Telenor ၏ အင်တာနက်ဆက်ကြောင်း ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်မိမည်ဟုဆို


ပြိုင်ဘက်အော်ပရေတာများအကြား အင်တာနက်အမြန်နှုန်း နှေးကွေးနေသည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် Telenor Myanmar သည် အင်တာနက် အမြန်နှုန်းမြှင့်တင်နိုင်ရန် ထိုင်းနိုင်ငံဘက်မှ ဆက်ကြောင်းတစ်ခုနှင့် ချိတ်ဆက်နေသည်ဟု သိရသည်။



Telenor အနေဖြင့် ထိုင်းနိုင်ငံဘက်က အင်တာနက်ဆက်ကြောင်းနှင့် ချိတ်ဆက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လာမည့် ဖေဖော်ဝါရီလအတွင်း အပြီးသတ် ချိတ်ဆက်နိုင်တော့မည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“Brandwidth အနေနဲ့ မကန့်သတ်ထားဘူး။ ကြိုက်သလောက် ယူလို့ရတယ်။ စစချင်းမှာတော့ 10 GB ယူသွားမယ်” ဟု Telenor မှ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။


မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူများ၏ အဆိုအရ ပြည်ပမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo နှင့် Telenor ကို နှိုင်းယှဉ်အသုံးပြုရာတွင် Ooredoo ၏ အင်တာနက်အမြန်နှုန်းမှာ Telenor ထက် ပိုမိုကောင်းမွန်နေသည်ဟု သိရသည်။


လက်ရှိအချိန်၌ ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရသည့် ထိုင်နိုင်ငံမှ အင်တာနက်ဆက်ကြောင်းကို စတင် အသုံးပြုနိုင်မည်ဆိုပါက မိုဘိုင်း အင်တာနက်အမြန်နှုန်းသည် ယခုထက် အဆပေါင်းများစွာ ကောင်းမွန်လာမည်ဖြစ်ပြီး အခြားသော အော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်တော့မည်ဟု Telenor မှ တာဝန်ရှိသူက ပြောဆိုထားသည်။


တယ်လီကွန်း ဈေးကွက်ဝေစုကို အများဆုံးရရှိထားသည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် လက်ရှိအချိန်၌ Internet Brandwidth ပမာဏစုစုပေါင်း 32.32 GB ကို ချိတ်ဆက်ထားနိုင်သည်ဟု သတင်းထုတ်ပြန် ထားသော်လည်း အခြားသော ဆက်သွယ်ရေးအော်ပရေတာ နှစ်ခုသည် ၎င်းတို့ပိုင်ဆိုင်သည့် Brandwidth ပမာဏကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။


မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြည်ပမှဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများကို Internet Brandwidth ငှားရမ်း အသုံးပြုခွင့်ပေးမည်ဟု ပြောဆိုထားသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ Ooredoo နှင့် Telenor တို့မှ ပွင့်လင်းစွာပြောဆိုထားခြင်း မရှိပေ။

http://internetjournal.media/new/1361


0 comments:

Post a Comment