Microsoft စမတ်ဖုန်းသစ်များ၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပေါက်ကြား ထွက်ပေါ်လာ




Microsoft သည် အောက်တိုဘာလတွင် ဟန်းဆက်သစ်များကို မိတ်ဆက်ကြေညာရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သလို အဆိုပါ ဟန်းဆက်သစ်များ၏ ဓာတ်ပုံများလည်း အွန်လိုင်းတွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။

၎င်းဓာတ်ပုံများသည် Microsoft မှ အသစ်ဖြန့်ချိမည့် စမတ်ဖုန်းများအဖြစ် Twitter ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ပထမဦးဆုံး သတင်းပေါက်ကြားမှုသည် Neowin ဆိုက်မှ Microsoft သတင်းထောက်တစ်ဦး ဖြစ်သည့် ဘရက်ဒ်ဆမ်စ်ထံမှ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ဓာတ်ပုံတွင် Cityman ဟု ဖော်ပြခဲ့သည်။

ထို့နောက် သတင်းအချက်အလက်များနှင့် ထုတ်ကုန်များ ပေါက်ကြားမှုတွင် အားထားရသည့် ရင်းမြစ်ဖြစ်သော အီဗန်ဘလပ်စ်က Talkman ဟုခေါ်သော ထုတ်ကုန်တစ်မျိုး၏ ဓာတ်ပုံများကို ဖော်ပြခဲ့သည်။
Microsoft ကမူ ဓာတ်ပုံများနှင့် ပတ်သက်၍ အတည်ပြု ပြောကြားထားခြင်း မရှိသေးသောကြောင့် အဆိုပါ ဓာတ်ပုံများက စစ်မှန်ခြင်း ရှိ၊ မရှိကို မသိရှိရသေးပေ။



ပြီးခဲ့သည့် ရက်သတ္တပတ်က ZDNet မှ Microsoft နှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်ဖြစ်သူ မာရီဂျိုးဖိုလေက ကုမ္ပဏီအနေဖြင့် အောက်တိုဘာလတွင် ပွဲတစ်ခုကျင်းပရန် စီစဉ်နေကြောင်းနှင့် ၎င်းပွဲတွင် စမတ်ဖုန်းသစ်များကို ကြေညာဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ထုတ်ကုန်များကို code အမည် Cityman နှင့် Talkman ဟု ခေါ်ဆိုပြီး Windows 10 Mobile ကို အသုံးပြုထားကြောင်း ဖိုလေက ဆိုခဲ့သည်။
ဇူလိုင်လကလည်း Microsoft သတင်းများကို ဖော်ပြသည့် Windows Central က Talkman နှင့် Cityman တို့၏ specification များကို ဝေမျှခဲ့သည်။

အဆိုပါ ဆိုက်တွင် Cityman တွင် ၅.၇ လက်မ quad-HD display, 64-bit octa-core Snapdragon 810 processor နှင့် 20-megapixel ကင်မရာတို့ ပါဝင်ကြောင်း၊ Talkman တွင် ၅.၂ လက်မ screen နှင့် အနည်းငယ်နှေးသည့် ပရိုဆက်ဆာတို့ကို အသုံးပြုထားကြောင်း ဖော်ပြခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click



0 comments:

Post a Comment