ယခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော Mobile World Congress ၌ မိတ်ဆက်ခဲ့သည့် Xiaomi Mi 5 ကို တရုတ်တွင် ယခုလ အစောပိုင်းက ရောင်းချခဲ့ပါသည်။ သို့သော် မော်ဒယ် သုံးမျိုးထဲမှ (3GB/32GB) နှင့် (3GB/64GB) နှစ်မျိုးကိုသာ ရောင်းချပေးခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ Pro Model ဖြစ်သည့် 4GB RAM/128GB Internal Storage ပါရှိသော မော်ဒယ်ကို တရုတ်တွင် ဧပြီလ ၆ ရက်နေ့၌ ရောင်းချမည်ဖြစ်သည်။ အဆိုပါ နေ့တွင် Huawei P9 နှင့် Meizu m3 note စမတ်ဖုန်းများကိုလည်း တရုတ်တွင် မိတ်ဆက်မည်ဖြစ်သည်။

Mi 5 ကို နိုင်ငံတကာတွင် ရောင်းချမည့် သတင်းနှင့် ပတ်သက်၍ ရှောင်မီ၏ ဒုတိယ ဥက္ကဌဖြစ်သူ Hugo Barra က ကုမ္ပဏီ၏ အဓိက နိုင်ငံများတွင်သာ ရောင်းချမည်ဟု ပြောကြားထားသဖြင့် အနောက်နိုင်ငံများအတွက် Import လုပ်မှသာ အသုံးပြုနိုင်မည် ဖြစ်သည်။