Apple Watch ကို မတ်လတွင် စတင်ရောင်းချဖွယ်ရှိဟုဆို



 
Apple Watch ကို မတ်လတွင် စတင်ရောင်းချဖွယ်ရှိကြောင်းနှင့် အဆိုပါထုတ်ကုန်များကို ပထမသုံးလပတ်တွင် အလုံးရေ ၅ သန်း ရောင်းချရဖွယ်ရှိကြောင်း KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူက သုံးသပ် ပြောကြားလိုက်သည်။


ထို့အပြင် အစောပိုင်း အစီရင်ခံစာများတွင်လည်း Apple Watch ကို မတ်လတွင် ဖြန့်ချိဖွယ်ရှိကြောင်း MacRumours မှ ဖော်ပြခဲ့သည်။


Apple သည် Apple Watch ကို စက်တင်ဘာလကုန်ပိုင်းက ပထမဦးဆုံး မိတ်ဆက်ပြသခဲ့ပြီး အဆိုပါ စမတ်နာရီကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဖြင့် ရောင်းချမည်ဟု ကြေညာခဲ့သည်။


Apple သည် ထုတ်ကုန်ကို စတင်မရောင်းချမီ ကြိုတင်မှာယူမှု အချက်အလက်များ အပါအဝင် စမတ်နာရီနှင့် ပတ်သက်သည့် အချက်အလက်များကို မိတ်ဆက်ပေးသွားမည်ဟု ကူက ပြောကြားခဲ့သည်။


Apple Watch စမတ်နာရီကို Watch, Sport နှင့် Edition ဟူ၍ အမျိုးအစား သုံးမျိုးဖြင့် ရရှိနိုင်မည် ဖြစ်ပြီး ၎င်းတို့တွင် Watch OS ဟုခေါ်သော iOS အခြေခံ software ကို အသုံးပြုထားကြောင်း သိရသည်။


0 comments:

Post a Comment