Ooredoo က BINDEZ နှင့် ပူးပေါင်း၍ Tha Din Application ကိုမိတ်ဆက်

ပည်တွင်းရှိ ထူထောင်ကာစ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် BINDEZ နှင့် ပူးပေါင်း၍ Ooredoo သည် Tha Din အမည်ရှိ Mobile Application တစ်ခုကို မိတ်ဆက်လိုက်သည်ဟု သိရသည်။
 BINDEZ သည် ဒီဂျစ်တယ်စနစ် ထွန်းကားရေးကို လုပ်ဆောင်ရာတွင် အလားအလာကောင်းများရှိသည့် ထူထောင်ကာစ နည်းပညာကုမ္ပဏီ ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Ooredoo က ထုတ်ပြန်ခဲ့သည်။

Beta Version အနေဖြင့် မိတ်ဆက်ခဲ့ခြင်းဖြစ်သော Tha Din Application ကို လက်ရှိအချိန်၌ Google Play တွင် ရယူနိုင်ပြီဖြစ်ပြီး အဆိုပါ Tha Din Application က Android မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် သတင်းအချက်အလက်များ ရှာဖွေရေးကို အထောက်အကူပေးမည်ဟု Ooredoo က ကြေညာခဲ့သည်။

ပြည်တွင်း၌ Program အသစ်များ၊ Application အသစ်များကို ကြိုးစားဖန်တီနေကြသော်လည်း ဈေးကွက်တင်နိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ ထူထောင်ကာစ လုပ်ငန်းများပေါ် ပြုစုပျိုး ထောင်ပေးရေး အစီအစဉ်အရ Ooredoo သည် အဆိုပါလုပ်ငန်းများအတွက် နည်းပညာနှင့် ငွေ ကြေးထောက်ပံ့မှုများ လုပ်ကိုင်ပေးနေကြောင်း Oordeoo Myanmar ၏ ပြန်ကြားရေးတာဝန်ခံဖြစ်သူက ပြောသည်။

Ooredoo နှင့် BINDEZ တို့ ပူးပေါင်း မိတ်ဆက်လိုက်သော Tha Din Application တွင် နေ့စဉ် သ တင်းထူးများနှင့် မိုးလေဝသ၊ ဓာတ်ဆီဈေးနှုန်း၊ ဒေါ်လာဈေးနှုန်း စသည်တို့ကိုလည်း မြန်မာဘာသာဖြင့် လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်မည်ဟု သိရသည်။ ထို့အပြင် ကြိုက်နှစ်သက်ရာ သတင်းများကိုလည်း သိမ်း ဆည်းထားနိုင်မည့် နည်းပညာတစ်ခု ပါဝင်ကြောင်း Ooredoo ၏ ထုတ်ပြန်ချက်အရ သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment