၁၉၈၅ ခုနှစ် နိုဝင်ဘာ ၁၃ ၇က်မှာ ကိုလံဘီယာမှာ၇ှိတဲ့ နီဗာဒို ဒယ်လ် ၇ဇ် (Nevado del Ruiz ) မီးတောင်ပေါက်ကွဲမှုဖြစ်တော့ ကျောက်၇ည်ချော်ပူ၇ည်တွေဟာ ၇ွာပေါင်း ၁၃ ၇ွာနဲ့ လူ အသက်ပေါင်း ၂၃၀၀၀ ကျော်ကို ပျက်ကြွေစေခဲ့တယ်....
ဒီမီးတောင်က ချော်ရည်က လာဗား (lava)လို.ခေါ်တဲ့ ကျောက်ရည်ပူ အမျိုးအစား မဟုတ်ပဲ လာဟာ (lahar) လို. ခေါ်တဲ့ ရွှံ.ရောကျောက်ရည်တွေဖြစ်ပြီး အင်မတန်မြန်ဆန်တဲ့အရှိန်နဲ. အလွာလိုက် တဟုန်ထိုးဆင်းလာတာဖြစ်တယ်။အဲဒီ ရွှံ.လွှာကြီးဖြတ်အသွားမှာ အပြင်ဘက်က ဆောင်းရာသီ ရေခဲမှုန်တွေနဲ. တွေ.ပြီး ကျောက်ရည်တွေဟာ သက်ရှိသက်မဲ့ အကုန်ကို ကွန်ကရိနဲ.မံထားသလို အေးခဲသွားစေတယ်။
အဲဒီထဲက အပြစ်မဲ့ သားကောင် တစ်ဦးဖြစ်တဲ့ အသက် ၁၃နစ်အရွယ် Omayra Sánchez Garzón (အိုမေရာ ဆန်းချက်ဇ် ဂါရ်ဇွန်) ရဲ. အဖြစ်အပျက်ဟာ ရင်ကွဲစရာ ဓါတ်ပုံတစ်ပုံအဖြစ်နဲ. သက်သေခံ ကျန်ရစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ရက်ညမှာ မီးတောင် ပေါက်ကွဲရာက ထွက်လာတဲ့ ချော်ရည်တွေဟာ အိုမေရာ တို.ရဲ. အာရ်မေရို ကျေးရွာကို လွှမ်းခြုံသွားခဲ့တယ်။ ရွှံ.ရည်တွေ တအိမ်လုံးကို တိုးဝင်လာတဲ့ အချိန်မှာ သူတို. အိမ်လေးမှာ အိုမေရာရယ် ၊ သူ. အဖေရယ် အဒေါ်ရယ် မောင်လေးရယ် အားလုံး မအိပ်ပဲ စိုးရိမ်တကြီး မီးတောင် ပေါက်ကွဲမှုကို စောင့်စားနေကြချိန်ဖြစ်တယ်။ ဒါပေမဲ့ ချော်ရည်တွေ ဒီလောက် မြန်မြန်ရောက်လာလိမ့်မယ်လို. သူတို. မမှန်းထားခဲ့ဘူး။ သူ.အမေကတော့ ခရီးထွက်သွားတော့ အိမ်မှာမရှိဘူး။
ချော်ရည်တွေ ဝင်လာတော့ အိုမေရာဟာ ခါးအောက်ပိုင်းကနေ ဘိလပ်မြေငုံထားသလို အိမ်အပျက်အစီးတွေကြားထဲ ရွံ.ရည်တွေနဲ. ရောပြီး နစ်နေခဲ့တယ်။ ရွှံ.ရည်တွေ တဖြည်းဖြည်း လည်ပင်းအထိ နစ်လာပေမဲ့ သူ.လက်တဖက် ထွက်နေတဲ့ အတွက် ရှာဖွေရေး သမားတွေက သူ.ကို တွေ.ပြီး သိပ်ပြီး မမာသေးတဲ့ ရွှံ.ရည်တွေကို ယက်ထုတ်ပစ်ခဲ့ကြတယ်။ ခါးအောက်ပိုင်းကတော့ ဘိလပ်မြေနဲ. မံထားသလို လုံးဝလှုပ်လို. မရတော့ဘူး။ ကောင်မလေးကို ကယ်ဆယ်ရေးတွေ အတတ်နိုင်ဆုံး ကြိုးစားပြီး ကယ်ခဲ့ကြတယ်။ ဒါပေမဲ့ သူ.ကို ဆွဲမလိုက်တိုင်း လပ်သွားတဲ့ နေရာမှာ ရေတွေ ဒလဟော ဝင်လာတော့ သူ.လည်ပင်းမှာ ကားတာယာကွင်းစွပ်ထားပေးပြီး မျက်နှာ ရေပေါ်ပေါ်အောင် ထားထားရတယ်။
ဒီလို အသက်ဆက်ထားရပေမဲ့ အိုမေရာဟာ စိတ်ဓါတ်ကျပုံမပြခဲ့ဘူး။ ကယ်ဆယ်ရေး သမားတွေ ဂျာနယ်လစ်တွေနဲ. သီချင်းအတူ ဆိုနေခဲ့တယ်။ သူစားချင်တဲ့ဟာဆိုရင်လည်း အချိုစားမယ် အအေးသောက်မယ်နဲ. နည်းနည်းစီ စားတယ်။ ကလေးပီပီ တခါတရံမှာတော့ ကြောက်ပြီး ငိုတာတွေ ဆုတောင်းတာတွေလည်း ရှိတယ်။ သူကျောင်းနောက်မကျချင်ဘူး သင်္ချာဖြေရအုံးမှာလို.ပြောနေခဲ့သေးတယ်။ ၃ ရက် တိုင်တိုင် တောင့်ခံ အပြီးမှာ အိုမေရာရဲ. မျက်နှာ ရောင်တက်လာပြီး လက်တွေက ဖြူရော်လာတယ်။
အင်မတန် ဝမ်းနည်းနေကြတဲ့ ကယ်ဆယ်ရေး သမားတွေက ရေစုပ်စက်ကြီးတစ်လုံးနဲ. ပြန်ရောက်လာပြီး သူမ ကို ကယ်ဖို. တခါလုပ်ကြပြန်တယ်။ ဘေးကရေတွေကို စုပ်ထုတ်ပစ်ကြတယ်။ အဲဒီခါကျမှ အိုမေရာ ဟ ဒူးထောက် လျက်သား အနေအထားနဲ. သူ.အိမ်ရဲ. တံခါးဝမှာ နစ်နေတာမှန်း တွေ.ကြရတယ်။ သူမရဲ. ပေါင်ရင်းကနေ ခြေထောက်မဖြတ်ပဲ အိုမေရာ့ကို ဆွဲထုတ်ဖို. မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို.မှာ ခွဲစိတ်မယ့် ကိရိယာ တန်ဆာပလာနဲ. ကျွမ်းကျင်သူတွေ ဘာမှ မရှိတာကြောင့် ကလေးမကို ဒီအတိုင်း ထားလိုက်တာက ပိုပြီး သူ.အတွက် သက်သာစေမယ်လို. ဆုံးဖြတ်လိုက်ရတယ်။
အိုမေရာရဲ. နောက်ဆုံးအချိန်မှာ မျက်လုံးတွေဟာ သွေးပုပ်ရောင် ဖြစ်လာတယ်။ ရွှံ.ရည်နစ်ပြီး နာရီပေါင်း ၆၀ ခန်.အကြာမှာတော့ ကယောင်ကတမ်းရေ၇ွတ်ရင်း ကယ်ဆယ်ရေးတွေရဲ. ရှေ.တင်ပဲ သူမ သေဆုံးသွားခဲ့တယ်။ သူသေဆုံးပြီးမှ ကွန်ကရိပြင်ကို ခွဲထုတ်ပြီး သူမ ခန္ဓာကိုယ်ကို ထုတ်ယူခဲ့ကြတယ်။ အဲဒီအခါကျမှ ဒူးထောက်လျက် ရှိနေတဲ့သူ.ခြေရင်းမှာ သူ.အဒေါ်ရဲ.အလောင်းကိုပါ တွေ.ခဲ့ကြရတယ်။ အိုမေရာရဲ. မိခင်နဲ. မောင်လေးတို. အသက်ရှင်လွတ်မြောက်ခဲ့ပြီး တအိမ်သားလုံး အသက်ဆုံးရှုံးခဲ့ရတယ်။
သူမ မသေခင် နာရီပိုင်း အလိုမှာ ရိုက်ထားတဲ့ ဓါတ်ပုံဆရာ ဖရန်.ခ် ဖော်နီယာရဲ. ဓါတ်ပုံဟာ တကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တယ်။ အစိုးရရဲ. တာဝန်မဲ့မှု၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ခြင်း မရှိမှု၊ ကယ်ဆယ်ရေး အစီအစဉ် နှောင့်နေးကြန်.ကြာမှု၊ ကယ်ဆယ်ရေးသမားတွေအတွက် အဓိကလိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ခြင်း မရှိမှု စတာတွေဟာ ဘွင်းဘွင်းကြီးပေါ်ထွက်လာခဲ့တယ်။
0 comments:
Post a Comment