♪ Phone 6 ကို ပွက်ပွက်ဆူနေသော ကိုကာကိုလာထဲသို့ ထည့်လိုက်သည့်အခါ ဘာဖြစ်သွားသလဲ ♫


YouTube တွင် နာမည်ကျော်ကြားသူ ယူကရိန်းနိုင်ငံသား TechRax သည် ကိုကာကိုလာကို ပွက်ပွက်ဆူအောင် တည်ထားသော ဒယ်အိုးထဲသို့ iPhone 6 အသစ်စက်စက်ကို ပစ်ချ၍ စမ်းသပ်ခဲ့သည်။
ထိုသို့ထည့်သွင်းပြီးနောက် ဖုန်း၏အရာဝတ္ထုများသည် ဖြည်းညင်းစွာ အရည်ပျော်သွားခဲ့သည်။


“အခုစမ်းသပ်မှု ရလဒ်ကြောင့် ကျွန်တော့်အိမ်မှာ ၂ နာရီလောက် မီးခိုးအနံ့တွေ စွဲသွားပါတယ်။ ဒီနည်းလမ်းကို အိမ်မှာ မစမ်းသပ်ဖို့ အကြံပေးချင်ပါတယ်” ဟု TechRax နည်းပညာသလော့ဂါက YouTube တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းဗီဒီယိုကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က တင်ခဲ့ပြီးနောက် YouTube တွင် ကြည့်ရှုသူ ၁.၈ သန်းကျော်အထိ ရှိလာသည်။ ထို့အပြင် TechRax သည် iPhone 6 ကို ကြက်ဆင်တစ်ကောင်အတွင်း ထည့်သွင်းကာ ကင်ပြခဲ့သလို power tool တစ်ခုဖြင့်လည်း iPhone 6 တွင် အပေါက်တစ်ခု ဖောက်ပြခဲ့ဖူးသည်။





Ref: TIME
Credit to ==> Internet Journal





<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment