Windows 10 အကြောင်း သိထားရန်လိုအပ်သည့် အချက် (၉) ချက်


ပြီးခဲ့သည့် အင်္ဂါနေ့က Microsoft ဟာ ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ Windows 10 နဲ့ ပတ်သက်တာတွေကို မိတ်ဆက်ပြောကြားခဲ့ပါတယ်။ ထို့အတွက်ကြောင့် Windows 10 ကို စိတ်ဝင်စားသူများ သိရှိထားရန် လိုအပ်တဲ့ အချက်များကို ဖော်ပြလိုက်တယ်။


(1) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက်ကုန်ကျမလဲ။

Microsoft က Windows 10 ကို ဧပြီလမှာ ပြုလုပ်မယ့် Build developer conference အပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ဖြန့်ချိသွားဖို့ရှိပါတယ်။ လတ်တလောမှာ စမ်းသပ်သုံးစွဲလိုသူများ အနေနဲ့ Windows Insider Program မှာ မှတ်ပုံတင်ပြီး preview build ကို သုံးစွဲနိုင်ပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် ကုန်ကျစရိတ်ကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။


(2) ဘာဖြစ်လို့ Windows 9 ကို ကျော်ပြီး Windows 10 ကို မိတ်ဆက်တာလဲ။

နောက်ဆုံးပေါ် Windows 10 ဗားရှင်းကို Windows ရဲ့သမိုင်းမှာ အခန်းကဏ္ဍသစ်အနေနဲ့ စတင်ဖို့အတွက် Windows 9 ကို ချန်ထားခဲ့တာ ဖြစ်တယ်လို့ Microsoft က ရှင်းပြထားပါတယ်။




(3) Desktop နဲ့ tablet အသုံးပြုသူတွေအတွက် ဘာတွေထူးခြားလာမလဲ။

Windows 10 က PC တွေအတွက်သာ မဟုတ်ပါဘူး။ ဒီ operating system ကို desktop ကွန်ပျူတာများအပြင် စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ User interface ကလည်း ထုတ်ကုန်အလိုက် ချိန်ညှိဖော်ပြပေးမှာပါ။


(4) App တွေကိုရော ဘယ်လိုသုံးရမလဲ။

App တွေ ဘယ်လို အလုပ်လုပ်မလဲဆိုတာကိုတော့ Microsoft က မရှင်းပြခဲ့ပါဘူး။ ဒါပေမဲ့ Windows Store က ဝယ်ယူထားတဲ့ app ကို အသုံးပြုသူရဲ့ ထုတ်ကုန်အားလုံးမှာ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ Developer တွေကလည်း ထုတ်ကုန် အရွယ်အစားနဲ့ လုပ်ဆောင်နိုင်မှုအပေါ် မူတည်ပြီး universal app တွေကို ပြုလုပ်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။


(5) Full-screen “Modern” app တွေကို ဆက်သုံးလို့ရမလား။

Windows 8 ကို မိတ်ဆက်ပေးခဲ့တုန်းက full-screen app တွေကို “Metro” သို့မဟုတ် “Modern” ဒီဇိုင်းနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Windows 10 မှာတော့ full-screen app တွေက optional အနေနဲ့ပဲ ရှိပါတယ်။ Surface Pro 3 လို 2-in-1 ထုတ်ကုန်ကို သုံးစွဲသူတွေအနေနဲ့ keyboard ကို တပ်ဆင်အသုံးပြုတဲ့အခါ Start menu သစ် ပါဝင်တဲ့ Windows 10 desktop ကို တွေ့မြင်ရပါမယ်။ Keyboard ကို ဖြုတ်ထားရင်တော့ Windows 8 သုံးစွဲသူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ လက်ချောင်းနဲ့ အသုံးပြုနိုင်မယ့် full screen mode ကို ပြောင်းလဲဖော်ပြပေးမှာဖြစ်ပါတယ်။


(6) ဝယ်ထားတဲ့ Modern app တွေကို ဆက်သုံးလို့ရသလား။

အပြောင်းအလဲတွေ အတွက် Windows 8 developer တွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ပြောဖို့ စောနေပါသေးတယ်။ ဒါပေမဲ့ Microsoft က full-screen Modern app တွေကို windowed mode နဲ့ အသုံးပြုပုံကို ပြသခဲ့ပါတယ်။



 7. Start menu ပြန်ပါလာသလား။

Windows 8 ရဲ့ full-screen Start screen ကို မနှစ်သက်သူများအတွက်ကတော့ သတင်းကောင်းပါ။ Windows 10 မှာ ဟိုးယခင်ကအတိုင်း Start menu ကို screen ရဲ့ ဘယ်ဘက်ခြမ်းမှာ ထည့်သွင်းပေးထားပါတယ်။


(8) အခြား အဆင့်မြှင့်တင်မှုတွေ အနေနဲ့ ဘာတွေ ပါဝင်လာမှာလဲ။

Windows 10 မှာ Snap ကို အဆင့်မြှင့်တင်ထားပါတယ်။ ဒီ function ဟာ app တွေကို ဘေးချင်းကပ် အလျင်အမြန် အစီအရီ ထားပေးနိုင်ပါတယ်။ Windows 10 မှာတော့ Snap ဟာ app တွေကို ဘေးချင်းကပ်အပြင် အပေါ်ဘက်မှာပါ ထားနိုင်မယ့် quadrant layout သစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် multiple desktop အတွက် ထောက်ပံ့ပေးထားတာကြောင့် work app အားလုံးကို တစ်နေရာတည်းမှာထားပြီး အလျင်အမြန် ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး task view ခလုတ်ကို taskbar မှာ ထည့်သွင်းပေးထားပါတယ်။ အဲ့ဒီ ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာ ဖွင့်ထားတဲ့ ဖိုင်တွေ၊ window တွေနဲ့ desktop တွေကို အလျင်အမြန် ကြည့်နိုင်ပါတယ်။





(9) Windows 10 ကို ဘယ်လို စက်တွေမှာ အသုံးပြုနိုင်မလဲ။

ဒါကတော့ ပြောဖို့စောပါသေးတယ်။ Windows 8.1 ကို မိတ်ဆက်စဉ်တုန်းက အချို့သော ပရိုဆက်ဆာ အဟောင်းတွေ အတွက် အထောက်အပံ့ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သိပ်ပြီး မဟောင်းသေးတဲ့ PC တွေမှာတော့ Windows 8.1 က ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့ပါတယ်။ အခုချိန်ကနေ Windows 10 ဖြန့်ချိမယ့် အချိန်အတွင်း စက်အသစ် ဝယ်ထားသူတွေကတော့ Windows 10 ကို အသုံးပြုနိုင်ပါလိမ့်မယ်။ စမ်းသပ်သုံးစွဲချင်တယ်ဆိုရင်တော့ Windows Insider Program http://preview.windows.com မှာ သွားရောက်လေ့လာနိုင်ပါတယ်။


Ref: CNET

Iinternetjournal


0 comments:

Post a Comment