Firefox browser တွင် Virtual Reality ထောက်ပံ့မှုကို Mozilla ထည့်သွင်း


Mozilla သည် ၎င်း၏ Firefox browser update အသစ်တွင် virtual reality ထောက်ပံ့မှုကို ထည့်သွင်းပေးထားကြောင်း PCMag မှဖော်ပြသွားခဲ့သည်။


Mozilla အနေဖြင့် ၎င်း၏ browser အတွက် Nightly နှင့် Developer Edition update များတွင် WebVR ထောက်ပံ့မှုကို ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် web browser မှတစ်ဆင့် virtual reality ကို ခံစားနိုင်မည် ဖြစ်သည်။ VR ထောက်ပံ့မှုပါဝင်သော browser ကိုသုံးစွဲရာတွင် တည်ငြိမ်မှုရှိစေရန် ဖန်တီးထားပြီး virtual ပတ်ဝန်းကျင်များကို ကြည့်ရူနိုင်ရန်အတွက် update များအား ပြုလုပ်ပေးသွားမည် ဖြစ်သည်။


 ထို့အပြင် Mozilla ၏ WebVR API(Application Program Interface) သည် VR ထုတ်ကုန်တစ်ခု ဖြစ်သော Oculus Rifte headset များဖြင့်သာ အသုံးပြုနိုင်သေးသော်လည်း မကြာမီတွင် အခြား VR ထုတ်ကုန် တစ်ခုဖြစ်သော Google ၏ Cardboard ဖြင့်လည်း အသုံးပြုနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။


သုံးစွဲသူများအနေဖြင့် Firefox Nightly သို့မဟုတ် Developer Edition များကို download ပြုလုပ်ပြီးနောက် Oculus Rift headset များဖြင့် တွဲဖက်အသုံးပြုနိုင်ရန် သီးခြား add-on တစ်ခုကိုလည်း download ပြုလုပ်ရန် လိုအပ်ကြောင်း သိရှိရသည်။ ကုမ္ပဏီအနေဖြင့် Nightly and Developer Edition (Alpha) build များတွင် VR ထောက်ပံ့မှုကို ထည့်သွင်းထားသောကြောင့် ယခင်ထွက်ရှိထားသော Beta နှင့် အခြားထွက်ရှိထားသော build များကို အသုံးပြု၍ ရတော့မည် မဟုတ်ကြောင်း၊ လက်ရှိတွင် VR interface နှင့် platform တွင်လိုအပ်သည့် အစိတ်အပိုင်းများကို တိုးတက်ပြောင်းလဲမှုရှိစေရန် လုပ်ဆောင်နေကြောင်း၊ WebVR များ၏ လုပ်ဆောင်ချက် များပြည့်စုံပါက ဖြန့်ချိရန် စီစဉ်သွားမည် ဖြစ်ကြောင်း Mozilla အင်ဂျင်နီယာဆိုင်ရာ ဒါရိုက်တာ ဗလတ်ဗူကီစီဗစ်က blog post တွင်ရေးသားခဲ့သည်။


Mozilla သည် browser update များကို ဖြန့်ချိခဲ့သည့်အပြင် mozvr.com ဝက်ဘ်ဆိုက်ကိုလည်း လွှင့်တင်ခဲ့သည်။ လက်ရှိတွင် ၎င်းဝက်ဘ်ဆိုက်သည် Firefox ၏ virtual reality လုပ်ဆောင်ချက်နှင့် Oculus Rift ပိုင်ရှင်များ အတွက် browser နှင့် VR တွဲဖက်အသုံးပြုပုံကို အလွန်ရိုးရှင်းသော နည်းလမ်းဖြင့် လမ်းညွှန်ပေးထားသည်။


Ref: PCMag

Internetjournal

0 comments:

Post a Comment