City & Guilds နှင့် ပတ်သက်၍ လေ့လာလိုသူများအတွက်




အင်္ဂလန်အခြေစိုက် City & Guilds အဖွဲ့အစည်းသည် မြန်မာနိုင်ငံသို့ ၁၉၉၇ ခုနှစ်မှ စတင်ပြီး အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို နိုင်ငံတကာ သို့ ဖြန့်ဝေလျက်ရှိသော ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ City & Guilds သည် Professional ပညာရပ်အမျိုးမျိုး ( Engineering, Business, Language, Computer) အတွက် စာမေးပွဲများ စစ်ဆေးကာ အဆင့်ခွဲခြား သတ်မှတ်ပြီး အသိအမှတ်ပြု Certificate ထုတ်ပေးသော အဖွဲ့အစည်းဖြစ်သည်။ City & Guilds International အဖွဲ့အစည်းသည် UK တွင် ရုံးစိုက်ကာ နိုင်ငံပေါင်း ၁၀၀  ကျော်တွင် ၎င်း၏ ရုံးခွဲများ ဖွင့်လှစ်ထားပြီး တစ်ကမ္ဘာလုံးတွင် City & Guilds ၏ သင်ရိုးအတိုင်းဖွင့်လှစ် သင်ကြားပေးနေသော Centre ပေါင်း ၈၅၀၀ ကျော် ရှိသည်။ ၎င်းအဖွဲ့အစည်းသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး တစ်နှစ်လျှင်
တစ်ကမ္ဘာလုံးမှ ဝင်ရောက်ဖြေဆိုသူပေါင်း ၁.၂ သန်းခန့်  ရှိသည်။ ၎င်းမှ ထုတ်ပေးသော အောင်လက်မှတ်များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အသိ အမှတ်ပြုကာ ယုံကြည်လက်ခံသည်ကို တွေ့ရသည်။ ၎င်း၏ Branch Office များ၊ Approved Centre များကို စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အခြား အာရှ နိုင်ငံများတွင်လည်း ဖွင့်လှစ်ထားသည်။ ထိုအသက်မွေးဝမ်းကျောင်း ဘာသာရပ်များထဲမှ အင်ဂျင်နီယာ ဘာသာရပ်မှာ မြန်မာနိုင်ငံတွင် ရေပန်းအစားဆုံး ဘာသာရပ်အဖြစ် တည်ရှိနေသည်။

၂၀၀၉ ခုနစ်မှ စတင်ကာ UK နိုင်ငံ၏ အစိုးရ အဖွဲ့အစည်းဖြစ်သော (Qualification and Cufficulum Authority) မှ City & Guilds အောင်လက်မှတ်များကို အသိမှတ်ပြုခံသည်။ ထို့ကြောင့် ၂၀၀၉ မှ စတင်ကာ အစိုးရ၏ NQF Level သတ်မှတ်ချက်နှင့် ထောက်ခံချက်အမှတ် ပါဝင်သော City & Guilds အောင်လက်မှတ် များကို စတင်ထုတ်ပေးခဲ့သည်။ City & Guilds အောင်လက်မှတ်ရပြီးပါက နိုင်ငံအကြီးဆုံး Engineer အဖွဲ့အစည်း တစ်ခုဖြစ်သော Engineer Council (EC) နှင့် USA နိုင်ငံရှိ American Society of Certified Engineering Techanicians (ASCET တို့အပြင် အခြား Canada,  Australia, Malaysia အဖွဲ့အစည်းများတွင် မှတ်ပုံတင် အင်ဂျင်နီယာအဖြစ် ရယူခြင်း၊ အသင်းဝင် လျှောက်ထားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
City & Guilds နှင့် ချိတ်ဆက်ထားသော တက္ကသိုလ်၊ ကောလိပ်များ ကမ္ဘာအနှံ့အပြားတွင် ရှိသည်။ City & Guilds ၏ Level 3 Diploma အောင်မြင်ထားသူ
သည် 3 year B-Eng; ဘွဲ့အတွက် Direct Entry ရရှိမည်ဖြစ်ပြီး Level 4 Diploma အောင်မြင်ပြီးလျှင် 2nd Year မှ စတင် တက်ရောက်ခွင့်ရမည် ဖြစ်သည်။ အချို့သော တက္ကသိုလ်များသည် Level 5 Diploma အောင်မြင်ပြီးပါက Final Year သို့ တိုက်ရိုက် တက်ခွင့်ပေးသည်။ ဤသင်တန်း တက်ရောက် အောင်မြင်ပြီးသူများသည် နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှပေးသော B-Eng; ဘွဲ့ကို အချိန်တိုအတွင်း ဆက်လက် ရယူနိုင်သည်။ 

အင်္ဂလန်နိုင်ငံ City & Guilds က ချီးမြှင့်ပေးအပ်သည့် Diploma in Engineering သင်တန်းများမှာ Level 2 ကနေ Level 5 အထိရှိမည် ဖြစ်သည်။  အခြေခံပညာအထက်တန်း အဆင့်ထိ (၉/၁၀) တန်းသင်ယူထားသူများ Level 2 နှင့် Level 3 ကို ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Level 2 သင်တန်းက ၆ လနှင့်  Level 3,4,5, သင်တန်းများမှာ ၁ နှစ်ကြာမြင့်မည် ဖြစ်သည်။ Level 4 သင်တန်းတက်ရောက်နိုင်ရန် Level 3 ပြီးမြောက်ထားရန် လိုအပ်မည်ဖြစ်ပြီး Level 5 တက်ရန်အတွက် Level 4 ပြီးမြောက်ထားရန် လိုအပ်မည်ဖြစ်သည်။ အောက်တွင် ဖော်ပြထားသော သင်တန်းအမျိုးအစားများကို မိမိစိတ်ကြိုက်နှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်သည်။

Electrical Installation, Refrigeration and Air Conditioning, Welding and Fabrication, Mechanical Manufacturing, Maintenance, Installation and Commissioning, Electrical and Electronics, Construction (Civil)

Diploma သင်တန်းအတွက် စာမေးပွဲစစ်ဆေးမည့်အချိန်မှာ နှစ်စဉ် ဇွန်လနှင့် ဒီဇင်ဘာလများ ဖြစ်သည်။ အချို့ ဘာသာရပ်များကို အွန်လိုင်းမှတစ်ဆင့် ဖြေဆိုရ မည်ဖြစ်ပြီး အချို့ကို British Council (Exam Service) မှ စီစဉ်သော  စာစစ်ဌာနများတွင်သာ ရေးဖြေ ဖြေဆိုရမည် ဖြစ်သည်။ တစ်ဘာသာ အောင်မြင်ပါက
Certificate တစ်ခု ချီးမြှင့်ပေးအပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ Diploma အတွက် လိုအပ်သော ဘာသာရပ်များအားလုံး အောင်မြင်ပြီးစီးပါက Diploma လက်မှတ်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ဖြစ်သောကြောင့် Level  2 သို့မဟုတ် Level 3 အောင်မြင်ပြီးပါက အင်ဂျင်နီယာ လုပ်ငန်းများဖြစ်သော Technician, Supervisor နေရာများတွင် အလုပ်ရရှိနိုင်ပြီး Level 5 သင်တန်းက တက္ကသိုလ်များ၏ နောက်ဆုံးနှစ်နှင့် ညီမျှသောကြောင့် အင်္ဂလန်နိုင်ငံ တက္ကသိုလ်များ၏ နောက်ဆုံးနှစ်ကို ချိတ်ဆက်တက်ရောက်နိုင်မည် ဖြစ်သည်။

လိုအပ်သည့် အရည်အချင်း

City & Guilds အဖွဲ့အစည်းမှ ပို့ချသည့် ဘာသာရပ်များတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများမှ စတင်တက်ရောက်နိုင်သည့် ဒီပလိုမာဘာသာရပ် များအပြင် အခြေခံပညာအလယ်တန်းအဆင့်ရှိသူများအတွက် လက်တွေ့ ဦးစားပေး သင်ကြားနိုင်သည့် (Certificate) အဆင့်ရှိ အင်ဂျင်နီယာပညာရပ် များကိုပါ မြန်မာနိုင်ငံတွင် သင်ကြားနိုင်သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အင်ဂျင်နီယာဘာသာရပ် အမှတ်မမီခဲ့သူများအတွက် ပြည်တွင်း၌ သင် ကြားပြီးစာမေးပွဲ အောင်မြင်ပါက“ နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ” ရယူနိုင်သည့် ပညာရေးလမ်းကြောင်း တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ City & Guilds တက်ရောက်နေသော လူငယ်အများစုမှာ City & Guilds Diploma တက်ရောက်ရင်း နိုင်ငံတော်မှ ပေးအပ်သော ဘွဲ့ရယူရန် အဝေးသင်ဘာသာရပ်ကို ယှဉ်တွဲ တက်ရောက်ကြသည်။

လုပ်ငန်းခွင်အတွက် ရရှိနိုင်သော အခွင့်အရေးများ

City & Guilds အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်သည် ပြည်တွင်းရှိ ပုဂ္ဂလိက အင်ဂျင်နီယာရင်း ကုမ္ပဏီများမှ အသိအမှတ်ပြု လက်ခံသည့် ဒီပလိုမာ လက်မှတ် ဖြစ်သည်။ ပြည်ပနိုင်ငံများသို့ City & Guilds အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်ဖြင့် အလုပ် လျှောက်ထားသူများသည် ထိုနိုင်ငံ၏ တရားဝင်ခွင့်ပြု (Permit) များအလိုက် ကွာခြားမှုရှိသလို လစာခံစားခွင့်ကွဲပြားမှု ရှိသည်။ စင်ကာပူနိုင်ငံ Special Pass (SP) (or) Employment pass (EP) လျှောက်ထားလိုသော City & Guilds ကျောင်းသားများအနေဖြင့် City & Guilds ဒီပလိုမာ လက်မှတ်အပြင် မြန်မာနိုင်ငံဘွဲ့တစ်ခုရရှိထားရန် လိုအပ်သလို ပြည်တွင်းတွင် လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၃ နှစ်ခန့်ရှိထားရန် လိုအပ်သည်။ စင်ကာပူနိုင်ငံရှိ WorkPermit (WP)ဖြင့် လျှောက်ထားလိုသူ များသည် City & Guilds ဒီပလိုမာ လက်မှတ်နှင့် လုပ်ငန်းအတွေ့အကြုံ ၁ နှစ်ခန့်ရှိထားသူများမှာ စက်ရုံ၊ သင်္ဘောကျင်းလုပ်ငန်းများတွင် အလုပ်ရရှိလျက် ရှိသည်။
ကာတာ၊ ဒူဘိုင်းအစရှိသည့်နိုင်ငံများ၏ အလုပ်ခေါ်ယူမှုတွင် City & Guilds ဒီပလိုမာ လက်မှတ်နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်၍ ဆောက်လုပ်ရေး၊ လေ ယာဉ်ကွင်း စီမံကိန်း၊ ရေဆိုး၊ ရေ ညစ်နှင့် လျှပ်စစ်ထုတ်လုပ်ရေး Project များတွင် အလုပ်ရရှိလျက်ရှိကြောင်း သိရသည်။ ယခုအခါ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအ တွက် အလုပ်သမားခေါ်ယူမှုတွင် Training Permit အပြင် Work permit လျှောက်ထားလျက် ရှိသည်။ ဂျပန်နိုင်ငံသို့ WorkPermit လျှောက်ထားခွင့်ရှိပါက နေထိုင် ခွင့် ၅ နှစ် ဆက်တိုက်ရရှိသလို အင်ဂျင်နီယာလုပ်ငန်းများမှ အများဆုံးခေါ်ယူလျက်ရှိကြောင်း သိရသည်။ ဂျပန်နိုင်ငံသို့ Work Permit ဖြင့် အလုပ်လျှောက် ထားလိုသော City & Guilds ဒီပလိုမာလက်မှတ် ရရှိထားသောသူများ သည် City & Guillds အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်အပြင်  ဘွဲ့ တစ်ခုရရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံရှိ စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် (Civil နှင့် Mechanical အင်ဂျင်နီယာဘာသာရပ်များ Work Permit ဖြင့် အများဆုံး ခေါ်ယူလျက်ရှိသည်။ Glory Career Training Centre, GALLANT Training Centre နှင့် AKI School of Engineering တို့မှ ကူညီပံ့ပိုးသည်။

 Credit to internetjournal
Thiha Htike(THT)
 My Facebook Account Click


0 comments:

Post a Comment