ကွန်ပျူတာသမားတိုင်းအတွက် အသုံးဝင်တဲ့ Deep Freeze software လေး


အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ဒီတစ်ခါ ကျနော် တင်ပေးချင်တာလေးကတော့  ကွန်ပျူတာသမားတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းလေးတစ်ခုကို တင်ပေးလိုက်ပါတယ်
ကွန်ပျူတာသမားအားလုံးအတွက်တော့မဟုတ်ပါဘူး သင်တန်းဖွင့်ထားတဲ့သူတွေ ပြီးတော့ သူ့ရဲ့ အသုံးဝင်ပုံတွေကို ကြည့်ပြီး
ကိုယ့်အတွက် အသုံးဝင်မယ်ဆိုရင်တော့ ကျနော် ကျေနပ်ပါတယ်...Deep Freeze ကို အသုံးပြုပြီး ကွန်ပျူတာက data တွေကို မပျောက်ပျက်အောင်
ထိန်းသိမ်းတဲ့နည်းပါ...

Deep Freeze က စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူအလုပ်လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။
Deep Freeze က System File တွေကိုသာမက Data File တွေကိုပါ Restore လုပ်ပါတယ်။
Deep Freeze က ၀င်းဒိုးစ် ရီစတတ်လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံးကို မူလအခြေအနေပြန်ရောက်သွားစေပါတယ်။ ဆိုလိုတာက
စက်တလုံးမှာရှိနေတဲ့ ဆော့ဝဲအချို့ကိုဖျက်ပစ်မယ် ... ဖိုင်အချို့ကိုဖျက်ပစ်မယ် ... အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ၀င်းဒိုးစ်ပြန်ဖွင့်တဲ့အခါ
ပြန်ရှိနေမှာဖြစ်ပါတယ်။
ဖိုင်အဟောင်းဖျက်ပစ်တာတွေ ပြန်ပေါ်လာသလို ဖိုင်အသစ် ထပ်ပြီးသိမ်းထားတာမျိုးကိုလည်း ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့
ဖိုင်တွေအားလုံး ရီစတတ်လုပ်အပြီးမှာ ပျောက်သွားပါလိမ့်မယ်။ အသစ်ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တို့အပါ အ၀င်ပေါ့လေ။
အားလုံးပျောက်သွားပါမယ်။
ဆိုတော့ကာ ဒီဆော့ဝဲကိုသုံးမယ်ဆိုရင် စက်ထဲရှိနေပြီးသားဖိုင်တွေကို ဖျက်ပစ်တာတွေ၊ ပြင်ဆင်တာတွေ လုပ်လို့မရပါ။ ဖိုင်အသစ်တွေ
ထပ်ထည့်တာမျိုးလုပ်ခွင့်မရှိပါ။ တကယ်လို့များ ဖိုင်အသစ်တခု ကိုယ်လိုအပ်တယ်ဆိုရင်တော့ ယူအက်စ်ဘီ ဒရိုက်နဲ့ ကူးယူထားမှ
အဆင်ပြေပါမယ်။
ရွေးချယ်ခွင့်တခုတော့ရှိပါတယ်။ မိတ်ဆွေရဲ့စက်မှာ Drive C, Drive D စသဖြင့် ခွဲထားတယ်ဆိုရင် ၀င်းဒိုးစ်နဲ့ ဒရိုင်ဗာတွေ ရှိတဲ့ Drive C
ကိုဘဲ ထိန်းချုပ်ထားနိုင်ပါတယ်။ အဲလိုဆို C ကလွဲလို့ အခြားဒရိုက်တွေမှာကတော့ ပြုပြင်ပြောင်းလဲခွင့်တွေ ရပါလိမ့်မယ်။
ကျနော်ကတော့ ဒီဆော့ဝဲကို ကျနော့်ကွန်ပြူတာသင်တန်းခန်း၊ အင်တာနက်ခန်းမှာသုံးပါတယ်။ အင်တာနက်ခန်းမှာရှိတဲ့ ကွန်ပြူတာတွေက
တနေကုန် အင်တာနက်တက်တယ်။ အီးမေးလ်တွေသုံးနေတယ်ဆိုတော့ကာ မလိုအပ်တဲ့ ဗိုင်းရပ်စ်တို့ လိုမျိုးတွေလည်း ၀င်ရောက်လာတတ်ပါတယ်။
အဲဒါတွေကို ခဏခဏပြန်ပြန်ရှင်းနေရတာ အလုပ်တခုဖြစ်နေပြီး အချိန်သိပ်ကုန်ပါတယ်။ အခု Deep Freeze
ကို စက်တိုင်းမှာ ထည့်ထားတော့ အိုကေဘဲ။ ဘာမှလုပ်စရာမလိုတော့ဘူး။ တခုခုဖြစ်ရင် (ဗိုင်းရပ်စ်တို့လို ၀င်ရောက်တိုက်ခိုက်တာခံရရင်)
ရီစတတ်လုပ်လိုက်ရုံနဲ့ အားလုံးအိုကေ။

Deep Freeze ထည့်သွင်းခြင်း
Deep Freeze က MB 30 ကျော်ဘဲရှိပါတယ်။ Deep Freeze ထည့်သွင်းရာမှာ
install Administrator
create Workstation
install Workstation
ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်။
install Administrator
Program EXE ကိုဖွင့်လိုက်ပြီး တဆင့်တဆင့်ဆက်သွားလိုက်ရင် Deep Freeze Adminstrator install လုပ်ပါလိမ့်မယ်။
အင်စတောလုပ်တုန်းမှာ ပတ်စ်ဝါဒ်မေးတာရှိပါတယ်။ တခုခုထည့်ပေးပါ။ အဲဒါကို မှတ်ထားပါ။
create Workstation
Start > All Programs > Faronics > Deep Freeze Enterprise > Deep Freeze Administrator ကို ဖွင့်ပါ။
Confi guration tab ကိုရွေးပါ။
မြားပြထားတဲ့နေရာကို check လုပ်ပါ။
Password ထည့်ပေးပါ။ (ဒီ ပတ်စ်ဝါဒ်က အရေးကြီးပါတယ်။ မေ့မသွားပါစေနဲ့။)



အချို့သူတွေအနေနဲ့ Deep Freeze ကိုသုံးရာမှာ Drive C တခုတည်းကိုသာ ထိန်းချုပ်ထားချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
အဲလို Drive C ကိုဘဲ ထိန်းချုပ်ထားမယ်ဆိုရင် အခြား Drive တွေမှာ ဖိုင်တွေသိမ်းတာတွေ၊ ဖျက်တာတွေ၊ ပြုပြင်ပြောင်းလဲတာမျိုးတွေ
လုပ်ဆောင်ခွင့်ရပါမယ်။
မြားပြထားတဲ့ နေရာက Driver ကိဖွင့်ပါ။
အောက်က check box တွေမှာ C ကလွဲလို့ ကျန်တာအားလုံးကို uncheck လုပ်လိုက်ရင် အိုကေသွားပါမယ်။
Create Programs tab ကိုဖွင့်ပါ။
မြားပြထားတဲ့ ၀က်ဝံပုံကို ကလစ်ပါ။ (Workstation create လုပ်ပါမယ်။)
Save လုပ်ပါ။




install Workstation      
C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါရောက်အောင် အဆင့်ဆင့်
ဖွင့်သွားပါ။
အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။
နောက်ထပ်တွေကိုတော့ Install, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။
နောက်ဆုံးမှာ စက်က သူ့ဘာသာသူ restart လုပ်ပါလိမ့်မယ်။ စက်ပြန်ပွင့်လာပြီးရင်တော့ မိတ်ဆွေရဲ့စက်မှာ DF အလုပ်
လုပ်နေပါပြီ။
Start bar ညာဘက်အောက်ဒေါင့်မှာ ၀က်ဝံပုံလေးပေါ်နေပါမယ်။
ခုချိန်ကစပြီး မိတ်ဆွေရဲ့စက်မှာ ဘာကိုမှ ပြုပြင်ပြောင်းလဲခွင့်ရတော့မှာ မဟုတ်ပါဘူး။
တခုခု အပြောင်းအလဲလုပ်ချင်တယ်ဆိုရင် Deep Freeze ကို ပိတ်ထားပေးရပါမယ်။ ဘယ်လိုပိတ်မလဲ ကြည့်ရအောင် ... ။
disbale Deep Freeze
Ctrl + Alt + Shift + F6 ကို တပြိုင်တည်း နှိပ်လိုက်ပါ။
ပေါ်လာတဲ့ box မှာ create လုပ်စဉ်က ထည့်ထားတဲ့ ပတ်စ်ဝါဒ်ကို ထည့်ပါ။
OK လုပ်ပါ။
နောက်ထပ် box မှာ Boot Thawed ကို ရွေးပြီး OK လုပ်ပါ။
Restart လုပ်ပါ။
စက်ပြန်ပွင့်လာတဲ့အခါမှာ ၀က်ဝံပုံမှာ ကြက်ခြေခတ်ထားတာတွေ့ရပါမယ်။
ဒီချိန်မှာတော့ စက်ကို ပြုပြင်ပြောင်းလဲတာတွေ လုပ်နိုင်ပါပြီ။
OTP Token
ကိုယ်ပေးထားတဲ့ ပတ်စ်ဝါဒ်ကို ခဏခဏမေ့တတ်သူတွေအတွက် one time password ကိုလည်း သိထားဖို့လိုပါမယ်။
password မေ့သွားရင် မြားပြထားတဲ့နေရာက နံပါတ်ကို မှတ်ထားပါ။ (အခုပုံမှာတော့ 0036A300 လို့ပြပါတယ်။ စက်တလုံးနဲ့တလုံး
တူမှာမဟုတ်ပါ။)
Deep Freeze Administrator ကို ပြန်ဖွင့်ပါ။
One Time Passwords tab ကိုရွေးပါ။
Token နေရာမှာ စောစောက နံပါတ်ကိုထည့်။ Generate ကိုကလစ်။
ဝိုင်းပြထားတဲ့နေရာမှာ ပေါ်လာတဲ့နံပါတ်ကို သုံးပြီး Deep Feeze ကို Boot Thawed လုပ်ပေးနိုင်ပါပြီ။





Uninstall
Deep Freeze ကို Boot Thawed လုပ်ပေးပြီး ၀က်ဝံပုံမှာ ကြက်ခြေခတ်ဖြစ်နေမှ Deep Freeze ကို Uninstall လုပ်လို့ ရပါမယ်။ Boot
Thawed လုပ်ပြီးရင် အောက်ကအဆင့်တွေကို ဆက်လုပ်ပေးပါ။
C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါရောက်အောင် အဆင့်ဆင့်
ဖွင့်သွားပါ။
အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။
နောက်ထပ်တွေကိုတော့ Uninstall, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။
နောက်ဆုံးမှာ စက်က သူ့ဘာသာသူ restart လုပ်ပါလိမ့်မယ်။ စက်ပြန်ပွင့်လာပြီးရင်တော့ မိတ်ဆွေရဲ့စက်မှာ DF
အလုပ်မလုပ်တော့ပါဘူး။
Start bar ညာဘက်အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ရှိတော့မှာ မဟုတ်ပါ။





Download
 Deep Freeze Standard : (10) MB





Min Oke Kar (နည်းပညာမှတ်စု)
  www.minokekar.com

0 comments:

Post a Comment