မဲခေါင်မြစ်ရေကို ထိုင်းက ရေစုတ်စက်နဲ့ စုတ်ယူနေ (Credit: ABC)
ထိုင်းနိုင်ငံ အစိုးရက မဲခေါင်မြစ်ရေကို စုတ်ယူပြီး Huai Luang မြစ်ရေထဲ ထည့်သွင်းနေတာ ဖြစ်ပါတယ်။
ရေစုတ်စက် လေးခုနဲ့ စုတ်ယူနေတာဖြစ်ပြီး ရေစုစုပေါင်း သန်းပေါင်း ၄၇ ကုဗိမီတာကို စုတ်ယူမှာ ဖြစ်ပါတယ်။
ရေရှားပါးမှု
ပြဿနာကို ယာယီဖြေရှင်းတဲ့အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပြီး လာမယ့် ၂
နှစ်အတွင်းမှာ အကြီးစား ရေစုတ်စက်တွေနဲ့ စုတ်ယူနိုင်အောင်
စီစဉ်နေပြီလို့လည်း သိရပါတယ်။
မဲခေါင်မြစ်ရေဟာ
၁၉၂၆ ခုနှစ်ကစပြီး အရှားပါးဆုံး အခြေအနေကို ရောက်ရှိနေတာကြောင့်
ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို မြစ်အောက်ပိုင်းက ဗီယက်နမ်နိုင်ငံက
စိုးရိမ်မကင်း ဖြစ်နေပါတယ်။
ထိုင်းအစိုးရကတော့
ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲခေါင်တစ်ခုလုံး ထိခိုက်မှုရှိအောင် လုပ်မှာ
မဟုတ်တဲ့အတွက် ဗီယက်နမ်ဘက်က အထင်လွဲနေတာလို့ တုန့်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ
တချို့ဒေသလိုပဲ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ တခြား အရှေ့တောင်
အာရှနိုင်ငံတွေမှာ ရေရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။
လာအိုနဲ့
ဗီယက်နမ်နိုင်ငံတို့ကလည်း တရုတ်နိုင်ငံမှာ လှောင်ထားတဲ့ မဲခေါင်
မြစ်ရေတွေကို လွတ်ချပေးဖို့ တောင်းဆိုလာတဲ့အတွက် တရုတ်အစိုးရက
လွတ်ပေးဖို့ရှိပြီး ဧပြီလ ၁၀ ရက်နေ့အထိ ရေတွေ လွတ်ချပေးမယ်လို့
သိရပါတယ်။
မဲခေါင်မြစ်ဝှမ်းဒေသကို
ဗီယက်နမ်ရဲ့ စပါးကြီးလို့တောင် တင်စားကြပေမယ့် အခုအခါမှာ ပင်လယ်ရေ
မြင့်တက်လာမှုတွေကြောင့် မဲခေါင် မြစ်ဝှမ်းဒေသမှာ ဆားငံရေတွေ
ပိုများလာနေပြီး စိုက်ပျိုးရေးမှာ အခက်အခဲ ဖြစ်နေရပါတယ်။
အခုလောလောဆယ်
မိုးခေါင်ရေရှားမှုတွေကြောင့် စပါးစိုက်ခင်း ဟက်တာပေါင်း
တစ်သိန်းကျော်မှာ စိုက်ပျိုးလို့ မရတော့တဲ့ အခြေအနေရှိနေတဲ့အတွက်
စပါးတွေ ရှားပါးမယ့် အနေအထားနဲ့လည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ABC Burmese






0 comments:
Post a Comment