆင်ထားပြီးအနောက်ဘက်ကိုဖန်ဖြင့် ဖုံးအုပ်ထားပါ တယ်။ ၅.၇၃ လက်မ Full HD+ Screen တပ်ဆင်ထားပြီးမျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ Full Screen Design ဖြစ်ပြီး Physical Home Button များမပါတော့ပါဘူး။ Snapdragon 835 Processor, 3100mAh Battery, Android 7.1 Nougat အခြေပြု Nubia UI 5.1 ထည့်ထားပါတယ်။ အနောက်ဘက်မှာ 12+23MP Camera နဲ့ အရှေ့ဘက်မှာ 5+5MP Camera များတပ်ဆင်ထားပါတယ်။ 6GB Version ကို ၄၅၅ ဒေါ်လာ ၊ 8GB Version ကို ၆၀၇ ဒေါ်လာသတ်မှတ် ထားပါတယ်။

Z17 miniSမှာ ၅.၂ လက်မ Full HD Display တပ်ဆင် ထားပါတယ်။ Snapdragon 653 Processor, 6GB RAM, 64GB Storage, Android 7.1 Nougat အခြေပြု Nubia UI 5.0 များတပ်ဆင် ထားပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂ လုံးနဲ့ အရှေ့ဘက်မှာ မြင်ကွင်းကျယ် 16MP နဲ့ 5MP Camera များဖြစ်ပါတယ်။ ၃၀၃ ဒေါ်လာဖြင့် ရောင်းချမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





www.pyaephyo.com
 
 
 





0 comments:

Post a Comment