♪ “16MP Selfie ကင်မရာနဲ့ဖုန်းတွေရဲ့ပြိုင်ကွင်းထဲဝင်ရောက်လာတဲ့ OPPO R9 & R9 Plus” ♫


တရုတ်နိုင်ငံအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူ OPPO ဟာမတ်လ၁၇ရက်
နေ့မှာသူတို့ရဲ့ R series မျိုးဆက်လို့သတ်မှတ်နိုင်မယ့်စမတ်ဖုန်းသစ်
နှစ်မျိုးကို မိတ်ဆက် ပေးခဲ့ပါတယ်။ OPPO ရဲ့စမတ်ဖုန်းတွေဟာ ပြည်တွင်း
ဈေးကွက်မှာလူကြိုက်များတဲ့အပြင်တရုတ်နိုင်ငံတွင်းဈေးကွက်မှာလည်း
အဆင့်သတ်မှတ်ချက်တစ်ခုအထိရောက်ရှိလာခဲ့ပါပြီ။ ပေါ့ပါးပြီး အကြမ်းခံ
နိုင်တဲ့အပြင်သပ်ရပ်တဲ့အပြင်အဆင်ဒီဇိုင်းကြောင့်လည်းသုံးစွဲသူတွေကြိုက်
နှစ်သက်ကြတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဈေးနှုန်းပိုင်းအရကြည့်လိုက်မယ်
ဆိုရင်လည်းအခြားတန်းမြင့်စမတ်ဖုန်းတွေထက်သက်သာတဲ့နှုန်းထားတဲ့ရရှိစေဖို့အခွင့်အလမ်းပေးထားပါ တယ်။
OPPO ရဲ့အခု၂၀၁၆ခုနှစ်ထွက် စမတ်ဖုန်း
တွေကလည်းနိုင်ငံတကာဈေးကွက်မှာလူကြိုက်များလာဦးမှာပါ။ ပြီးခဲ့တဲ့နှစ်ကOPPO
အနေနဲ့R7 ဖုန်းတွေကိုမိတ်ဆက်ရောင်းချခဲ့ပြီး၊၂၀၁၆ အတွက်
မိတ်ဆက်လိုက်တဲ့ဖုန်းတွေကတော့R9 series ဖုန်းတွေပါ။အသစ် ထွက်လာတဲ့
စမတ်ဖုန်းတွေဟာဒီဇိုင်းပိုင်းမှာပြောင်းလဲသွားပြီးသူ့ရဲ့ ထူးခြားချက်
လို့ပြောနိုင်တာကတော့အရှေ့ဘက်ကင်မရာကို16MPအရည် အသွေးထိ
မြှင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။အခြားပိုင်းပြောင်းလဲမှုတွေ
အနေနဲ့ကတော့၂၀၁၆အသစ်ထွက်ဖုန်းတွေရဲ့ဒီဇိုင်းအတိုင်းပုံစံကို ပြောင်းလဲ
ပေးလိုက်ပါတယ်။တရုတ်နိုင်ငံ တွင်းမှာစတင်မိတ်ဆက်လိုက်တဲ့ OPPO R9 နဲ့ R9
Plus တို့ဟာဒီဇိုင်းပိုင်းမှာတူညီပြီး ရွေးချယ်စရာအရောင်အနေနဲ့
ပန်းရောင်ကိုပါရွေးချယ်နိုင်ပါလိမ့်မယ်။R9 စီးရီးဖုန်းတွေဟာမကြာခင်
အချိန်အတွင်းမှာသုံးစွဲသူတွေလက်ထဲကို ရောက်ရှိလာပါတော့မယ်။
အလူမီနီယမ်ကိုယ်ထည်နဲ့ဖြစ်ပြီးအရောင်ကတော့ရွှေရောင်၊ပန်းရောင်ဖြစ်ပြီးသူတို့ရဲ့အစဉ်အလာ အတိုင်းဘေးဘောင်လေးတွေဟာကျစ်လျစ်သေးသွယ်မှုကိုခံစားရမှာဖြစ်ပါတယ်။
ဘေးအနားသတ်လေးတွေအနေနဲ့ကြည့်လိုက်မယ်ဆိုရင် R9(1.6mm) နဲ့ R9
Plus(1.76mm) သာရှိမှာဖြစ်ပါတယ်။ဒါဟာမြင်ကွင်းကိုပိုမိုကျယ်ပြန့်စွာ
ကြည့်နိုင်မှာ ဖြစ်ပြီးပိုမိုကျယ်ဝန်းတဲ့ကိုယ်ထည်နဲ့သုံးနိုင်မှာဖြစ်ပါတယ်။
High-end ဖုန်းတွေမှာထည့်သွင်းပေးလေ့ရှိတဲ့လက်ဗွေဖတ်စနစ်(fingerprint)
ရဲ့နေရာကတော့အရင်မျိုးဆက်ဟောင်း (R7) မှာလိုနောက်ကျောဘက်မှာ
မထည့်သွင်းတော့ဘဲကိုယ်ထည်အရှေ့ဘက်ခြမ်း Home button နေရာမှာ
တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ နောက်ထပ်ပြောင်းလဲလိုက်တာကတော့ dual Nano Sim
Tray ပုံစံနဲ့SD storage တို့ပါ။ ဆော့ဝဲဘက်ခြမ်းကို
ကြည့်လိုက်မယ်ဆိုရင်တော့R9ဖုန်းတွေမှာ android 5.1.1 ပေါ်မှာ အခြေခံ
တည်ဆောက်ထားတဲ့ Color OS 3.0 ကိုသုံးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာ
ဈေးကွက်ကို ဖြန့်ချိမယ့်အချိန်မှာတော့ နောက်ဆုံးထွက် android OS ကို
ထည့်သွင်းလာနိုင်ခြေရှိတယ်လို့ခန့်မှန်ထားကြပါတယ်။အပြင်ဘက်အပြင်
အဆင်ပိုင်းမှာတူညီတဲ့ဒီဇိုင်းပုံစံနဲ့ဖြစ်နေမှာဖြစ်ပြီး ပြောင်းလဲမှုတွေ
အနေနဲ့ မျက်နှာပြင်အရွယ်အစားနဲ့ဖုန်းတွင်းပိုင်းထည့်သွင်းပေးထားတဲ့ chipset
တွေရဲ့စွမ်းဆောင်နိုင်မှုတွေပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကြည့်လိုက်မယ်
ဆိုရင်တော့ R9($430) နဲ့ R9 Plus($510) တို့ဖြစ်ပါတယ်။လက်ရှိအချိန်မှာ
နိုင်ငံတွင်း OPPO ကြိုက်နှစ်သက်သူတွေအတွက် Pre-order စတင်ပေးနေပြီ
ဖြစ်ပါတယ် . . .
<16MP Selfie ကင်မရာကိုအပြည့်အ၀အသုံးချဖို့>
ကင်မရာပိုင်းပြောင်းလဲမှုကို ပြောရမယ်ဆိုရင်တော့ နောက်ကျောဘက်
ကင်မရာထက်စာရင်အရှေ့ဘက်ကင်မရာကိုအရမ်းဦးစားပေးထားတာကို
တွေ့ရပါတယ်။16MPအရှေ့ဘက် ကင်မရာကိုစတင်သုံးစွဲနိုင်မယ့်ဖုန်းဖြစ်ပြီး
နောက်ကျောဘက်ကင်မရာတွေကိုR9(13MP)နဲ့R9 Plus(16MP)ဆိုပြီးခွဲခြား
ပေးထားပါတယ်။ကင်မရာမှာresolution တွေကိုအမြင့်ဆုံးဖမ်းယူနိုင်မယ့် sensor
တွေတပ်ဆင်ပေးထားပြီးsensor ကလည်းတောက်ပနေပါ လိမ့်မယ်။ Selfie
ရိုက်ကူးလိုသူတွေအနေနဲ့ပုံရိပ်တွေကိုဖမ်းယူရိုက်ကူးတဲ့အခါမှာ
16MPကင်မရာf/2.0lensနဲ့အတူ78.1 ဒီဂရီအထိရရှိအောင်ပုံရိပ်တွေကို
မြင်ကွင်းကျယ်ရရှိနိုင်ပါလိမ့်မယ်။13MP ကင်မရာကတော့f/2.2 aperature နဲ့
80.6 ဒီဂရီအထိရရှိနိုင်ပါလိမ့်မယ်။OPPO အနေနဲ့F1မှာတည်းက ကင်မရာ
လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးခဲ့တာ ဖြစ်ပြီးအခုအသစ်ထွက်လာတဲ့R9
ဖုန်းတွေကလည်းSelfie ဘုရင်အဖြစ်သတ်မှတ်နိုင်ဦးမှာပါ။အဓိကကင်မရာ
တွေရဲ့ပုံရိပ်ရိုက်ကူးနိုင်စွမ်းကတော့4K video တွေကိုရရှိနိုင်စေမှာပါ။
<ဘက်ထရီစွမ်းအားနဲ့ကွန်ရက်ချိတ်ဆက်မှု>
OPPO ဖုန်းတွေဟာဘက်ထရီပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်မြင့်မားတဲ့အဆင့်
တစ်ခုမှာရပ်တည်လျက်ရှိပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ထည့်သွင်းထားတဲ့VOOC
နည်းပညာဟာဘက်ထရီအားသွင်းတဲ့အချိန်မှာမြန်ဆန်တဲ့
လုပ်ဆောင်နိုင်စွမ်းကိုပေးစွမ်းလို့ပါ။၅မိနစ်ကြာအားသွင်းလိုက်တာနဲ့
၂နာရီဆက်တိုက်ဖုန်းလက်ခံပြောဆိုမှုတွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဝအခြေအနေကနေ၇၀%အထိရောက်ရှိဖို့အတွက်ဆိုရင်တော့ ၁နာရီကြာ အားသွင်းပေးရမှာ
ဖြစ်ပါတယ်။ဘက်ထရီစွမ်အားအနေနဲ့R9 (2850mAh), R9 plus(4120mAh)
တို့ပဲဖြစ်ပါတယ်။ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့
နောက်ဆုံးပေါ်ဖုန်းဖြစ်မှုနဲ့အတူ4G LTE ကွန်ရက်မှာသုံးစွဲနိုင်ပါလိမ့်မယ်။
အချက်အလက်တွေဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့bluetooth 4.0,wi-fi
တို့ကိုသုံးစွဲနိုင်ပါလိမ့်မယ်။အခြားချိတ်ဆက်မှုတွေအနေနဲ့Micro -USB 2.0,USB
host ၊အွန်လိုင်းချိတ်ဆက်သုံးစွဲမှုအနေနဲ့life-service ၁၅ခုတောင်
ပါဝင်လာမှာဖြစ်ပါတယ်။
<ဖုန်းမှာမောင်းနှင်ပေးမယ့်OS>

OPPO အနေနဲ့R series ဖုန်းတွေကိုတရုတ်နိုင်ငံတွင်းဈေးကွက်အတွက် ရည်ရွယ်ထား
ပုံပေါ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကွန်ရက်ချိတ်ဆက်မှု၊ OSသုံးစွဲမှုနဲ့UI
ပိုင်းတွေမှာအတော်ကြီးကိုပြောင်းလဲထားလို့ပါ။OSကတော့ နောက်ဆုံးထွက်android
5.1.1နဲ့အတူသူတို့ရဲ့ကိုယ်ပိုင်UIအပြင်အဆင်ကို သုံးနိုင်မှာပါ။Smart
manager လုပ်ဆောင်ချက်ကလည်းဖုန်းထဲမှာ မလိုအပ် တဲ့ဖိုင်တွေကိုရှင်းထုတ်
ပေးတာ၊ဗိုင်းရပ်တွေကိုကာကွယ်ပေးတာတွေကို
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းငွေပေးချေမှုအတွက်နဲ့ဖုန်းအဖွင့်အပိတ်လုံခြုံရေးဆိုင်ရာအတွက်လက်ဗွေစနစ်ကအတော်လေးအသုံး တည့်ပါလိမ့်မယ်။အဆင့်မြင့်တဲ့Theme
တွေကိုလည်းပြောင်းလဲသုံးစွဲနိုင်ပါလိမ့်မယ်။OS 3.0 က
လက်ဗွေဖတ်စနစ်ကိုသုံးတဲ့အခါမှာ မြန်ဆန်သွက်လက်တဲ့လုပ်ဆောင်မှု
ကိုပေးပါလိမ့်မယ်။
<သိမ်းဆည်းနိုင်စွမ်းနဲ့စွမ်းဆောင်ရည်>
စမတ်ဖုန်းတစ်လုံး (သို့) မိုဘိုင်းdevice
တစ်ခုအတွက်လုပ်ဆောင်နိုင်စွမ်းတွေ
ကိုလွယ်လင့်တကူနေရာဒေသမရွေးသုံးစွဲနိုင်စေအောင်ကူညီပေးမှာကတော့သူ့မှာထည့်သွင်းတည်ဆောက် ထားတဲ့Hardware
ပါပဲ။R9မှာOcta-core MediTek Helio P10
ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAMကတော့ 4GB
ထောက်ပံ့ပေးထားပါတယ်။R9 Plusမှာတော့Octa-core Snap-dragon
652ကိုသုံးထားပါတယ်။ပရိုဆက်ဆာပိုင်းမှာလုံးဝကွဲပြားမှုကိုခံစားရမှာပါ။Snapdragon
652ရဲ့ပေါင်းစပ်မှုကတော့Quad-core 1.8 GHz Cortex-A72 နဲ့Quad-core 1.2 GHz
Cortex-A53 တို့ပူးတွဲအလုပ်လုပ်မှာဖြစ်ပါတယ်။
အချက်အလက်တွေသိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက်ကတော့64/128GB
ပဲဖြစ်ပြီးတော့nano sim ကိုအသုံးမပြုဘူးဆိုရင်တော့ နောက်ထပ် 128GB ကို sim 2
slot ကနေတိုးမြှင့်နိုင်မှာပါ။
<Full HD မျက်နှာပြင်ဖော်ပြနိုင်စွမ်း>
စမတ်ဖုန်း၂မျိုးလုံးမှာ မြင်ကွင်းကိုပြတ်သားကြည်စွာမြင်တွေ့နိုင်စေမယ့်
(1080×1920) AMOLED ဖန်သားပြင်ကိုသုံးနိုင်မှာဖြစ်ပါတယ်။ ဘေးဘောင်
လေးတွေကပိုမိုကျဉ်းမြောင်းသေးသွယ်လာမှာကြောင့် ကိုယ်ထည်တစ်ခုလုံးရဲ့၇၇.၆၈%ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။မျက်နှာပြင်အရွယ်အစားကတော့R9(
5.5 inches)နဲ့R9 Plus (6.0inches) ဖြစ်မှာပါ။မျက်နှာပြင် အရွယ်အစား
အလိုက် PPI ဖော်ပြနိုင်မှုကတော့R9(401ppi), R9 plus(367ppi) ပဲဖြစ်ပါတယ်။
ကိုယ်ထည်ပေါ်မှာထည့်ထားတဲ့ကင်မရာရဲ့တည်နေရာဟာ နောက် ကျောဘက်
အလယ်မှာမဟုတ်တော့ဘဲ ထောင့်နားမှာဖြစ်သွားပါတယ်။
ဖုန်း၂မျိုးရဲ့ကိုယ်ထည်အချိုးပိုင်းကိုကြည့်လိုက်မယ်ဆိုရင်တော့(151.8×74.3×6.6
mm) နဲ့(163.1×80.8×7.4mm)သာရှိမှာဖြစ်ပါတယ်။မျက်နှာပြင်ရဲ့
ကာကွယ်နိုင်စွမ်းအတွက်ကိုတော့gorilla glass4 နဲ့ဖုံးအုပ်ကာကွယ်ပေးထား
မှာဖြစ်ပါတယ်။
<R9 Plus>
နိုင်ငံတကာစမတ်ဈေးကွက်ကို
လက်ရှိအချိန်မှာ တရုတ်ပြည်တွင်းထုတ် စမတ်ဖုန်းတွေလည်း ၀င်ရောက်လာခဲ့ပါပြီ။
အဲလိုဝင်ရောက်လာတဲ့ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ တရုတ်ပြည်တွင်းဈေးကွက် မှာ 1
to 10 အတွင်းဝင်ရောက်နေတဲ့ မိုဘိုင်းထုတ်လုပ်သူတွေဖြစ်တဲ့ Lenovo,Vivo
တို့လည်း အပါအ၀င်ဖြစ်ပါတယ်။ သူတို့တွေဟာ နိုင်ငံတကာဈေးကွက် အတွက်
သာမကလက်ရှိ မြန်မာ ပြည်တွင်းဈေးကွက်ကိုပါ အရည်အသွေးမြင့်
စမတ်ဖုန်းတွေတင်ပို့လျက်ရှိပါတယ်။ စမတ်ဖုန်းတွေ အတွက် အခြား
နည်းပညာတွေကိုထပ်မံတိုးမြှင့်လာသလိုမျိုး Camera နည်းပညာကို အကောင်းဆုံး
ဖြစ်အောင်ပြုလုပ်လာကြ ပါတယ်။ ဒါကြောင့် OPPO ရဲ့ R9 Plus နဲ့ Huawei ရဲ့
Mate 8 တို့ရဲ့ကွာခြားချက်တွေကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် . . .
<OPPO R9 Plus>
[Specification]
OS - Android (5.1)
SCREEN - 6.0 inches
PROCESSOR - Snapdragon 652
CAMERA - selfie 16 MP, f/2.0
NETWORK - 2G, 3G, LTE
INTERNAL - 64 GB, 4 GB RAM
BATTERY - Li-po 4120mAh
<Screen and OS>
R9 Plus ဟာ 6” မျက်နှာပြင်နဲ့အတူ 367ppi ပုံရိပ်ဖော်ပြနိုင်စွမ်းနဲ့
ထွက်ရှိ လာပါတယ်။ AMOLED မျက်နှာပြင်ဟာ မြင်ကွင်းတွေကို အထင်ရှားဆုံး
ဖော်ပြနိုင်စွမ်းရှိပါလိမ့်မယ်။ OS ကိုတော့ Android 5.1 ကို
သုံးစွဲထားပြီး Multi touch ကို အသုံးချနိုင်မှာဖြစ်ကာ feature အနေနဲ့ကတော့
Color 3.0 ရဲ့လုပ်ဆောင်ချက်အသစ် တွေကိုရရှိနိုင်ပါလိမ့်မယ်။ gesture
အထူးပြု OS ရဲ့ စွမ်းဆောင်နိုင်မှုကြောင့်
ဖုန်းကိုမြန်ဆန်သွက်လက်တဲ့လုပ်ဆောင်မှုတွေ သတ်မှတ်နိုင်ပါလိမ့်မယ်။
<Camera Feature>
16MP Camera ကိုနောက်ကျောဘက်မှာ တပ်ဆင်ပေးထားပြီး 4K video တွေကို
ရိုက်ကူးနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ သူ့ရဲ့အကောင်းဆုံး လုပ်ဆောင်ချက်လို့
သတ်မှတ်နိုင်တာကတော့ အရှေ့ဘက် selife ကင်မရာ ပဲဖြစ်ပြီး Pagasus
လို့ခေါ်လို့ရ တဲ့ 16MP ကင်မရာကို 78ဒီဂရီ wide angle lens
နဲ့သုံးနိုင်မှာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ group
selfie တွေရိုက်တဲ့အခါမှာမြင်ကွင်းကျယ်တွေကို ရရှိနိုင်ပါလိမ့်မယ်။
<Hardware & Browser>
Android ရဲ့ OS နဲ့မောင်းနှင်သုံးစွဲနိုင်စေဖို့အတွက် 1.8 GHz octa-core
processor ကို Adreno 330 GPU နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ HD ဂိမ်း
အမြင့်တွေကို ဆော့ကစားနိုင်မှာဖြစ်ပြီး အခြားဆော့ဝဲတွေသုံးစွဲချိန်နဲ့
ဗီဒီယိုကြည့်ရှုချိန်တွေမှာ ဘက်ထရီစွမ်းအင် ချွေတာနိုင်စွမ်းကိုသွားရောက်
အထောက်အပံ့ပေးပါလိမ့်မယ်။ အင်တာနက်သုံးစွဲနိုင်စေဖို့အတွက် HTML 5
အထောက်အပံ့ရှိပါတယ်။
<Battery & Storage>
4120mAh
ဘက်ထရီက ဗီဒီယိုသီးသန့်ကြည့်ရှုဖို့ ဆိုရင် ၁၀ နာရီ ခံနိုင်ရည်
စွမ်းရှိပါလိမ့်မယ်။ အချက်အလက်သိုလှောင် နိုင်စွမ်းအတွက် 64GB ဖြစ်ပြီး 4GB
RAM ကိုထောက်ပံ့ပေးထားပါတယ်။ VOOC Flash Charge ဟာဖုန်းကို
အားသွင်းတဲ့အခါမှာ လုံခြုံမှုရှိပြီး၊မြန်ဆန်ပါလိမ့်မယ်။
<Huawei Mate 8>
[Specification]
OS - Android 6.0 (Marshmallow)
SCREEN - 6.0" IPS-NEO LCD
PROTECT - Gorilla Glass 4
CAMERA - Selfie 8 MP, f/2.4, 26mm
NETWORK- 2G, 3G, 4G
INTERNAL - 64 GB, 4 GB RAM - NXT-L29
BATTERY - Li-Po 4000 mAh
<Screen and OS>
Mate 8 က 6.0” မျက်နှာပြင်နဲ့ပဲဖြစ်ပြီး ppi ကတော့ 368 ဖြစ်တာကြောင့်
Multi Touch ကို အပြည့်အ၀အသုံးချနိုင်ပါလိမ့်မယ်။ IPS-NEO LCD
မျက်နှာပြင်ဟာ 1080 × 1920HD အရည်အသွေး ပုံရိပ်ဖော်ပြနိုင်စွမ်းကို
အကောင်းဆုံးအထောက်အပံ့ပေးပါ လိမ့်မယ်။ Gorilla Glass 4 ကိုသုံးထား ကာ
ထိခိုက်မှုတွေကာကွယ်နိုင်မယ်။ Android OS 6.0 ကိုသုံးစွဲထားပြီး
ကျယ်ပြန့်လှတဲ့ မျက်နှာပြင်ကြောင့် ဂိမ်းတွေကိုစိတ်ကြိုက်မြင်ကွင်းနဲ့
ဆော့ကစားနိုင်မယ်။ OPPO ထက်စာရင် OS အမြင့်ကိုသုံးနိုင်မယ်။
<Camera Feature>
Mate 8 ရဲ့ ကင်မရာအရည်အသွေးဟာ လုံးဝအကောင်းဆုံးအနေအထား မှာရှိနေတယ်။
လတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်းကင်မရာတွေထဲမှာ တော့ ထိပ်တန်းအရည်အသွေးရရှိ
အောင် စွမ်းဆောင်ပေးမှာဖြစ်ပြီး 16MP ဟာ ဗီဒီယို ရိုက်ကူးမှုတွေအတွက်
1080p@30fps နှုန်းနဲ့အရည်အသွေး အပြည့်ရရှိမည်။ ဒုတိယကင်မရာငယ်ဟာ 8MP
ပဲဖြစ်ပြီး 1080p@30fps အရည်အသွေးရရှိအောင်စွမ်းဆောင်ပေးပါမယ်။
<Hardware & Browser>
6.0(M) ကို အပြည့်အ၀အသုံးချနိုင်ဖို့ 1.8GHz octa-core HiSilicon
Processor နဲ့အတူ R9 plus နဲ့ သိပ်မကွာဟတဲ့ Hardware အပြင်အဆင်
တွေပါဝင်လာတယ်။ ဒါကြောင့် HD Movie တွေဂိမ်းတွေကို အကောင်းဆုံး
အသုံးချနိုင်မှာဖြစ်ပြီး App တွေသုံးစွဲတဲ့အချိန်မှာ စွမ်းဆောင်ရည်ပြည့်
စမ်းသပ်နိုင်ပါလိမ့်မယ်။ Fingerprint ကိုတော့ R9 နဲ့ကွဲပြားစွာဖုန်းရဲ့
နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါလိမ့်မယ်။
<Battery & Storage>
4000mAh ဘက်ထရီဟာစွမ်းအင်ချွေတာမှုကိုပိုမိုထောက်ပံ့နိုင်ပြီး 4G
ကွန်ရက်မှာ အချိန်ပြည့် သုံးစွဲမယ်ဆိုရင် ၁၃ နာရီနီးပါးခံနိုင်စွမ်းရှိမယ်။
64GB အချက်အလက်သိမ်းဆည်းနိုင်မှုရှိကာ 4GB RAM(NXT-L29) ပါဝင် တယ်။
ဂိမ်းနဲ့ရုပ်ရှင်တွေကို အချိန်အကြာကြီး ကြည့်ရှုနိုင်စေမှာပါ။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment