iPhone 6s တွင် Apple Watch ကဲ့သို့သော animated background များ ပါဝင်လာဖွယ်ရှိ




အသစ်ထွက်ပေါ်လာသော သတင်းများအရ Apple သည် iPhone 6s နှင့် iPhone 6s Plus တွင် Apple Watch ၌ အသုံးပြုထားသော ဆန်းသစ်လှပသည့် animated wallpaper များကို ထည့်သွင်းရန် စီစဉ်နေကြောင်း သိရသည်။

Apple Watch သုံးစွဲသူများသည် သက်ဝင်လှုပ်ရှားနေသော ရေခူ၊ လိပ်ပြာများနှင့် ပန်းပွင့်များကို background အနေဖြင့် ရွေးချယ်အသုံးပြုနိုင်ပြီး iPhone သစ်တွင် ပါဝင်မည့် wallpaper များတွင် ရွှေငါးကြင်း၊ ပန်းပွင့်များနျှင့် အရောင်အသွေးစုံလင်သော မီးခိုးမှုန်များဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။
cnBeta ဟုခေါ်သော တရုတ်ဆိုက်တွင်မူ ရွှေရောင်နှင့် အနက်ရောင် ရွှေငါးကြင်းပုံ ပါဝင်သော iPhone 6s Plus ဘူး၏ ဓာတ်ပုံ ထွက်ပေါ်လာခဲ့သည်။



iPhone 6s နှင့် 6s Plus တွင် 4K ဗီဒီယို ရိုက်ကူးနိုင်သော 12MP ကင်မရာသစ် ပါဝင်လာဖွယ်ရှိပြီး အရှေ့ဘက်ကင်မရာက 1080p ဗီဒီယိုကို ရိုက်ကူးနိုင်ဖွယ်ရှိသည်။

ထို့အပြင် ၎င်းဖုန်းသစ်များတွင် သုံးစွဲသူ၏ screen ပေါ် ဖိနှိပ်သည့်အားကို သိရှိကာ ကွဲပြားသော လုပ်ဆောင်ချက်များ ပြုလုပ်နိုင်စေမည့် Force Touch နည်းပညာ ပါဝင်လာဖွယ်ရှိကြောင်း၊ အဆိုပါ နည်းပညာသည် သုံးစွဲသူများအား menu များရှိ option များကို ပိုမိုလျင်မြန်စွာ ရှာဖွေစေနိုင်မည် ဖြစ်ကြောင်း သိရသည်။

လတ်တလော ပျံ့နှံ့နေသည့် ကောလာဟလ သတင်းများတွင်မူ iPhone သစ်များကို ပန်းရောင်သမ်းသော ရွှေရောင် (rose-gold) ဖြင့် မြင်တွေ့ရဖွယ်ရှိကြောင်း ဆိုသည်။
Vodafone ဝန်ထမ်းတစ်ဦး၏ အီးမေးလ် ပေါက်ကြားချက်အရမူ Apple ဟန်းဆက်သစ်များကို စက်တင်ဘာလ ၁၈ ရက်တွင် ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၂၅ ရက်တွင် စတင်ရောင်းချမည်ဟု သိရသည်။

Ref: Telegraph
Credit internetjournal

Thiha Htike(THT)


0 comments:

Post a Comment