မလေးရှားမှာ ပါမစ်တွေ ထုတ်ပေးတော့မှာတဲ့လား
မလေးရှားရောက် အမျိုးတွေကို
တရားဝင်အလုပ်လုပ်ခွင့် ပါမစ်တွေ ထုတ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေတာ လွန်ခဲ့တဲ့ ၆လလောက် ကတည်းကပါ။
သံရုံးကလည်း ဝန်ဆောင်မှုအဆင့်ဆင့်အတွက် အသေးစိတ်နီးပါး ထုတ်ပြန်ပေးထားပါတယ်။
ဟုတ်ပြီ …
ဒီတခါ စဉ်းစားရမှာက အမျိုးတွေဘက်ကပါ။
ပါမစ် ပထမအကြိမ်အတွက် ကုန်ကျနိုင်တဲ့ငွေဟာ စာအုပ်အတွက်ပါထည့်ပေါင်းရင် (7000) ဝန်းကျင်ခန့်မှာ ရှိပါတယ်။
အခြေခံလစာ 900 -1000 သတ်မှတ်ထားတဲ့ ဒီနိုင်ငံရဲ့ အလုပ်သမား ပေးစကေးနဲ့ ကောက်ခံတဲ့ပါမစ်ကြေးဟာ
မရှိလို့လာလုပ်စားတဲ့ လူတွေအတွက်
မတန်ပါဘူး ။
ပါမစ်မတင်ခင် မိတ်ဆွေအနေနဲ့ နီးစပ်ရာဆေးခန်းမှာ ဆေးအရင်စစ်ကြည့်လိုက်ပါအုံး။
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ခွင့်ပေးမဲ့ အလုပ်သမားရဲ့ ဆေးအောင်မြင်မှုမျိုး မိတ်ဆွေမှာ ရှိနေပါရဲ့လား ။
မအောင်ရင် ပိုက်ဆံ ၆၀၀ - ၁၀၀၀ လောက် ထပ်ပေါင်းလိုက်ပါ။
၃ နှစ်ဆက်တိုက် မိတ်ဆွေပေးရပါလိမ့်မယ်။
နောက် အသက် ၄၅နှစ် အထက်တွေကိုလဲ ခွင့်မပြုတာ သတိရပါအုံး။
မွေးနေ့သက္ကရာဇ် ဘာညာဘာညာတွေ အတွက်က ပေါက်ဈေး ထွက်မလာသေးဘူး။
(မာဂျစ်ကန်) လို့ ခေါ်တဲ့ ကိုယ့်ကိုတာဝန်ယူပေးနိုင်မဲ့ သူဌေးရော ရှိပြီလား ။
ရှိရင်လဲ အဲ့သူဌေးကို သေချာမေးအုံး။
အလုပ်သမားဝန်ကြီးဌာနကို တင်ပေးရမဲ့ စာရွက်စာတမ်းတွေ လိုင်စင်တွေ ပြည့်ပြည့်စုံစုံရှိရဲ့လား ။
တခုခု မရှိတာနဲ့ မိတ်ဆွေရဲ့ ပါမစ်ကြေးမှာ
'သူဌေးနာမည်ခံခ' ဆိုတာ ၆၀၀ - ၁၂၀၀ လောက်ထပ်ပေါင်းထည့်ထားဖို့ မေ့မနေနဲ့။
ဒါကလည်း နှစ်စဉ်နှစ်တိုင်း ပါမစ်တိုးရင် ပေးနေရမှာ ။
ရတယ်ဗျာ ။ အားလုံးအဆင်ပြေတယ်။
ပါမစ်တင်မယ် ။
နောက်ဆုံးအနေနဲ့ စဉ်းစား။
ပါမစ်ကပ်ပြီးသွားရင် ကိုယ်လက်ရှိလုပ်နေတဲ့ လုပ်ငန်းဂွင်ထဲမှာ တိုးတက်မှုလမ်းစတွေ ပေါ်လာမှာလား ?
ကိုယ်ကုန်ထားတာတွေ ပြန်ရနိုင်ပါ့မလား ?
ဒါမှမဟုတ် ။ ဘရားသားရယ် ရဲဖမ်းခံရမှာကြောက်လို့ပါ ။
အကြံပေးလိုက်မယ်။
သံရုံးမှာ မှတ်ပုံတင် သန်းခေါင်စာရင်းယူသွားပြီး စာအုပ်သွားလုပ်ထား။
အထက်က အကုန်ခံနိုင်တဲ့ ပိုက်ဆံတွေထဲက ၄၀၀၀ လောက်ကိုချန်ထား။
ထမင်းငတ်တာတောင် အဲ့ထဲကသုံးပြီး မစားနဲ့။
နောက်ဆုံးအဆင့် ရဲဖမ်း လဝကဖမ်းလို့ အထဲရောက်သွားရင်
ငွေဒါဏ်ကြေး ၃၀၀၀ ဆောင်
ကျန် ၁၀၀၀ နဲ့ လေယဉ်ပျံလက်မှတ်ဝယ်ပြီး ပြည်တော်ပြန်မှာပေါ့ ။
မလေးရှားဆိုတာ
ညောင်သီးလဲ စား
လေးသံလဲ နားထောင်ပြီး နေတတ်ရင်
နေလို့ရပါတယ်။
ခင်ဗျားက မဟုတ်တာတွေ လိုက်သင်ပေးနေတယ်လို့ဆိုရင် ကျုပ်ထပ်ပြောမယ်။
ပြီးခဲ့တဲ့နှစ် Oct မှာ ကျုပ် Bangkok ရောက်တယ်။
ထိုင်းမှာ အနိမ်ဆုံးလစာ တနေ့ဘတ် ၃၀၀ (ရင်းဂစ် ၃၅)
လောက်ရတယ်။
ဘတ် ၇၀၀၀ ( တလစာ လုပ်အားခ) လောက်နဲ့
၂ နှစ်စာ ပါမစ် ကပ်လို့ရတယ်။
ဒီလိုမျိုးသာ မလေး အစိုးရက စီစဉ်ပေး ။
ပါမစ်မကပ်တဲ့ မြန်မာအလုပ်သမားအိမ်ကို
ကျုပ်ကိုယ်တိုင် လက်ညိုးထိုးပြပြီး
ဖမ်းပေးမယ်။
ဟုတ်ပြီလား ???
ဘယ်နှယ်ဗျာ မရှိလို့ မိဝေးဖဝေး ချစ်ခင်သူဝေး အလုပ်လာလုပ်စားနေတာ ။
ပိုက်ဆံ လာရှာနေတာဗျ ။
မလေးရှားနိုင်ငံကို ပါမစ်ဖိုးပေးဖို့ ကျွန်လာခံနေတာ မဟုတ်ဘူး ။ ။

0 comments:
Post a Comment