Note Series တွေမှာ အသုံးပြုသူတွေရဲ့ အားပေးမှုကို အမြဲရရှိခဲ့တဲ့ Samsung ဟာ အခုဆိုရင်လည်း Samsung Galaxy Note 5 ကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။ အခု အသစ်ထွက်ရှိလာတဲ့ Galaxy Note 5 ဟာ အရင် Samsung Galaxy S 6 ကို မျက်နှာပြင် ကြီးကြီးနဲ့ ထုတ်လုပ်လိုက်သလားတောင်ထင်မှတ်ရပါတယ်။ဒါပေမဲ့ Samsung Galaxy Note 5 ရဲ့ ထူးခြားချက်ကတော့ Software update များအသစ်ပါဝင်လာခြင်း ၊ ဘက်ထရီအားပိုမို အသုံးပြုခံလာခြင်း ၊ RAM ကို သွက်လက်စွာ အသုံးပြုနိုင်ခြင်း အပြင် ဖုန်းထဲမှာ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ကွန်ပျူတာမှာ လုပ်ဆောင်နိုင်တဲ့ Sync Side 4.0 တို့ပါဝင် လာခြင်းတို့ဖြစ်ပါတယ်။
ဒီလို ထူးခြားမှုတွေနဲ့ ဆွဲဆောင်နေတဲ့ Samsung
Galaxy Note 5 ရဲ့ Screen ဟာ ၅.၇ လက်မ QHD ဖြစ်ပြီး Pixel အနေနဲ့ (2560x1440, 518 ppi) Super AMOLED တို့ကို အသုံးပြုထားပါတယ်။
Processor ကို Exynos 7420 octa-core (2.1GHz quad + 1.5GHz quad) 64 Bit, 14nm ဖြစ်တဲ့အတွက်ကြောင့်
ဖုန်းထဲမှာတင် လုပ်ငန်းတာဝန်အများအပြား ခိုင်းစေနိုင်ပါတယ်။ RAM အနေနဲ့
4GB(LPDDR4) ကို အသုံးပြုထားတဲ့အတွက်ကြောင့် Note 5 ပေါ်မှာ လုပ်သမျှ အလုပ်တိုင်းကို
လျှင်မြန်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Note 5 ဟာ Dual Sim အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်
ကဒ်နှစ်ကဒ်ထည့်ပြီး အသုံးပြုလိုသူများအတွက် အကြိုက်တွေ့စေမဲ့ အချက်ပဲဖြစ်ပါတယ်။
Smart Phone အသုံးပြုကြသူတို့ အများဆုံး စိတ်ဝင်စားကြတာကတော့ ကင်မရာဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Smart Phone
တိုင်းဟာ ကင်မရာကို ပိုပိုပြီး ကောင်းလာအောင် ပြုလုပ်လာခဲ့ကြပါတယ်။ ဒါကြောင့် Note
5 အနေနဲ့လည်း ကင်မရာကို အကောင်းဆုံးဖြစ်အောင်ဖန်တီးလာခဲ့ပါတယ်။ 5MP ရှိ
အတွင်းဘက် ကင်မရာ နှင့် 16MP အပြင်ဘက် ကင်မရာ တို့က 4K အရည်အသွေးရှိ video တို့ကို ရိုက်ကူးနိုင်သလို ကြည်လင်ပြတ်သားပြီး အရည်သွေးကောင်းမွန်တဲ့ ဓါတ်ပုံ
၊ ဗီဒီယိုတို့ကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ညအမှောင်ထဲမှာ ရိုက်ကူးတဲ့ ဓါတ်ပုံတွေကိုတောင်
အရောင်အသွေးစုံလင်ပြီး ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများ ၊ ဗီဒီယိုများအဖြစ် ရိုက်ကူးရရှိနိုင်မှာဖြစ်ပါတယ်။
အင်တာနက် အသုံးပြုသူများအတွက် နောက်ဆုံးပေါ်
4G LTE ရအောင် ထောက်ပံ့ပေးထားတဲ့အပြင် Cat9 Network အမျိုးအစားကို အသုံးပြုထားတဲ့အတွက်ကြောင့်
ဖုန်းလိုင်းစွဲအားနဲ့ အင်တာနက် လိုင်းစွဲအားကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။
နောက်ထပ် Wireless ဆက်သွယ်မှုများအတွက် 802.11ac Wifi ကို အသုံးပြုထားပြီး Speed ကတော့
2.4/5GHz, MIMO (2x2), 620Mbps နှင့်
Bluetooth ကတော့ V4.2 LE ဖြစ်ပါတယ်။
Wireless အချိတ်အဆက်များအတွက် ANT+ NFC တို့အပြင် တည်နေရာကို ပြသနိုင်တဲ့
(GPS , Glonass , Beidou) တို့ကိုလည်း အသုံးပြုခွင့်ပေးထားပါသေးတယ်။ Fingerprint
Sensor ဟာ Home Button မှာ ပါဝင်သလို သွေးခုန်နှုန်း ကိုလည်း အပြင် ကင်မရာရဲ့ ဘေးဘက်မှာရှိနေတဲ့
LED ကို အသုံးပြုကာ တိုင်းတာနိုင်ပါတယ်။ ဘက်ထရီဟာ 3000 mAh ဖြစ်တဲ့အတွက်ကြောင့် အချိန်ကြာမြှင့်စွာ
အသုံးပြုနိုင်ပြီး အားသွင်းတဲ့အခါ လျင်မြန်စွာ အားသွင်းနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။
ဒါ့အပြင် Wireless Charger ဖြင့်လည်း အားသွင်းနိုင်ပါတယ်။
Samsung Galaxy Note 5 ရဲ့ ထူးခြားချက်များထဲမှ
နောက်ထပ် အချက်နှစ်ချက်ကတော့ SPen နဲ့ Side Sync 4.0 ပဲဖြစ်ပါတယ်။ အရင် Note
Series တွေမှာ SPen ကို ဆွဲထုတ်ရာမှာ လက်သည်းနဲ့
ကုတ်ခြစ်ပြီး ထုတ်ရပေမဲ့ အခု Note 5 မှာတော့ SPen ကို ထားရှိတဲ့ ပုံက အရမ်း သပ်ရပ်လှပပြီး
SPen ကို အသုံးပြုမယ်ဆိုရင် အတွင်းထဲကို အရင်တွန်းလိုက်ရင် အလွယ်တကူပဲ အပြင်ထွက်လာပါတယ်။
SPen ရဲ့ ထူးခြားချက်ကတော့ Note 5 ရဲ့ Screen ကို မဖွင့်ပဲ SPen ကို အသုံးပြုကာ ရေးမှတ်မယ်ဆိုရင်တောင်
မိမိရေးမှတ်လိုက်တဲ့အရာတွေဟာ Note ထဲမှာ မှတ်ပြီး သိမ်းဆည်းပေးမှာဖြစ်ပါတယ်။ နောက်ထပ်
ထူးခြားချက်ကတော့ Side Sync 4.0 ဖြစ်ပါတယ်။ မိမိရဲ့ Note 5 ထဲမှာရှိတဲ့ ဓါတ်ပုံ ၊ ဗီဒီယိုများနှင့်အခြား
Data များကို မိမိရဲ့ ကွန်ပျူတာ ထဲကို အလွယ်တကူပဲ Sync လုပ်ပြီး အသုံးပြု သိမ်းဆည်းနိုင်ပါတယ်။
ဒါတင်မကသေးပဲ ကွန်ပျူတာမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်ခြင်း ၊ SMS ပို့ခြင်း နဲ့ Chat ခြင်းတို့ကိုပါ
ပြုလုပ်နိုင်ပါသေးတယ်။ Side Sync ကို ကြိုးဖြင့်ရော Wireless အနေနဲ့ရော အသုံးပြုနိုင်ပါတယ်။
Wireless ဖြင့် အသုံးပြုလိုပါ မိမိအိမ်တွင် Wifi Network ကိုတပ်ဆင်ထားမှအဆင်ပြေပါလိမ့်မယ်။
အရင်က Note Series တွေမှာ အသုံးပြုသူတို့မကြိုက်နှစ်သက်ခဲ့တဲ့
အရာများကို ပြောင်းလဲပြင်ဆင်ပြီး နောက်ထပ် ပိုမိုအသုံးတည့်စေမဲ့ Feature အသစ်များကိုထည့်သွင်းထားတဲ့
Samsung Galaxy Note 5 ရဲ့ အလေးချိန်ဟာ 171g သာရှိပါတယ်။ Samsung Galaxy Note 4 ထက်ပိုမို ပေါ့ပါးလာပါတယ်။ Galaxy Note
5 ကို မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၃ ရက်နေ့တွင် စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကတော့
မြန်မာကျပ်ငွေ ၈ သိန်းရှိပါတယ်။ ဒါကြောင့်မို့ ဈေးနှုန်းအားဖြင့် ကြည့်ရင် အခြားသော
အရွယ်ကြီးစမတ်ဖုန်းများနဲ့ ယှဉ်တဲ့အခါ ပုံမှန်လေး ရှိနေပြီး business သမားတွေ အသုံးတည့်မယ်လို့
ထင်မြင်မိပါတယ်။
Aung Ko Htet
www.winkabarkyaw.net







1 comments:
My note 5 forgot fingerprint password. But I have samsung account & google account setting. I did not open mobile data & wifi. I want to get important photo in my phone. I don't want factory restart. I open GPS location. I want backup password master key or next time fingerprint retry. Why?
Post a Comment