♪ MPT က ကြိုသုံးချေးငွေ ၈၀၀ ကျပ်ကို စတင်ခွင့်ပြု ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် ဖုန်းဘီလ်အတွင်း လက်ကျန်မရှိတော့သည့်အချိန်၌ ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နိုင်ရန် ကြိုသုံးချေးငွေ ၈၀၀ ကျပ်ကို စတင်ခွင့်ပြုပေးလိုက်သည်ဟု သိရသည်။

လက်ကျန်ငွေ ၂၀၀ ကျပ်အောက်သို့ ရောက်ရှိနေသူများအနေဖြင့် အဆိုပါအစီအစဉ်ကို အသုံးပြုနိုင်မည်ဖြစ် ပြီး ချေးငွေအဖြစ် ရယူထားသည့် ၈၀၀ ကျပ်အတွက် ဘီလ်ပြန်လည် ဖြည့်သွင်းသည့်အခါ မူရင်းရယူ ထားသည့် ၈၀၀ ကျပ်နှင့်အတူ ဝန်ဆောင်ခ ၅၀ ကျပ်ကိုလည်း ထပ်မံပေးချေရမည်ဟု သိရသည်။

MPT အသုံးပြုသူများအနေဖြင့် ချေးငွေရယူလိုပါက USSD Code *800# သို့ ဆက်သွယ်ခေါ်ဆိုရုံဖြင့် မိမိ၏ ဘီလ်လက်ကျန်ဆီသို့ ၈၀၀ ကျပ် ရောက်ရှိလာမည်ဟု ၎င်းတို့က ကြေညာထားသည်။

Credit to ==> Internet Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment