Windows 10 ဆိုတာ

Windows 10 သည် Microsoft မှ Windows NT operating system များစွာအနက် စီမံကိန်းတစ်ခု အဖြစ် တိုးတက်လာစေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ Windows 10 ကို  ၂၀၁၄ ခုနှစ် developer ကွန်ဖရင့်ဖြစ်သည့် Build 2014 တွင် တရားဝင် စတင် ထုတ်ဖော် မိတ်ဆက်ခဲ့သည်။

ထို့နောက် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အများပြည်သူများ စမ်းသပ်အသုံးပြုနိုင်သည့် beta ဗားရှင်းအဖြစ် ဖြန့်ချိခဲ့သည်။ ထိုအချိန်မှစ၍ Windows 10 ထွက်ရှိရန် ကြိုးပမ်းခဲ့ပြီး ဇူလိုင်လ ၂၉ ရက် ၂၀၁၅ခုနှစ်တွင် ဖြန့်ချိသုံးစွဲသူများစွာအတွက် Windows 10 operating system ကို ဖြန့်ချိခဲ့သည်။ ၂၀၁၅ခုနှစ် သြဂုတ်လ  ၁ ရက်တွင် Windows 10 update  အတွက် volume licensing များ ထွက်ရှိလာခဲ့သည်။ Windows 10 အား ဖြန့်ချိသည့် ပထမဆုံးနှစ်တွင် Windows 7 သို့မဟုတ် Windows 8.1 သုံးစွဲသူများထံသို့ ၎င်း OS ကို အခမဲ့ဖြန့်ချိသွားမည် ဖြစ်ကြောင်း Microsoft က ထုတ်ပြန်ခဲ့သည်။

Windows 10 သည် Windows Store apps တွင်ပါဝင်လာမည့်  Microsoft မှ ဖော်ပြခဲ့ဖူးသည့် “universal” app အကြောင်းကိုလည်း မိတ်ဆက်ခဲ့သည်။ အဆိုပါ app  များသည် ကွန်ပျူတာ၊ စမတ်ဖုန်းအပြင် tablet, embedded system, Xbox One, Surface Hub နှင့် HoloLens အပါအဝင် အမျိုးမျိုးသော Microsoft ထုတ်ကုန်များစွာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။  Windows 10 ၏ user interface သည် hybrid ထုတ်ကုန်များသုံးစွဲရာတွင် touch screen interface နှင့် mouse အသားပေး interface အကြား ပြောင်းလဲကာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ interface များသည် Windows 7 နှင့် 8 ကဲ့သို့ ဒီဇိုင်းကို Start menu ထည့်သွင်း၍ ဖန်တီးထားခြင်း ဖြစ်သည်။

ထို့ပြင် Windows 10 တွင်  virtual desktop စနစ် Task View ကိုမိတ်ဆက်ခဲ့သလို Microsoft  Edge browser အပြင်အခြား app သစ်များ၊ လက်ဗွေထောက်ပံ့မှု စနစ်နှင့် face recognition login တို့ ပါဝင်လာသည်။           
                                                               
Ref: Wikipedia
Credit  internetjournal

Thiha Htike(THT)

0 comments:

Post a Comment