တစ်ကိုယ်ရေ လုံခြုံရေး ဦးစားပေး Blackphone 2 ကို စက်တင်ဘာလတွင် ဖြန့်ချိမည်




Silent Circle ကုမ္ပဏီသည် သုံးစွဲသူ၏ တစ်ကိုယ်ရေ လုံခြုံရေး ဦးစားပေး မျိုးဆက်သစ် Blackphone 2 ကို စက်တင်ဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုအခါ Silent Circle ဝက်ဘ်ဆိုက်တွင် Blackphone 2 ကိုကြိုတင် မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယခင် Blackphone သည် စနိုးဒင်၏ အစီရင်ခံစာများပေါ်ထွက်ချိန်အတွင်း ထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်ရေဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်း မရှိစေရန် ဖန်တီးထားသည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ Black phone 2 သည် ယခင်ထုတ်ကုန်ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး မျက်နှာပြင် အရွယ်အစား ၅.၅ လက်မ 1080p ရုပ်ထွက်အရည်အသွေး ပါဝင်လာကာ RAM 3GB နှင့် 1.7 GHz Octa-core ပရိုဆက်ဆာတို့ ပါဝင်လာသည်။ Blackphone 2 တွင် ကျောဘက်ကင်မရာ 13 megapixel, storage 32GB ပါဝင်ပြီး app များ လုံခြုံမှုရှိစေရန် ကာကွယ်ထားသည့် Android အခြေခံ Silent OS ကိုအသုံးပြုထားသည်။

ထို့အပြင် Blackphone 2 သည် messaging နှင့်ဖုန်းခေါ်ဆိုမှုများကို encrypt ပြုလုပ်ထားပြီး ကာကွယ်မှု မပြုလုပ်ထားသည့် Wi-Fi point များကို အလိုအလျောက် ခြေရာခံပေးသည်။ Blackphone 2 ကိုလုံခြုံမှုရှိစေရန် ကာကွယ်ထားသည့်အပိုင်းနှင့် ဆက်သွယ်ထားခြင်း မရှိဘဲ Facebook နှင့် Snapchat ကဲ့သို့ app များအတွက် သီးသန့်နေရာများ ဖန်တီးပေးထားသည်။ 
  

စိုးထက်                                              
Ref: NBC

Thiha Htike(THT)


0 comments:

Post a Comment