ဒေါ်အောင်ဆန်းစုကြည်၏ ငယ်သူငယ်ချင်း သမ္မတသစ်ဖြစ်လာမည်

ဒေါ်အောင်ဆန်းစုကြည်၏ ငယ်သူငယ်ချင်း အသက် ၇၀ အရွယ်ရှိ ဦးထင်ကျော် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)
 
 
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့သော်လည်း  သူ၏ အရင်းနှီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့် ဦးထင်ကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းထား၍ ဦးထင်ကျော် သည် သမ္မတဖြစ်ရန် သေချာနေ ပြီဖြစ်သည်။


မတ်လ ၁၀ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့တွင် ဒုသမ္မတလောင်း ရွေးချယ်တင်မြှောက်ရေး ရွေး ကောက်ခံလွှတ်တော်ကိုယ်စား လှယ်များ အစုအဖွဲ့ အစည်းအ ဝေးများကျင်းပရာ ပြည်သူ့လွှတ် တော်၌ ဒီချုပ်အမတ် ဒေါ်ခင် စန်းလှိုင်က ဦးထင်ကျော်ကို လည်းကောင်း၊ အမျိုးသားလွှတ် တော်တွင် ဒီချုပ်ကိုယ်စားလှယ် ဒေါက်တာ အောင်သူက အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူကို လည်း ကောင်း ဒုသမ္မတလောင်း အမည် စာရင်းတင်သွင်းခဲ့ကြသည်။


ထို့အတူ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်တွင် လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းအား ဒုသမ္မတလောင်းအဖြစ် ဒေါက်တာ မောင်သင်းက တင် သွင်းကာ အမျိုးသားလွှတ်တော် တွင် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ကို ဦးစိုင်းသန်းနိုင်က တင်သွင်းခဲ့သည်။
လွှတ်တော်နှစ်ရပ်တွင် ဒု သမ္မတလောင်းများကို ပါတီနှစ်ခု က အပြိုင်တင်သွင်းသဖြင့် ယနေ့ (မတ်လ ၁၁ ရက်) ၌ မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။


‘‘လွှတ်တော်တစ်ခုမှာ ကိုယ် စားပြုတဲ့ ဒုသမ္မတလောင်းကတစ်ယောက်ပဲရှိရမှာ၊ အခုတော့လွှတ်တော်တစ်ခုမှာ နှစ်ယောက်ကို အမည်စာရင်းတင်သွင်းထားတော့ မဲခွဲပြီး အနိုင်ရသူက ဒုသမ္မတလောင်းပေါ့’’ ဟု ဒီချုပ်အမတ်တစ်ဦးက ပြောကြားသည်။



၂၀၁၀ နိုဝင်ဘာ ၁၃ ရက်က နေအိမ်အကျယ်ချုပ်မှ လွတ်လာသော ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်စဉ် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကူညီပေးနေသည့် ဦးထင်ကျော် (ဓာတ်ပုံ − အေအက်ဖ်ပီ)



သို့သော် ပြည်သူ့လွှတ်တော် တွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၌ ဒီချုပ်က ၂၅၅ ဦးရှိကာ ပြည်ခိုင်ဖြိုးက ၃၀ ဦးသာ ရှိနေသည်။ အမျိုးသား လွှတ်တော်တွင်လည်း ရွေး ကောက်ခံ လွှတ်တော်ကိုယ်စား လှယ် ၁၆၈ ဦးတွင် ဒီချုပ်က ၁၃၅ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီက ၁၁ ဦး သာရှိသည်။
ထို့ကြောင့် မဲခွဲဆုံးဖြတ်မှုပြု လုပ်ပါက ဒီချုပ်ကတင်သွင်းထား သော ဒုသမ္မတလောင်းက ပြည် ခိုင်ဖြိုး တင်သွင်းသော ဒုသမ္မတ လောင်းကို အနိုင်ရရန်သေချာနေ သည်။


‘‘လွှတ်တော်ထဲမှာကိုယ်စား လှယ် နည်းနေပေမယ့် ကျွန်တော် တို့ ပါတီကလည်း သမ္မတတင် မြှောက်ရေးလုပ်ငန်းစဉ်မှာ ဝင်ပါ တဲ့သဘောနဲ့ တင်တာပါ’’ ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှဌေးဝင်းက ပြောကြားသည်။


တပ်မတော်သား ကိုယ်စား လှယ်များက တင်သွင်းမည့် ဒု သမ္မတ အမည်ကို ချက်ချင်းမ ထုတ်ပြန်ဘဲ  ယနေ့ (မတ် ၁၁ရက်) တွင်မှသိရမည်ဖြစ်သည်။
 လွှတ်တော် နှစ်ရပ်တွင် ကိုယ်စားလှယ်ဦးရေ အပြတ်အသတ် အသာစီးရထားခြင်းက ဒီချုပ်အတွက် အားသာချက် ဖြစ်သည်။ ထို့ကြောင့် သမ္မတ အရည်အချင်း စစ်ဆေးခြင်း၊ ဒုသမ္မတများထဲမှ သမ္မတတစ်ဦးကိုမဲပေးရွေးချယ်ခြင်း စသည့်အဆင့်များရှိသေးသော်လည်း ပြည်သူ့လွှတ်တော်က တင်သွင်းသော ဦးထင်ကျော်သည် နိုင်ငံတော်သမ္မတဖြစ်လာရန် သေချာနေပြီဖြစ်သည်။
 သမ္မတသစ်အဖြစ် ရွေး ကောက်တင်မြှောက်ခံရသူသည် မြန်မာနိုင်ငံ၏ ကိုးဦးမြောက်သမ္မတ ဖြစ်လာမည်ဖြစ်သည်။


ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ယခုအချိန်အထိ ပြည်ထောင်စုအဆင့် ထိပ်တန်းခေါင်းဆောင်များကို ခန့်အပ်ရာတွင်တိုင်းရင်းသားများကို ဦးစားပေး ရွေးချယ်ထားသည်ကို တွေ့ရသည်။


ဦးထင်ကျော်သည် မွန်-ဗမာ တိုင်းရင်းသားဖြစ်ပြီး ဦးဟင်နရီဗန်ထီးယူသည် ချင်းတိုင်းရင်းသား ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်မှာ ကချင်တိုင်းရင်းသားဖြစ်ပြီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းမှာ ကရင်တိုင်းရင်းသားဖြစ်ကာ၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်မှာ ရခိုင်တိုင်းရင်းသားဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ ဗမာလူမျိုးဖြစ်၍ထိပ်တန်း ခေါင်းဆောင်ခြောက်ဦးတွင် ငါးဦးမှာ တိုင်းရင်းသားဖြစ်နေခြင်းက အမျိုးသားရင်ကြားစေ့ရေး အစိုးရဖွဲ့မည်ဟု ဆိုထားသော ဒေါ်အောင်ဆန်းစုကြည် ပြောစကားကို အလုပ်နှင့်သက်သေပြခြင်းဖြစ်သည်။


ဦးထင်ကျော်သည်  ဒေါ် အောင်ဆန်းစုကြည်ထက် တစ် နှစ်ငယ်ပြီး ကျောင်းနေဖက်ငယ်သူငယ်ချင်းဖြစ်ကာ အသက်(၇၀)အရွယ် ရှိပြီဖြစ်သည်။
မြန်မာစာပေပညာရှင်ဆရာကြီး မင်းသုဝဏ်၏သားဖြစ်ကာ ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးမဟာဘွဲ့ရရှိသည့်အပြင် ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ဂျပန်နိုင်ငံတို့တွင် ပညာဆည်းပူးခဲ့သူလည်းဖြစ်သည်။


သူ၏ ဇနီးသည်သည် လက် ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စုစုလွင်ဖြစ်ပြီး အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ကို စ တင်တည်ထောင်ရာတွင်ပါဝင်ခဲ့ သည့် ဦးလွင်၏သမီးဖြစ်နေသည်။


 ဖွဲ့စည်းပုံ အခြေခံဥပဒေ တားမြစ်ချက်အရ သမ္မတ မဖြစ် နိုင်သည့်အတွက် ဒေါ်အောင်ဆန်း စုကြည်က သူယုံကြည်စိတ်ချရ သော ဦးထင်ကျော်အား ရွေး ကောက်ခံ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမဟုတ်သော်လည်း အစိုးရအဖွဲ့ သစ်ခေါင်းဆောင်အ ဖြစ် ယုံကြည်စွာတာဝန်ပေးအပ်ခဲ့ သည်။


ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်သည်များ ကူညီဖြည့်ဆည်း လုပ်ကိုင်ပေးနေသူဖြစ်သော်လည်း ဒီချုပ်ပါတီဝင်ဖြစ်လာသည်မှာ နှစ်လသာ ရှိသေးကြောင်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။
 ထိုသို့ ဒုသမ္မတ တာဝန် ယုံကြည်စွာ ရွေးချယ်တာဝန်ပေး ရခြင်းအကြောင်းရင်းကို မတ်လ ၁၀ ရက် ညနေက ဒေါ်အောင် ဆန်းစုကြည်သည် လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်ရာ စည်ပင် ဧည့်ရိပ်သာဝင်းသို့ လာ ရောက်ခဲ့ပြီး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံ ကာ ရှင်းပြခဲ့သည်။


‘‘ဦးထင်ကျော်ကို ရွေးတာ က အဓိကက သစ္စာရှိတာ၊နောက် အချက်တွေကတော့ စည်းကမ်း ကောင်းတယ်။ ပညာတတ်ဖြစ် တယ်။ မျိုးရိုးလည်းကောင်းတယ်။ နိုင်ငံတကာအတွေ့အကြုံလည်း ရှိတယ်။ ပြည်သူလူထုကလည်း လေးစားမယ့်သူ  ဖြစ်တယ်လို့ ပြောတယ်’’ ဟု ဒီချုပ် အမတ် တစ်ဦးက ပြန်ပြောပြသည်။


ထို့အတူ ဦးဟင်နရီဗန်ထီး ယူအား ရွေးချယ်ခြင်းသည်လည်း တိုင်းရင်းသားများ တန်းတူညီမျှ ရေးအတွက်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က သူ့ပါတီ ဝင် လွှတ်တော်ကိုယ်စားလှယ် များအား ရှင်းပြခဲ့သည်။


ဦးဟင်နရီဗန်ထီးယူသည် ဒုသမ္မတလောင်း  တင်သွင်းနိုင် သော ခန့်မှန်းအမည်စာရင်းများ တွင် မပါဖူးဘဲ ဒီချုပ်က အမည် စာရင်းတင်သွင်းလိုက်သောအခါ မီဒီယာများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများ အံ့အားသင့်ခဲ့ရ သည်။


ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ၏ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးဟင်န ရီဗန်ထီးယူသည် တပ်မတော်တွင် ဗိုလ်မှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ကာ ခရစ်ယာန်ဘာသာဝင်တစ်ဦး လည်းဖြစ်သည်။
သာမန်လွှတ်တော်ကိုယ်စား လှယ်ဘ၀ဖြင့် လွှတ်တော်ထဲ၌ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန်ကိုသာ ရည်မှန်း ထားခဲ့သည့် အသက် (၅၈)နှစ်အ ရွယ် ဦးဟင်နရီဗန်ထီးယူသည် ဒုသမ္မတလောင်းအဖြစ် အမည် စာရင်းတင်သွင်းခံရမည်ကို သုံး လေးရက်ခန့်သာ ကြိုသိခဲ့သည်။


‘‘ကျွန်တော်ကတော့ ပေး အပ်တဲ့တာဝန်ကို ဘယ်အချိန်မ ဆို အကောင်းဆုံးဖြစ်အောင် ကြိုး စားပြီးတော့ ထမ်းဆောင်မယ်ဆို တဲ့ စွမ်းဆောင်ချက်ရှိပါတယ်’’ဟု ဦးဟင်နရီဗန်ထီးယူက ပြောသည်။
ဦးထင်ကျော်၊ ဦးဟင်နရီဗန် ထီးယူတို့အပါအဝင် ရွေးကောက် ခံလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းထားသော ဒုသမ္မတလောင်းလေးဦးနှင့် တပ် မတော်မှ တင်သွင်းလာသည့် ဒုသမ္မတလောင်းတစ်ဦး စုစုပေါင်း ငါးဦးသည် သမ္မတလောင်းအရည် အချင်းစိစစ်ရေးအဖွဲ့၏ စိစစ်မှု ခံယူရဦးမည်ဖြစ်သည်။ အဆိုပါ အဖွဲ့တွင် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တို့မှ လွှတ် တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ လွှတ်တော်နှစ်ရပ်မှ ရွေးကောက် ခံလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ခုနစ်ဦးတို့ ပါဝင်ကြမည် ဖြစ် သည်။


သမ္မတအရည်အချင်းပြည့်စုံ မှုရှိ၊ မရှိ စိစစ်ရေးအဖွဲ့တွင် ပါတီ ၏ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ပါဝင်နိုင်ရေး အတွက် လွှတ်တော်နှစ်ရပ်တွင် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး ပါတီတို့မှ ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့သည့်နည်းတူ အပြိုင် တင်သွင်းခဲ့ကြသေးသည်။
သို့သော် လွှတ်တော်တွင် မဲ ခွဲရာ၌ ပြည်ခိုင်ဖြိုးက တင်သွင်း သော လွှတ်တော်ကိုယ်စားလှယ် များက ရှုံးနိမ့်ခဲ့ပြီး ဒီချုပ်၏ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်နှင့် အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်းတို့ အဖွဲ့ဝင်များ ဖြစ်လာသည်။


နှစ်ပေါင်းငါးဆယ်ခန့် အာ ဏာရှင်အစိုးရလက်အောက်တွင် နေထိုင်ခဲ့ရသည့် မြန်မာပြည်သူ များသည် ပထမဦးဆုံးအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ နေရာ၌ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကတင်သွင်းသော သမ္မတ လောင်းများကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။


မတ်လ ၁၀ ရက်တွင် ပြည် သူအားလုံး၏ ရင်ထဲ၌ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၏အမည် ကို သမ္မတလောင်းအဖြစ် မတင် သွင်းနိုင်ခဲ့သော်လည်း ဒေါ်အောင် ဆန်းစုကြည်အားကိုးယုံကြည်သူ ဦးထင်ကျော်အား သမ္မတနေရာ ပေးရန် ဒုသမ္မတလောင်းအမည် စာရင်း တင်သွင်းခဲ့ခြင်းကို လူမှု ကွန်ရက်စာမျက်နှာများ အပါအ ဝင် ပြည်သူများအကြား သဘော ကျ လက်ခံခဲ့ကြသည်။
‘‘စိတ်ထဲမှာတော့ ၅၉(စ)ကို ရွှေ့ဆိုင်းပြီး အမေစုကို ဖြစ်စေချင်တာပါ။ သို့ပေမဲ့ ပြည်သူ လူထုက တင်မြှောက်ထားတဲ့ အမေရဲ့ ရွေးချယ်မှုက ပြည်သူ တွေအတွက် ဝန်ထမ်းကောင်း တွေ ရွေးချယ်ပေးတယ်လို့ မြင် တယ်’’ ဟု ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ကျွမ်းကျင်သူဦးအောင်သံလွင်က  ပြောသည်။


‘‘ဒေါ်အောင်ဆန်းစုကြည် ရွေးထားတာဖြစ်တဲ့အတွက် ယုံ ကြည်တယ်။ ဒေါ်အောင်ဆန်းစု ကြည်ကို ယုံတဲ့အတွက် ကောင်း မယ်လို့ ယုံကြည်တယ်။Changes ဖြစ်အောင် လုပ်နိုင်မယ်လို့လည်း ထင်တယ်’’ ဟု အင်ဂျင်နီယာတစ်ဦးဖြစ်သော ဦးမျိုးလင်းဆွေက မှတ်ချက်ပြုသည်။


ဒေါ်အောင်ဆန်းစုကြည်က လည်း မတ်လ ၁၀ ရက် နံနက် တွင် သမ္မတရွေးချယ်ရေးလုပ်ငန်း စဉ်များကို ပြည်သူများက ဝန်းရံ ထောက်ခံပေးကြရန် ပန်ကြား ထားသည်။‘‘ပြည်သူလူထု၏ ဆန္ဒ များကို အပြည့်အဝအကောင်အ ထည်မဖော်နိုင်မီကာလအတွင်း ကျွန်မတို့နိုင်ငံ အေးချမ်းတည်ငြိမ် စွာဖြင့် လိုရာပန်းတိုင်သို့ ရောက်ရှိ စေရန် ပြည်သူပြည်သားများအား လုံးက ဉာဏ်ပညာအမြော်အမြင် ဖြင့် ဝန်းရံ ထောက်ခံပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါ သည်’’ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ပြည်သူသို့ ပန်ကြားချက်တွင် ဖော်ပြထားသည်။


ဒီချုပ်၏ ထိပ်ပိုင်း  ခေါင်း ဆောင်များက သူသမ္မတဖြစ်ရေး ကို ဆက်လက်ကြိုးပမ်းမည်ဟု ဆိုကြသည်။
‘‘ပြည်သူတွေ ရွေးချယ်ထား တဲ့ ကျွန်တော်တို့ပါတီရဲ့ ပြည်သူ့ခေါင်းဆောင် အခုလောလော ဆယ်တော့ မဖြစ်သေးဘူးပေါ့။ ဒါပေမဲ့ ဒါကိုတော့ မဖြစ်ဖြစ်အောင်လုပ်ဖို့၊ ကြိုးစားဖို့ ဆရာတို့ တာဝန်ကျန်သေးတာပေါ့’’ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးအောင်က ဆိုသည်။



www.7daydaily.com

0 comments:

Post a Comment