စက်တင်ဘာ 2014 ကနေ ဇန်နဝါရီ 2015 အတွင်းမှာ iPhone 6 Plus ကို
ဝယ်ယူခဲ့တဲ့ Customer တွေဟာ iPhone 6 Plus ရဲ့ အပြင်ဘက်ကင်မရာနဲ့
ဓါတ်ပုံရိုက်တဲ့အခါ ပုံရိပ် မပီပြင်ခြင်းတွေကို ခံစားနေကြရပါတယ်။
ဒီအချက်တွေကြောင့် iPhone 6 Plus ဟာ အခြား Brand တွေရဲ့
ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် Apple ဟာ
လက်ရှိအချိန်မှာတော့ Customer များကို ပြန်လည်တောင်းပန်တဲ့အနေနဲ့ စက်တင်ဘာ
2014 ကနေ ဇန်နဝါရီ 2015 အတွင်းမှာ ဝယ်ယူထားတဲ့ iPhone 6 Plus ရဲ့ ကင်မရာ
များကို အသစ်နဲ့ ပြန်လည်အစားထိုးပေးသွားမှာဖြစ်ပါတယ်။
iPhone 6 Plus ရဲ့ကင်မရာတွေကို ပြန်လဲ ပေးမယ်ဆိုပေမဲ့ ကြေငြာထားတဲ့
ရက်အတွင်းမှာ ဝယ်ယူထားတဲ့ iPhone 6 Plus တွေကိုသာ လဲပေးသွားမှာဖြစ်ပြီး
အဲ့ဒီအတွက်လဲ iPhone Plus ရဲ့ Serial Number တွေနဲ့
တိုက်စစ်သွားမှာဖြစ်ပါတယ်။ ကြေငြာထားတဲ့ ရက်အတွင်းမှာ ထုတ်လုပ်ထားတဲ့
iPhone 6 Plus များရဲ့ Serial Number ကိုများ မှန်ကန်ပါက ကင်မရာများကို
လဲလှယ်ပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ iSight ရဲ့ ပထမဦးဆုံးအကြိမ် လက်လီ
စနစ်နဲ့ Product တစ်ခုခြင်းစီကို ပြန်လည်လဲလှယ်ပေးတဲ့ အစီစဉ်ဖြစ်တဲ့အပြင်
iPhone 6 Plus ကိုလည်း နောက်ထပ် သုံးနှစ်နီးပါးလောက်
ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။
Customer တို့အနေနဲ့ မိမိ iPhone 6 Plus ကို ကြေငြာထားတဲ့ ရက်အတွင်းက
ဝယ်ယူခဲ့ခြင်းကို သေချာ မသိရှိပါက Products ရဲ့ Series နံပါတ်ကို
စစ်ဆေးနိုင်ဖို့ https://www.apple.com/support/iphone6plus-isightcamera/
ဆိုတဲ့ Link ကိုသွားရောက်ကာ စစ်ဆေးရမှာဖြစ်ပါတယ်။
Ref : Apple
Credit အောင်ကိုထက် (MMAS)
Thiha Htike(THT)
My Facebook Account Click






0 comments:
Post a Comment