Twitch နှင့် ယှဉ်ပြိုင်ရန် YouTube Gaming ဝက်ဘ်ဆိုက်ကို Google မိတ်ဆက်




Google သည် Amazon မှ ပိုင်ဆိုင်သော Twitch ကိုယှဉ်ပြိုင်ရန် YouTube Gaming ဝက်ဘ်ဆိုက်ကို စတင်ခဲ့ကြောင်း သိရသည်။ Google အနေဖြင့် ဗွီဒီယိုဂိမ်း ဗွီဒိယိုလွှင့်ပေးမည့် YouTube Gaming ဝက်ဘ်ဆိုက်ကို ဗုဒ္ဓဟူးနေ့က စတင်ခဲ့ကြောင်း BBC ကဖော်ပြခဲ့သည်။

အဆိုပါ ဝက်ဘ်ဆိုက်နှင့် app သည် YouTube ပေါ်ရှိ ဂိမ်းဆိုင်ရာ အကြောင်းအရာများစွာ စုစည်းပေးမည် ဖြစ်သည်။ ၎င်းဝက်ဘ်ဆိုက်တွင် တစ်နေရာထဲ၌ ဂိမ်းတစ်ခုစီနှင့် ပတ်သက်သည့် ဗွီဒီယိုနှင့် အကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်မှုများ စုဆောင်းထားသည့် စာမျက်နှာမှ အကြောင်းအရာပေါင်း ၂,၅၀၀ ကျော်ရှိသည်။ အဆိုပါဆိုက်တွင် ဂိမ်းနှင့်ပတ်သက်သော အကြောင်းအရာများကို လွယ်ကူစွာ ရှာဖွေနိုင်ရန် ကိုယ်ပိုင်ရှာဖွေမှုများ ပြုလုပ်နိုင်သည်။

၎င်းဝက်ဘ်ဆိုက်၏ အားသာချက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး ၎င်း feature သည် app သစ်တွင် အဓိကျလာမည် ဖြစ်ကြောင်း YouTube ကပြောကြားထားသည်။ နှစ်အနည်းငယ်အတွင်း ဂိမ်းသည် အွန်လိုင်းဗွီဒီယို အခန်းကဏ္ဍ၏ အရေးပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

YouTube ၏ follow အပြုလုပ်ခံရဆုံး ကြယ်ပွင့်ဖြစ်သူ PewDiePie သည် အသက်၂၀ ဝန်းကျင်ရှိကာ “Let’s Play” ဟုအမည်ရသော လူသိများသည့်ပုံစံဖြင့် နာမည်ကျော် ဂိမ်းများ ကစားပြလျက်ရှိသည့် ဆွီဒင် gamer တစ်ဦးဖြစ်သည်။ Twitch သည်လည်း ဂိမ်းဝါသနာရှင်များက တိုက်ရိုက် ဂိမ်းကစားမှုများ ကြည့်ရှုခြင်း သို့မဟုတ် ဂိမ်းနှင့်ပတ်သက်သည့် ပွဲစဉ်များကို မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်နိုင်သည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။

Ref: Time
Credit  internetjournal

 Thiha Htike(THT)


0 comments:

Post a Comment