Apple ရဲ့ iOS 9 မှာ Safari ရဲ့ လုပ်ဆောင်ချက်ဟာ ၂ဆ မြန်ဆန်လာမှာ
ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုမှု Data Usage ကလည်း
ယခင်ထက် ၂ ဆ သက်သာမှာ ဖြစ်ကြောင်း ဆိုပါတယ်။
Apple ရဲ့ iPhone နဲ့ iPad တို့မှာ ပါဝင်တဲ့ Safari ဟာ နှေးပြီး Google
Chrome နဲ့ ယှဉ်တဲ့အခါ နှေးကြောင်း ပြောဆိုခံရမှုပေါင်း များစွာ ရှိကြ
ပါတယ်။ ဒါကြောင့်မို့ ယခု iOS 9 အသစ်မှာ Safari ရဲ့ လုပ်ဆောင်ချက်ကို
ပိုမို မြင့်တင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ နောက်တစ်ခုက Wi Fi Assist
ဆိုတဲ့ Feature ကြောင့် Wi-Fi နဲ့ Mobile Data ပြိုင်တူ ဖွင့်ထားတဲ့ အခါ
Wi-Fi အားနည်းရင် Mobile Data ကို အသုံးပြုပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့
Safari ရဲ့ loading ဖြစ်မှုကို အတတ်နိုင်ဆုံး မြန်ဆန်ပေးမှာ ဖြစ်ကြောင်း
ဆိုပါတယ်။
iOS 9 ကို လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ Apple ရဲ့ iPhone 6S နဲ့ 6S
Plus ကို မိတ်ဆက်တဲ့အခါ iOS9 ကို pre install အနေနဲ့ ထည့်ထားပေးမှာ
ဖြစ်ပါတယ်။
.
Ref: dailymail
Credit MMAS
iOS 9 တွင် Safari လုပ်ဆောင်ချက် နှစ်ဆ ပိုမြန်လာမည်
Thiha Htike(THT)
0 comments:
Post a Comment