♪ “iPhone 8 ရဲ့ ကင်မရာထက်ပိုကောင်းတဲ့ Huawei Mate 10” ♫

Image may contain: phone

DxOMarkရဲ့ အကောင်းဆုံးကင်မရာပါတဲ့ စမတ်ဖုန်းစာရင်းမှာ Google Pixel 2 ဟာ ၉၈ မှတ်နဲ့ ပထမနေရာကိုသိမ်းပိုက်ထားပါတယ်။ Pixel 2 ဟာ iPhone 8 , Samsung Galaxy Note 8 , Galaxy S8, Galaxy S8 Plus စမတ်ဖုန်းများထက်တောင် အမှတ်များနေပါတယ်။ အခုလည်းမကြာမီက မိတ်ဆက်ခဲ့တဲ့ Huawei Mate 10 ကို DxOMark က စမ်းသပ်ခဲ့တဲ့အခါမှာ iPhone 8 ထက်သာလွန်နေပြီး ၉၇ မှတ်ရရှိခဲ့ပါတယ်။ Apple iPhone 8 ကတော့ ၉၂ မှတ်သာရရှိထားပါတယ်။

Huawei Mate 10 ရဲ့ အနောက်ဘက်မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor တပ်ဆင်ထားပြီးကင်မရာများမှာ Phase Detection နဲ့ Laser Autofocus နည်းပညာများပါပါတယ်။ ကင်မရာ များက၂ ဆ Zoom ဆွဲပေးနိုင်ပါတယ်။DxOMark က Focus ၊ Exposure နဲ့ Wide Dynamic Range အပိုင်းများမှာလည်းအလွန် ကောင်းမွန်တယ် လို့ သုံးသပ်ပါတယ်။

DxOMarkရဲ့ အင်ဂျင်နီယာများဟာအိမ်တွင်းနဲ့ အိမ်ပြင်မှာဓါတ်ပုံပေါင်း ၁၅၀၀ ကျော်နဲ့ ၂ နာရီကြာဗီဒီယိုများရိုက်ကူး၍ Huawei Mate 10 ကိုစမ်းသပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ Huawei Mate 10 ဟာရုပ်သေ ဓါတ်ပုံရိုက်ကူးမှုမှာ ၁၀၀ မှတ်ရခဲ့ပြီး Pixel 2 ရဲ့ ၉၉ မှတ်ထက်တောင် သာခဲ့ပါတယ်။ ဗီဒီယိုရိုက်ကူးမှု ပိုမိုကောင်းမွန်တဲ့ Pixel 2 က Overall ရမှတ်မှာအများဆုံးဖြစ်ခဲ့ပါတယ်။ Huawei က Mate 10 ကင်မရာများကို Leica နဲ့ ပူးပေါင်းဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






www.pyaephyo.com
 
 
 





0 comments:

Post a Comment