
တရုတ်နိုင်ငံမှအသက်
၂၁ နှစ်အရွယ် အမျိုးသမီး Blogger တစ်ဦး ဖြစ်သူ Nana က iPhone 8
ဝယ်ချင်လို့ ခန္ဓာကိုယ်ကိုရောင်းစားတဲ့ ဆယ်ကျော် သက်
မိန်းကလေးကိုပညာပေးလိုက်ပါတယ်။
တရုတ်မှ အသက် ၁၇ နှစ်အရွယ် Xiao Chen အမည်ရမိန်းကလေးဟာ iPhone 8
ဝယ်ချင်တဲ့ အတွက် သူမရဲ့ အပျိုစင်ဘ၀ကို စတာလင်ပေါင် ၂၃၀၀ ၀န်းကျင်နဲ့ လဲမယ်
လို့ အွန်လိုင်းမှာကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ Nana က Xiao နဲ့ တွေ့ဆုံခဲ့ပါတယ်။
Xiao က Nana အားသူမရဲ့ သူငယ်ချင်းများဟာ iPhone 8 ကိုင်နေတဲ့ အတွက် သူလည်းကိုင်ချင်ကြောင်း၊ သူမသူငယ်ချင်းတစ်ယောက်ဟာလူစိမ်း သူဌေးတစ်ဦးနဲ့ တစ်ညအိပ်ခဲ့ပြီးလွယ်ကူစွာငွေ ရှာနိုင်ခဲ့ကြောင်းပြောပြ ပါတယ်။ Nana က Xiao အားအမျိုးသားတစ်ဦးနဲ့ ချိတ်ဆက်ပေးမယ်လို့ ပြောခဲ့ပါတယ်။
Xiao ဟာအမျိုးသားနဲ့ ချိန်းဆိုထားတဲ့ အခန်းကိုသွားခဲ့ပါတယ်။ အခန်းထဲမှာ လျှို့ဝှက် ကင်မရာတပ်ဆင်ထားတာကိုသူမမသိခဲ့ပါဘူး။
အဲဒီနောက်မှာ အမျိုးသားသုံးဦး ၀င်လာတဲ့အတွက် သူမထိတ်လန့်ခဲ့ပါတယ်။
အမျိုးသား များကသူမကိုကုတင်ပေါ်မှာ ချုပ်နှောင်ထားပါတယ်။ သူမဟာအော်ဟစ်
ငိုကြွေးခဲ့ပါတယ်။ အဲဒီနောက်မှာ Nana ၀င်လာခဲ့ပြီးကိုယ်ခန္ဓာကိုရောင်းစား တဲ့ အလုပ်ဟာဒီလိုဆိုးရွားတဲ့ အဖြစ်များ ကြုံတွေ့ရစေနိုင်တယ်ဆိုတာကို Xiao အားဆုံးမပညာပေးခဲ့ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
Xiao က Nana အားသူမရဲ့ သူငယ်ချင်းများဟာ iPhone 8 ကိုင်နေတဲ့ အတွက် သူလည်းကိုင်ချင်ကြောင်း၊ သူမသူငယ်ချင်းတစ်ယောက်ဟာလူစ
Xiao ဟာအမျိုးသားနဲ့ ချိန်းဆိုထားတဲ့ အခန်းကိုသွားခဲ့ပါတယ်။ အခန်းထဲမှာ လျှို့ဝှက် ကင်မရာတပ်ဆင်ထားတာကိုသူမမသိ
Mobile Guide Journal (Every Monday)
https://www.facebook.com/
0 comments:
Post a Comment