Beyond the Facebook မှာ ဘာရှိမလဲ ??


Facebook ဟာ အရောင်းအဝယ် platform ဟုတ်မဟုတ်
ယနေ့ မြန်မာပြည်မှာ Facebook အသုံးပြုသူ ဦးရေ ၃ သန်း ဝန်းကျင်အထိ ရှိလာပြီး သူ့အပေါ် rely လုပ်မှု များလာပါတယ်။ ဒါကြောင့်မို့ Facebook ပေါ်မှာ အရောင်းအဝယ် ပြုလုပ်လို့ရတယ်လို့တောင် ထင်လာကြ ပါတယ်။
အမှန်တော့ သူဟာ social networking website တစ်ခု ဖြစ်ပြီး community တစ်ခုတည်ဆောက်စရာ နေရာမှာပါ။ ဒါကြောင့်မို့ ယင်း community ထဲမှာ ချိတ်ဆက်မိသွားတဲ့ သူများဟာ group များလို forum ဆန်ဆန်နေရာများ ဖန်တီးပြီး လူများ တွေ့ဆုံကြ ကုန်ပစ္စည်း အချက်အလက်များ တင်ကြ များ ပြုလုပ်ပါတယ်။ ပြီးတော့ ကြိုက်တယ်ဆိုရင် အပြင်မှာ ရောင်းဝယ် ဖြစ်သွားကြ ပါတယ်။
Beyond the Facebook?
Beyond the Facebook (Facebook အလွန်မှာ ဘာရှိသလဲ)ဆိုတ စိတ်ဝင်စားစရာ မေးခွန်း တစ်ခု ဖြစ်ပါတယ်။ internet ဆိုတာ database တစ်ခုကို သိမ်းဆည်းထားတဲ့ နေရာကို အချိန်မရွေး ရယူဖို့ ချိတ်ဆက်ပေးတဲ့ အဆက် တစ်ခုဖြစ်လာပေမယ့် database သိမ်းဆည်းတဲ့ နေရာက မှန်ကန်ဖို့ လိုအပ် ပါတယ်။ social media website နဲ့ e-commerce website, listing website ဆိုတာ မတူပါဘူး။ social media website ဆိုတာ ဆိုဒ် ပိုင်တဲ့သူနဲ့ ဆိုဒ်မှာ အကောင့်ဖွင့်ထားသူများက အချက်အလက်အကို အတူတူ အသုံးပြုနေခြင်း ဖြစ်ပြီး social media က ချုပ်ကိုင်လွမ်းမိုးခွင့်ရှိပါတယ်။ ဒါပေမယ့် ယင်းအပေါ် သြဇာသက်ရောက်မှုလည်း မရှိတာကြောင့် အရည်အသွေးပိုင်းဆိုင်ရကို ထိန်းချုပ်ပေးမှု မရှိပါဘူး။
ဒါကြောင့်မို့ Facebook ပေါ်မှာ သတင်းအချက်အလက် အမှားတွေ့ရင် Faebook က များသော အားဖြင့် လစ်လှူရှုပါတယ်။ ဒါကို မသိပဲ Facebook ကို သတင်းဖတ်စရာ နေရာတစ်ခု အရာရာ ပြုလုပ်စရာ နေရာတစ်ခု အဖြစ် ပလက်ဖောင်းအဖြစ်ထင်မြင်လာတော့ အင်တာနက်ခေတ်မှာ လုံခြုံရေးအရရော၊ စိတ်ချယုံကြည်ရမှု အပိုင်းကော လျော့ကျလာပါတယ်။ ဒါကြောင့်မို့ ကျင့်ဝတ်ပိုင်း ဆိုင်ရာအထိ ထိခိုက်မှု ရှိလာပြီး Facebook ဟာ မြန်မာပြည်မှာ အထိရှလွယ်ဆုံး နေရာ တစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့်မို့ beyond the Facebook ဆိုတာကို သွားဖို့ လိုအပ်ပါတယ်။  သတင်းဖတ်မယ် ဆိုရင် www.7daydaily.com တို့လို ဝဘ်ဆိုဒ်၊ ဗဟုသုတ လိုချင်ရင် www.wikipedia.org တို့လို ဝဘ်ဆိုဒ်၊ အလုပ်ရှာမယ်ဆိုရင် www.linkedin.com တို့လို ဝဘ်ဆိုဒ်၊ ကားရှာမယ် ဆိုရင် http://www.imyanmarhouse.com/ ဝဘ်ဆိုဒ်၊ အိမ်ရှာမယ် ဆိုရင် http://www.imyanmarhouse.com/ဝဘ်ဆိုဒ် တို့လိုမျိုးကို အသုံးပြုသင့်ပါတယ်။ ဒီထက်မက ရှာချင်တယ် အင်တာနက် ဆိုတာကြီးကို တကယ်လက်တွေ့ကျကျ အသုံးပြုချင်တယ်ဆိုရင် www.google.com က မဖြစ်မနေ သွားရမယ့် directory တစ်ခု ဖြစ်ပါတယ်။

0 comments:

Post a Comment