♪ Huawei ဖုန်းဝယ်ယူပါက တရားဝင်ထုတ်ကုန် ဟုတ်၊ မဟုတ် IMEI နံပါတ်ကို Scan ဖတ်စစ်ဆေးရန် တောင်းဆိုသင့် ဟုဆို ♫


Huawei ဖုန်းဝယ်ယူပါက တရားဝင်ထုတ်ကုန် ဟုတ်၊ မဟုတ် IMEI နံပါတ်ကို Scan ဖတ်စစ်ဆေးရန် တောင်းဆိုနိုင်ကြောင်း သိရသည်။
ဆိုင်ဝန်ထမ်းအား Huawei IMEI နံပါတ်ကို စကန်ဖတ်ကာ စစ်ဆေးစေပြီး သိရှိနိုင်မည်ဖြစ်ကြောင်း၊ ထုတ်ကုန်နှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာရှိပါက ၂၄ နာရီ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ရန်လည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဆိုသည်။
Huawei ၏ Hotline ကို ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ကာ Huawei Call Center 01-9000900 ဖြစ်ကြောင်း၊ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်တွင် ဖြန့်ချိထားသော တရားဝင်ထုတ်ကုန်များအကြောင်းကိုလည်း မေးမြန်းနိုင်မည် ဟုဆိုသည်။
တရားဝင်ထုတ်ကုန်များကို ဝယ်ယူပါက အခြားခံစားခွင့်များ ရရှိမည်ဖြစ်၍ ထိုကဲ့သို့ ဆောင်ရွက်ထားခြင်းဟု သိရသည်။ Huawei တရားဝင်ထုတ်ကုန်များကို ဝယ်ယူပါက တစ်နှစ်အတွင်း ပြင်ဆင်မှုများအတွက် လက်ခ အခမဲ့၊ ဘက်ထရီ အာမခံခြောက်လ၊ နားကြပ် အာမခံသုံးလတို့ပါဝင်သော အာမခံသက်တမ်း တစ်နှစ်ကိုရရှိမည်ဟု ဆိုသည်။ လက်ရှိတွင် တရားဝင်ထုတ်ကုန်များကိုသာ ရောင်းချသောဝန်ဆောင်မှု စင်တာများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်ရောင်းချပေးနေပြီဟု ဆိုသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ မူဆယ်နှင့် တောင်ကြီး အစရှိသည့်မြို့များတွင် ဖွင့်လှစ်ထားပြီး စုစုပေါင်း ၁၂ ဆိုင်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

Credit to ==> Internet Journal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment