Redmi Note 2 နှင့် Redmi Note 2 Prime ကို Xiaomi မိတ်ဆက်




တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi သည် ကုမ္ပဏီ၏ ဈေးသက်သာသော phablet Redmi Note အား အဆင့်မြှင့်ထားသည့် Redmi Note 2 နှင့် Redmi Note 2 Prime တို့ကို ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။

Redmi Note 2 ကို ၇၉၉ ယွမ် (၁၂၅ ဒေါ်လာ) ဖြင့်လည်းကောင်း Prime ကို ၉၉၉ ယွမ် (၁၅၅ ဒေါ်လာ) ဖြင့်လည်းကောင်း အသီးသီး ရောင်းချမည် ဖြစ်သည်။

Redmi Note 2 တွင် ၅.၅ လက်မ full-HD (1080x1920p) display ကို အသုံးပြုထားပြီး အရွယ်အစားမှာ ၁၅၂ x ၇၆ x ၈.၂၅ မီလီမီတာ ဖြစ်သည်။ အလေးချိန်က ၁၆၀ ဂရမ်ဖြစ်သည်။

2GHz MediaTek Helio X10 octa-core ပရိုဆက်ဆာနှင့် 2GB LPDDR3 RAM တို့ကို အသုံးပြုထားပြီး 16GB သိုလှောင်မှုပမာဏဖြင့် ရရှိနိုင်သည်။ Prime တွင် 2.2GHz MediaTek Helio X10 octa-core ပရိုဆက်ဆာ အသုံးပြုထားပြီး သိုလှောင်မှုပမာဏမှာ 32GB ဖြစ်သည်။
http://www.internetjournal.media/sites/all/modules/contrib/ckeditor/ckfinder/core/connector/php//images/11896032_10153126890172825_822859549205982795_n.jpg
ကျောဘက်ကင်မရာမှာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာမှာ 5MP ဖြစ်သည်။ Android 5.0 Lollipop ကို Xiaomi ၏ MIUI 7 skin သစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Redmi Note 2 သည် dual-sim ဖုန်းဖြစ်ပြီး 3060mAh ဘက်ထရီကို အသုံးပြုထားသည်။ 3G, 4G LTE, Bluetooth နှင့် GPS ချိတ်ဆက်မှုတို့ကို ထောက်ပံ့ပေးထားသည်။

ထို့အပြင် Xiaomi သည် customised Android ROM ဗားရှင်းသစ်ဖြစ်သော MIUI 7 ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ၎င်း software သစ်တွင် Gallery app ၌ face recognition စနစ် ပါဝင်မှု အပါအဝင် feature သစ်အချို့ ပါဝင်လာသည်။ အဆိုပါ ROM ကို ကမ္ဘာတစ်ဝန်းသို့ သြဂုတ်လ ၁၉ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။

Ref: Times of India
Thiha Htike(THT)
  My Facebook Account Click



3 comments:

bro mi note 2 prime ka thone loz a sin pyay lout larr mayy chin loz par
pee tot lcd nae touch ka ta set htae larr ma thi buu bro .ta chat lout phyay pay par
Kyay Zuu Pyu Ywae.

Post a Comment