4G / 3G Mobile Power Bank Router


GSM/WCDMA နှင့် EVDO/ CDMA Wireless Modem များနှင့် တွဲဖက်ပြီး  WiFi ပြန်လွှင့်ပေးနိုင်သလို Power Bank အနေဖြင့်ပါ အသုံးပြုနိုင်မည့် Wireless Router ဖြစ်သည်။ အသုံးပြုသူ ရှစ်ဦးအထိ မျှဝေ ချိတ်ဆက်နိုင်မည် ဖြစ်သည်။ မိမိရုံးခန်းအတွင်း (သို့) အိမ်တွင် Transmission ကောင်းကောင်းဖြင့် WiFi ခွဲဝေအသုံးပြုနိုင်မည် ဖြစ်သည်။ 3G အပြင် 4G ကိုပါ အထောက်အပံ့ပေးထားသည်။ ADSL Modem, ရိုးရိုး LAN ကြိုးစသည်တို့ဖြင့် Network ချိတ်ဆက်ပြီးလည်း WiFi လွှင့်နိုင်မည် ဖြစ်သည်။ 


Wireless Transmission Speed ကို High-Speed 150 Mbps ဖြင့် ထုတ်လွှင့်ပေးမည်ဖြစ်သည်။ Multimedia ပိုင်းအနေဖြင့် Memory Stick, External Harddisk တို့ဖြင့် တွဲဖက်ပြီး Multimedia Sharing ပြုလုပ်နိုင်မည် ဖြစ်သည်။ Power သီးသန့်ပေးရန်မလိုသည့်အပြင် မိုဘိုင်းဖုန်း၊ Mobile Gadget များဖြင့်တွဲပြီး Power Bank အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Built-in Li-ion Battery ပါဝင်ပြီး ၁၂ နာရီကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ Windows, Android, Mac, iOS, Linux စသည့် OS များဖြင့် အသုံးပြုနိုင်ပြီး တန်ဖိုးမှာ ၂၂,၉၀၀ ကျပ်ဖြစ်သည်။ F@X Computer ဖုန်း - ၀၁-၃၈၀၉၈၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။


http://internetjournal.media/news/1964

0 comments:

Post a Comment