Selfie အတွက် 13-megapixel ကင်မရာ ပါဝင်သည့် စမတ်ဖုန်းများကို Sony မိတ်ဆက်




Sony သည် အရှေ့ဘက်တွင် 13-megapixel ကင်မရာများ ပါဝင်သော Xperia C5 Ultra နှင့် Xperia M5 စမတ်ဖုန်းများကို မိတ်ဆက်ပေးခဲ့သည်။

Xperia C5 Ultra ကို Sony က PROselfie စမတ်ဖုန်းသစ်ဟု ခေါ်ဆိုခဲ့ပြီး ၎င်းတွင် 13-megapixel ကင်မရာနှစ်ခုနှင့် 1920 x 1080 pixel resolution ဖြင့် ဖော်ပြပေးနိုင်သော full-HD ၆ လက်မ display တို့ကို အသုံးပြုထားသည်။ 1.7GHz octa-core processor, 2GB RAM အပြင် 4G ကွန်ရက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီမှာ တစ်ကြိမ်အားသွင်းရုံဖြင့် နှစ်ရက်ခန့် သုံးနိုင်ကြောင်း Sony မှ ပြောကြားခဲ့သည်။

Xperia M5 တွင် အရှေ့ဘက်ကင်မရာက 13-megapixel ဖြစ်သော်လည်း ကျောဘက်ကင်မရာမှာ 21.5-megapixel ဖြစ်သည်။ 2GHz MediaTek Helio X10 octa-core processor ကို အသုံးပြုထားပြီး 1920 x 1080 pixel resolution ဖြင့် ဖော်ပြနိုင်သော ၅ လက်မ full-HD display နှင့် 3GB RAM အပြင် နှစ်ရက်ကြာ သုံးနိုင်မည့် 2,600mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။

C5 Ultra နှင့် M5 စမတ်ဖုန်းများကို dual SIM ဖြင့် အသုံးပြုနိုင်ပြီး ရွေးချယ်ထားသော ဈေးကွက်များတွင် သြဂုတ်လလယ်၌ တင်ပို့ရောင်းချမည်ဟု သိရသည်။

Ref: CNET
Credit==> internetjournal
Thiha Htike(THT)
thihahtike.it@gmail.com


5 comments:

how to install myanmar font in m5 pls

sony C5 မှာမြန်မာဖောင့်ရအောင်ဘယ်လိုလပ်ရမလဲဆရာ

Xperia M5 E5663 လေးကို..root..ချင်လို့...ကယ်ပါအုံး......ဆရာတို့ရယ်...(ဒီကောင်လေးက..Securiy..တော်တော်နိုင်ပါတယ်...စုံနေပြီ စမ်းထားတာ..အရဘူး..ဆာ...)
http://cwm-twrp-android.net/download/sony-xperia-m5-dual/
ဒီဆိုက်ထဲမှာကျတော့ မဒေါင်းတတ်ဖူးဖြစ်နေတယ် ဒီထဲကဒေါင်းပြီး..ပို့မြန်မာလိုတင်ပေးပါလား...ဆရာ..

C5 myanmar font ရပြီလားဗျ တော်တော် တိုင်ပတ်နေလို့ ရ ရင် ကူညီပါဦးဗျာ

root..ပေါက်အောင်.အရင်စဉ်းစားပါ..root..ပေါက်မှ...မြန်မာဖောင့်က..ထပ်စဉ်းစားသင့်တာပါ..
မပေါက်သေးရင်..ဒီမယ်.လုပ်နည်းလေးကြည့်လိုက်ပါ http://www.androidvillaz.com/2015/12/how-to-root-tecno-c5-and-install-recovery.html

Post a Comment