Apple
သည် ယခုနှစ်ကုန်ပိုင်းတွင် အသစ်ဖြန့်ချိမည့် iPhone တွင် Force Touch
နည်းပညာပါဝင်သည့် display များ အသုံးပြုရန် စီစဉ်နေကြောင်း Wall Street
Journal မှ ဖော်ပြခဲ့သည်။
Force Touch သည် တနင်္လာနေ့က
ကျင်းပခဲ့သည့် Apple event တွင် အဓိက အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး အဆိုပါ
ဖိအားကို အာရုံခံနိုင်သည့် နည်းပညာအား Apple Watch အပြင် MacBook သစ်နှင့်
မွမ်းမံပြင်ဆင်ထားသည့် MacBook Pro ၏ trackpad များတွင် အသုံးပြုခဲ့ကြောင်း
Apple မှ ကြေညာခဲ့သည်။
Apple Watch တွင် ပါဝင်သည့် Force
Touch သည် သေးငယ်သည့် screen ပေါ်တွင် များပြားလှသည့် input option
များဖြင့် အသုံးပြုနိုင်စေသလို MacBook အသစ်တွင်လည်း သာမန် mouse click
တစ်ခုကဲ့သို့ အသုံးပြုနိုင်စေမည် ဖြစ်သည်။
အသစ်ထွက်ရှိမည့် iPhone များသည်
iPhone 6 နှင့် 6 Plus ဒီဇိုင်းများနှင့် အလွန်ကွာခြားဖွယ်မရှိကြောင်း၊ ၄.၇
လက်မနှင့် ၅.၅ လက်မ screen ကို iPhone 6 နှင့် 6 Plus resolution
များအတိုင်း ဆက်လက်ထုတ်လုပ်ဖွယ်ရှိကြောင်း၊ သို့သော် Apple အနေဖြင့် iPhone
အသစ်ကို ငွေရောင်၊ ရွှေရောင်နှင့် မီးခိုးရောင်အပြင် ပန်းရောင်ဖြင့်ပါ
ထုတ်လုပ်ဖွယ်ရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။
http://internetjournal.media/news/1957






0 comments:
Post a Comment