File Size ကြီးတာတွေ ဒေါင်းတဲ့အခါ တစ်ဝက်မှာ ရပ်ပြီး Resume မရသူများအတွက်


ဘယ် filehost ဆိုဒ်မဆို free ပေးထားရင် အကောင်းဆုံးတော့မရနိုင်ပါဘူး
ဒါပေမယ့် လက်ရှိဗီဒီယိုတွေလို ဖိုင်ဆိုဒ် ကြီးတဲ့ ကောင်တွေကို တင်တဲ့အခါ
အဆင်ပြေတဲ့ pcloud ကို အတော်များများ သုံးလာကြတာတွေ့ရတယ်။
ဗီဒီယိုဖိုင်တစ်ဖိုင်ဟာ အနည်းဆုံးတော့ 500MB ရှိတယ်ထားပါ
ကျွန်တော့်လိုင်းအခြေအနေနဲ့ တစ်နေ့တည်း 500 MB ကို မဆွဲထားနိုင်ပါဘူး
web page လေးတွေကြည့်တဲ့အခါ Download လုပ်နေရင်းကောင်ကို ခဏ pause
လုပ်ထားရသေးတယ် ကိုယ်မသုံးတော့မှ resume ပြန်လုပ်လိုက်တယ်။


File Hosting တွေမှာ ကန့်သတ်ချက်များစွာရှိနေပါတယ် အဲဒီအထဲက အခုကျွန်တော်အရေးကြီးတဲ့ အချက်လေးတစ်ချက်ကိုပဲ အဓိကထားပြောပြမှာပါ

Link Expire time ပါ ဆိုလိုတာက ဒီဖိုင်ကို ကိုယ်စဒေါင်းလုတ်ဆွဲတဲ့အချိန်ကစပြီး
ဘယ်နှစ်နာရီထိ Resume ပေးမလဲဆိုတာပါ ။။။ မိတ်ဆွေတို့ ကြုံဖူးကြမှာပါ
ဖိုင်ဆိုဒ်ကြီးတာတွေဒေါင်းပြီး ပြည့်ခါနီးမှာ ဆက်ပြီး RESUME လုပ်မရတော့တာမျိုးတွေပေါ့
ဘယ်လောက် ရင်နာဖို့ကောင်းလိုက်လဲဗျာ ....... အထူးသဖြင့် ကျွန်တော်တို့လို
လိုင်းမကောင်းသူတွေအတွက် ဒါတွေဟာ တကယ်တော့ စိတ်ပျက်စရာပါ သူသတ်မှတ်ပေးထားတဲ့ အချိန်တွင်း ဆွဲဖို့ဆိုတာ လိုင်းကောင်းရင် ပြဿနာမရှိပါ
လိုင်းမကောင်းတဲ့အခါမျိုးကျ ရပ်ထားလိုက် ပြန်ဆွဲလိုက်နဲ့ လုပ်နေရတော့ ဒီပြဿနာက
ကျွန်တော်အမြဲ ကြုံတွေ့နေရတာ ရိုးနေပါပြီ ။ ဒါပေမယ့် resume ပြန်မရလို့ စိတ်ညစ်နေကြတဲ့
မိတ်ဆွေတွေအတွက် ဒီ ပို့စ်လေးကို ရေးလိုက်တာပါ ကျွန်တော်ပုံတွေနဲ့တော့ မရှင်းပြတော့ဘူး
သဘောတရားလေးပဲ ပြောပြပါ့မယ်။

အရင်ဆုံး မိမိဒေါင်းလုတ်လုပ်မယ့် မူရင်း Link ကို တော့ မှတ်ထားပါ။
ဒါက အရေးကြီးပါတယ် နောက်ပြန်ရှာရမလွယ်ခဲ့မှာစိုးလို့ပါ။

နမူနာအားဖြင့် https://my.pcloud.com/publink/show… ကိုဒေါင်းမယ်ဆိုရင် အဲဒီ Link ကို 
သေချာမှတ်ထားဖို့လိုပါတယ် ... အဲဒီ Link ကနေ Download ဆိုတာကိုနှိပ်လိုက်ရင်


အဲဒီ Link နဲ့ IDM က ဒေါင်းပါတယ် အမှန်တကယ် File လမ်းကြောင်းက အဲဒီ Link နဲ့သွားဒေါင်းတာပါ ။ ဒီနေရာမှာ သတိထားရမှာက IDM လို Downloader တွေနဲ့ဒေါင်းမှ
ဒီနည်းက အဆင်ပြေမှာပါ ...... သေချာလေးရှင်းပြနေရတော့ နည်းနည်းရှုပ်သွားရင်ခွင့်လွှတ်ပါဗျာ

ဒါဆို ကျွန်တော်တို့ စဒေါင်းနေပြီ ... File Size က 1.2 GB တောင်ရှိတယ် ကျွန်တော့် Download speed က 30Kb/s ဆိုတော့ ပြီးဖို့ တော်တော်လေး မလွယ်ပါဘူး ဒီတော့ pause လုပ်လိုက် resume လုပ်လိုက်နဲ့ ဆွဲနေရင်းကနေ 200MB လောက်မှာ error ပြပါတယ်

အဲလိုကြုံတဲ့အခါ လုံးဝ resume မရတော့ပါဘူး စိတ်မညစ်ပါနဲ့ မူလလင့်ဆီပြန်သွားပါ ကျွန်တော်
အပေါ်မှာ မှတ်ခိုင်းထားတဲ့ Link ကို ပါ .. အဲဒီမှာ Download ပြန်ဆွဲလိုက်ပါ
အခု လက်ရှိ ဆွဲနေတဲ့ file ကို ခဏရပ်လိုက်ပါ ပြီးရင် သူ့ထဲက properties ထဲဝင်ပြီး
Address ထဲက စာသားအကုန်(Link တစ်ခုလုံးကို) ကော်ပီကူးလိုက်ပါ

ပြီးရင် မူလပထမ ကဆွဲနေရင်း ရပ်သွားတဲ့ 200MB လောက်ရပ်သွားတဲ့ ဖိုင်ကို properties
ဝင်ပြီး Address နေရာမှာ ခုနက ကော်ပီကူးလာတဲ့ Link ကို paste လုပ်လိုက်ပါ
ပြီးရင်တော့ resume ပြန်လုပ်လိုက်ပါ ... 200MB ကနေ ပြန်စ တက်နေပါလိမ့်မယ်။

အပေါ်မှာ ရှင်းပြထားတာ နားမလည်ရင် ၂ခေါက်လောက်သေချာလေးပြန်ဖတ်ပေးစေချင်ပါတယ်
လွယ်ကူပေမယ့် စာရေးရတာ ရှုပ်လို့ပါ 

Resume မရလို့ စိတ်မညစ်ကြတော့နဲ့နော်

Aung Kyaw Khaing(ပုသိမ်)
akk_softwarecity

0 comments:

Post a Comment