BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်

BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သိရသည်။
BeeTalk မှတစ်ဆင့် work.com.mm ၏ အလုပ်ခေါ်စာများ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ သတင်းများ၊ အတွေးအမြင်ကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ work.com.mm ၏ လူထုအကောင့် (Public Account) တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

BeeTalk ID: workMM ကို Follow လုပ်ထားခြင်းဖြင့် အဆိုပါ သတင်းအချက်အလက်များကို ရယူကြည့်ရှုနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ Follow လုပ်ထားသူပေါင်း ငါးထောင်ဝန်းကျင်ရှိကြောင်း သိရသည်။

BeeTalk မှာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်းက စတင်ဝင်ရောက်လာသည့် လူမှုကွန်ရက် ဆက်သွယ်ရေး Social Application တစ်ခု ဖြစ်သည်။ BeeTalk ကို လက်ရှိအချိန်တွင် အသုံးပြုနေသူ လူဦးရေ ၅ သန်းကျော်အထိ ရှိနေကြောင်း၊ အခမဲ့ဖုန်းခေါ်ဆိုစနစ်၊ စာတိုပို့စနစ်၊ အခြား Public Account များ၊ စတစ်ကာပုံပို့စနစ်များ ပါဝင်သည်။

“အဓိကကတော့ လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ အင်တာဗျူးဖြေရာမှာ ဆောင်ရန်၊ ရှောင်ရန်တွေ၊ လုပ်ငန်းခွင်မှာ တိုးတက်ရာ တိုးတက်ကြောင်းတွေ စသည်ဖြင့် ထည့်သွင်း ဖော်ပြပေးထားပါတယ်။ နောက်ပိုင်းမှာ အလုပ်ခေါ်စာတွေကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်” ဟု work.com.mm မှ Social Media Officer ဖြစ်သူ Wilson က ပြောသည်။

Work.com.mm ၏ အဓိကလုပ်ငန်းမှာ အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်များ ရရှိစေရန်နှင့် အလုပ်ရှင်များအတွက် ဝန်ထမ်းများ ရရှိစေရန်ဖြစ်ပြီ်း အလုပ် ရှာဖွေသူနှင့် ဝန်ထမ်းခေါ်ယူလိုသူတို့အား ဆုံစည်းပေးသော ကြားခံဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ကိုယ်ရေးရာဇဝင် ဖောင်များကို အွန်လိုင်းပေါ်တွင် ဖြည့်စွက်နိုင်ပြီး မိမိနှစ်သက်ရာ အလုပ်များကို အကန့်အသတ်မရှိ ရှာဖွေ လျှောက်ထားနိုင်ရန် ဆောင်ရွက်ထားကြောင်း တွေ့ရသည်။

Credit  internetjournal
Thiha Htike(THT)

0 comments:

Post a Comment