Battrey Icon မှ အနီရောင် ကြက်ခြေခတ် လေးပေါ်နေခြင်း ( Red Cross On Battery Icon Fix)

 

အောင်ကျော်: laptop မှာ charging သွင်းတဲ့အခါ အနီရောင် ကြက်ခြေခတ် လေးပေါ်နေတယ် ပလပ်ဖြုတ်ထားရင်တော့မပေါ်ဘူး။ ဘာဖြစ်တာပါလဲ။ ကူညီပါဦးနော်။

  Battery ကို  99%  ကနေ 100% ထိ ဘက်ထရီ ကြိုးချိတ်ထားပြီး အားသွင်းထားပါ ... စက်ကို Restart ချပါ ... Window စ တတ်တတ်ချင်း F8 ကို ဆက်တိုက် နှိပ်ပေးပါ... ပုံထဲကလို Safe Mode ကိုရွေးပါ ...



 Safe Mode ထဲရောက်ရင် ဘက်ထရီ ကြိုးကို (Plug ခေါင်းကို) ဖြုတ်ပြီး နောက်တစ်ခါ ပြန်တပ်ပေးလိုက်ပါ....



ပြီးရင် ကွန်ပျူတာ ကို Normal အတိုင်း ပြန်ဖြစ်ဖို့  Restart ချပေးလိုက်ပါ....။

အပေါ်ကပုံထဲကလို Red Cross ခေါ်တဲ့ အနီရောင်ကြက်ခြေခတ်လေး မရှိတော့တာတွေ့ရမှာပါ...။


နည်းလမ်း (၂)

Run ကိုခေါ်ပါ  (Win + R)


devmgmt.msc စာကြောင်းကို ရေးထည့်ပြီး Enter ခေါက်ပါ...


ပုံထဲကအတိုင်း Device Manager ပေါ်လာရင် Batteries > Microsoft ACPI-Compliant Control Method Battery ကို Right Click > Uninstall  နှိပ်ပေးပြီး စက်ကို  Restart  ချပေးလိုက်ပါ...။

 တခြား Decice တွေမှာ အဝါရောင် အမှတ်လေးတွေပေါ်နေရင်လဲ  ဒီနည်လမ်း အတိုင်း Uninstall လုပ်ပေးပြီး စက်ကို Restart ချပေးနိုင်ပါတယ်...။

အားလုံးအဆင်ပြေကြပါစေ....

ဝင်းကမ္ဘာကျော်

7 comments:

ကျေးဇူးပဲဗျာ......အခုမှပဲအဆင်ပြေတော့တယ်...ဘထရီလဲရတော့မယ်ထင်နေတာ..တော်သေးတယ်...အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ

ကျေးဇူး ပါပဲ... စမ်းကြည့်လိုက်ပါဦးမယ်...
အဲဒီ လို လုပ်ပြီးရင်... ဘက်ထရီ က နဂို အတိုင်းပြန်ဖြစ်သွားမှာလား.........
အနီရောင် ကြက်ခြေခတ် လေးပေါ်ပြီး နောက်ပိုင်း...battery ကမခံတော့လို့.......

ကွန်တော် နည်းလမ်း နှစ်ခု စလုံးကို အသုံးပြုပြီး စမ်းကြည့်ပြီးပါပြီ...... အဆင်မပြေပါဘူးခင်ည.....................
တစ်ခြား နည်းလေး ထပ်တင်ပေးပါလား ခင်ဗျ.................
Reply လေးလုပ်ပေးပါ................ :)

waiphyo ကျန်တဲ့ နည်းလမ်းတော့ မတွေ့သေးပါဘူး.... အဆင်မပြေရင် Window ပြန်တင်ကြည့်ပါ Window ပြန်တင်ပြီးလဲ ဖြစ်နေသေးတယ်ဆိုရင်တော့ သိပါတယ်နော် ဘာဆက်လုပ်ရမယ်ဆိုတာ ... သိပ်ဟောင်း သိပ်ကြာ နေတဲ့ Battery မျိုးဆိုရင်တော့ ဘယ်ရတော့မလဲဗျာ သတ်မှတ်ထားတဲ့ အချိန်ကာလ ရောက်ရင်တော့ ဘာဆေးနဲ့ကုကု လူတောင်သေရသေးတာပဲ အဲ့လောက်ကြီးတွေ (ကပ် မမေးကြပါနဲ့).... လုပ်လို့ ရတာ မရတာဟာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုအပေါ်မှာလဲ မူတည်သလို အပေါ်မှာ ပြောခဲ့လိုပဲ သိပ်ဟောင်း သိပ်ကြာနေပြီ ဖြစ်တဲ့ Battery မျိုးဆိုရင်တော့ ရနိုင်စရာ အကြောင်း မရှိပါဘူး ... ကျနော်လည်း မေးထားလို့သာ လေ့လာရှာဖွေပြီး ပြန်လည်မျှဝေပေးလိုက်တာပါ သိပ်သိ သိပ်တတ်လွန်းလို့ မဟုတ်ပါဘူး လေ့လာနေဆဲ လူတစ်ယောက်ဖြစ်တဲ့ အတွက် ကိုယ်သိသလောက်လေးပဲမျှဝေပေးနိုင်ပါတယ်.. အလုံးစုံတော့ မသိနိုင်ပါဘူး..... ဒီလို ပို့စ် တစ်ပုဒ် ဖြစ်လာဖို့ဆိုတာလဲ မလွယ်ပါဘူး အချိန်တွေ အများကြီးပေးရပါတယ်...

warm me if my battery may need replacement မှာ အမှန်ခြစ်လေးကိုဖြုတ်ပေးလိုက်ရင်လည်းရတယ်ဗျ၊ ဘက်ထရီမကောင်းတော့လို့ ကြက်ခြေခက်လေးပြတာပါ၊ ကျွန်တော်စက်ကတော့အဲလိုပဲလုပ်လိုက်တာပါ ဘက်ထရီကတော့မကောင်းတော့ဘူးပေါ့ ၊ ကြက်ခြေခက်လေးတော့မပြတော့ဘူးဗျ။

ကျေးဇူးပါ ကိုThiha ရေ တခြား သိတဲ့ တတ်တဲ့ သူငယ်ချင်းတွေလည်း ခုလို ဝင်ရောက်ပြီး အတွေ့အကြုံလေးတွေကို မျှဝေပေးသွားကြဖို့ တိုက်တွန်းပါရစေ.....

အခုလို ပြန်လည်ဖြေကြားပေးတာရော....
ကိုသီဟ ကိုပါကျေးဇူး တင်ပါတယ်ဗျို့....... :)

Post a Comment