♪ “ထားသခင်”လို အလိမ်မခံရအောင် ကာကွယ်ပေးမယ့် လုပ်ဆောင်ချက်သစ်ကို Facebook မိတ်ဆက် ♫


Facebook ကတော့ သင်နဲ့ ပုံစံတူအကောင့်တုတွေ ၊ ကိုယ့်ရဲ့ အကောင့်ကို ဒုက္ခရောက်စေနိုင်မယ့် အကြောင်းအရာနဲ့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာရင် အသိပေးသွားမယ့် လုပ်ဆောင်ချက်သစ်ကို မိတ်ဆက်လိုက်ပါတယ်။  အခုလောလောဆယ် ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးရှိနေခဲ့တာ အားလုံးသိမှာပါ။ ဖိလစ်ပိုင်နိုင်ငံသူတစ်ယောက်ရဲ့ ပုံရိပ်တွေကို မြန်မာနိုင်ငံမှာ “ထားသခင်”အမည်ခံအကောင့်အတုတစ်ခုအနေနဲ့ ပြန်လည်အသုံးပြုပြီး မြန်မာနိုင်ငံက FB သုံးစွဲသူအပေါင်းကို မျက်စိဒုက္ခပေးခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်တော့အောင် Facebook က ပြုလုပ်လိုက်တာပါ။
ဒီရဲ့ လုပ်ဆောင်ချက်အသစ်ဟာဆိုရင်တော့ ရှိပြီးသား သုံးစွဲသူတစ်ဦးရဲ့ ဓာတ်ပုံတွေ ၊ နာမည်တွေကို အခြားအကောင့်တစ်ခုကနေ ယူသုံးနေတဲ့အခါမှာ အဲ့ဒီအကောင့်ကို Facebook က တောက်လျှောက်စောင့်ကြည့်နေမှာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ရှိပြီးသားအကောင့်ရဲ့ ပုံတွေနဲ့ အခြားပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ခိုးယူသုံးစွဲနေတယ်လို့ သံသယရှိလာတာနဲ့ Facebook က သင့်ကို လှမ်းပြီး အသိပေးမှာဖြစ်ပါတယ်။ ဒီလိုအသိပေးချိန်မှာတော့ သင့်ရဲ့ပုံစံတူ အကောင့်တုတစ်ခုဖြစ်တယ်ဆိုတာ ခိုင်လုံရင် ဒီအကောင့်တုကို ဖျက်ဆီးဖို့အတွက် လုပ်စရာ ရှိတာကို သင့်အနေနဲ့ အချိန်မီပြုလုပ်နိုင်မှာပါ။
အကယ်လို့ သင်ဟာ အွန်လိုင်း troll လိုမျိုး နေရာ (memes group) တွေမှာ ရည်ရွယ်ချက်ရှိရှိ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခံနေရတာမျိုး (Personal Attack ပြုလုပ်ခံရတဲ့ ပြဿနာမျိုး) ကြုံတွေ့လာရတဲ့အခါမှာလည်း Facebook က သင့်ကို notification ပို့ပေးပြီး သတိပေးသွားမှာဖြစ်ပါတယ်။
Facebook ဟာဆိုရင်တော့ အလားတူလုပ်ဆောင်ချက်မျိုးကိုလည်း မနှစ်က မိတ်ဆက်ခဲ့ပြီးဖြစ်ပြီး အဲဒီတုန်းကတော့ သင့်အနေနဲ့ အစိုးရရဲ့ စောင့်ကြည့်မှုမျိုးကို ခံနေရရင် လှမ်းပြီး အသိပေးမယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။
Facebook ဟာဆိုရင် နောက်ပိုင်းမှာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုတွေကို ဦးစားပေးလုပ်ဆောင်လာခဲ့ပြီး Facebook ရဲ့ သုံးစွဲသူ လုံခြုံရေးအကြီးအကဲ အန်တီဂွန်ဒေးဗစ်က “ဒီလုပ်ဆောင်ချက်ကတော့  ကမ္ဘာအနှံ့က မိန်းကလေးတွေရဲ့ အကောင့်တွေကို အသရေပျက်ပြားစေတဲ့ အပြုအမူမျိုးတွေ မဖြစ်ပွားအောင် အထူးသဖြင့် ကာကွယ်ပေးလိမ့်မယ်” လို့ ပြောပါတယ်။
Ref : Express

Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment