♪ Facebook မှာ ကိုယ့် Profile ကို Profile Video အဖြစ် ဘယ်လိုပြောင်းမလဲ ♫


Facebook ဟာပြီးခဲတဲ့နှစ်၊ အောက်တိုဘာလက iPhone တွေမှာ Profile တွေကို Profile Video အဖြစ်ပြောင်းလဲလို့ရအောင် စတင်လုပ်ဆောင်ပေးခဲ့ပါတယ်။ Android ဖုန်းတွေမှာလည်း မကြာသေးမှီအချိန်တုန်းက ပဲပြောင်းလဲနိုင်အောင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီ Article မှာ သင့်ရဲ့ Facebook Profile Picture ကို Video အဖြစ်ပြောင်းလဲနိုင်အောင် ပြသပေးမှာဖြစ်ပါတယ်။ တကယ်တမ်းတော့ Profile Video ပြောင်းလဲတာဟာ ဘာမှမမခက်လှပါဘူး။ iOS အတွက်ရော Android အတွက်ပါလွယ်ကူပါတယ်။

iPhone တွေမှာ Facebook Video Profile ပြောင်းလဲနည်း

၁) သင့်ရဲ့ Profile ထဲကို အရင်ဆုံးဝင်လိုက်ပါ။
၂) Profile ထဲရောက်သွားရင် သင့်အကောင့်အနေနဲ့ Profile Video တင်လို့ရတယ်ဆိုရင် Notice အနေနဲ့ Profile Picture ရဲ့ ညာဘက်အောက်ခြေထောင့်နားလေးမှာ ကင်မရာ icon လေးကို မြင်နိုင်ပါလိမ့်မယ်။
Facebook profile video1
၃) Profile ကိုနှိပ်လိုက်ရင် Menu ကျလာမှာဖြစ်ပြီး အဲ့ဒီအထဲက “Take a New Profile Video” ဒါမှမဟုတ် “Upload Video of Photo” ဆိုတဲ့အထဲက တစ်ခုကိုရွေးချယ်ရမှာပါ။ သင့်မှာ Upload လုပ်ဖို့ အတွက်ဗီဒီယို ရှိပြီးသားဆိုရင် တစ်ခါထဲ တန်းတင်လိုက်ရုံပါပဲ။ မရှိရင်တော့ “Take a New Profile Video” ကိုနှိပ်ပြီးတော့ ဗီဒီယိုအသစ်တစ်မျိုးကို ရိုက်ကူးပြီးတင်ရမှာပါ။
Facebook profile video2
၎) သင့်အနေနဲ့ နောက်ဆုံးမှာ Prieview အနေနဲ့ မြင်ရမှာဖြစ်ပြီး လိုသလိုဖြတ်တောက်ရယူနိုင်မှာပါ။ နောက်ဆုံး ကျေနပ်သွားပြီဆိုတော့မှ သင့်အနေနဲ့ Save လုပ်လိုက်ရင်ရပါပြီ။
Facebook profile video3

Android ဖုန်းတွေမှာ Facebook Video Profile ပြောင်းလဲနည်း

Android ဖုန်းတွေမှာလည်း သိပ်တော့ထူးခြားမှုမရှိပါဘူးဒီအတိုင်းပါပဲ။
၁) အရင်ဆုံး သင့် Profile ထဲကိုဝင်လိုက်ပါ။
၂) Profile Picture ကိုနှိပ်လိုက်ရင် သင့်အနေနဲ့ ခုနကလိုပဲ Menu လေးခုကျလာမှာဖြစ်ပြီး “Take a New Profile Video” ဒါမှမဟုတ် “Upload Video or Photo” ဆိုပြီးတွေ့ရမှာပါ။ ခုနကလိုပဲ သင့်အနေနဲ့ Video ရှိပြီးသားဆိုရင် Upload လုပ်လိုက်ရုံပဲဖြစ်ပြီး မရှိရင်တော့ သင့်အနေနဲ့ “Take a New Profile Video” ကိုနှိပ်ပြီးရိုက်ရမှာဖြစ်ပါတယ်။
Android နဲ့ iOS ကတော့ တစ်ခုနဲ့တစ်ခု Profile Video တင်တဲ့နေရာမှာ ဘာမှကွဲပြားမှုမရှိပါဘူး။ တစ်ခုသတိထားရမယ့် အချက်တစ်ချက်ကတော့ Facebook ကသတ်မှတ်ထားတဲ့ Profile Video ရဲ့ အချိန်ဟာ ၇စက္ကန့်ဖြစ်တာမို့ သင်တင်မယ့်ဗီဒီယိုရဲ့ကြာချိန်ကလည်း ၇စက္ကန့်ပတ်ဝန်းကျင်သာ ကြာမြင့်သင့်ပါတယ်။

Ref: iPhonehacks, Facebook

Credit to ==> Digital Times




<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

1 comments:

Android တွေမှာ အခုလောလောဆယ်မရဘူးဖြစ်နေပါတယ် ။ Software version နဲ့ ဆိုင်သလား ဘယ်လိုလုပ်ရသလဲဆိုတာလေး ရှင်းပြပေးပါလား

Post a Comment