♪ Vivo က တန်ဖိုးနည်း Y31A ကိုကြေညာ ♫

Capture


Vivo က Y31 ကိုမိတ်ဆက်အပြီး ၆ လ အကြာတွင် Y31A ကိုမိတ်ဆက်လိုက်ပါသည်။ Y31 တွင် MediaTek Chipset ထည့်သွင်းထားသော်လည်း Y31A တွင် Qualcomm Snapdragon Chipset ထည့်သွင်းထားပါသည်။ Vivo Y31A တွင် ၄.၇ လက်မ IPS Display တပ်ဆင်ထားပြီးqHD Resolution (540×960) ဖြစ်ပါသည်။

Vivo Y31A တွင် 64-Bit Qualcomm Snapdragon 410 MSM8916 1.2GHz Quad-Core Chipset မောင်းနှင်မည်ဖြစ်သည်။ 1GB RAM , 16GB Internal Storage ထည့်သွင်းထားပြီးmicroSD Card ကိုအသုံးပြုနိုင်ပါသည်။

အနောက်ဘက်တွင် 8MP Camera နှင့် အရှေ့ဘက်တွင် 2MP Camera တပ်ဆင်ထားပါသည်။ Wi-Fi 802.11 b/g/n, Bluetooth 4.0, GPS with A-GPS, 4G LTE, 3G HSPA+, FM radio တို့ ပါရှိပါသည်။ 2100mAh Battery ပါရှိပါသည်။ Android 5.0 Lollipop ကိုအခြေပြုထားသောFuntouch OS မောင်းနှင်မည် ဖြစ်သည်။ Vivo Y31A သည် တန်ဖိုးနည်းစွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီးဒေါ်လာ ၁၅၄ တန်ကြေးရှိပါသည်။

Credit to ==> Myanmar Digital Life Journal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment