ဆိုက်ဘာ မှုခင်းများတွက် လူ ၁၅,၀၀၀ ခန့်ကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး




အင်တာနက်လုံခြုံရေးကို ထိခိုက်စေသော ပြစ်မှုများအတွက် လူ ၁၅,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း တရုတ်ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့သည် ဆိုက်ဘာမှုခင်း ၇,၄၀၀ ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ သို့သော်လည်း ဖမ်းဆီးမှုပြုလုပ်ခဲ့သည့် အချိန်ကာလကို ရှင်းရှင်းလင်းလင်း မပြောကြားခဲ့သော်လည်း မှုခင်းတစ်ခု၏ ရက်စွဲတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကို ရည်ညွှန်းဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်လက Cleaning the Internet ဟုခေါ်သော ခြောက်လစီမံကိန်းတစ်ခုကို စတင်ခဲ့သည်။ ထို့နောက်တွင် စုံစမ်းစစ်ဆေးမှုများ ဆက်လက် တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ဆိုက်ဘာမှုခင်းများကို တိုက်ဖျက်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

ဆိုက်ဘာမှုခင်း တိုက်ဖျက်မှုတွင် ဥပဒေနှင့် ဆန့်ကျင်ပြီး ထိခိုက်နစ်နာမှုရှိနိုင်သော အချက်အလက်များ၊ ကာမရာဂစိတ်နိုးကြားစေသော ကြော်ငြာများ၊ ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၊ လက်နက်များနှင့် လောင်းကစား တို့ကို ထောက်ပံ့သည့် ဝက်ဘ်ဆိုက်များအား ပစ်မှတ်ထားခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့သည် ဝက်ဘ်ဆိုက် စုစုပေါင်း ၆၆,၀၀၀ ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Ref: The Guardian
Credit  internetjournal

Thiha Htike(THT)
 My Facebook Account Click



0 comments:

Post a Comment