ရန်ကုန် စတော့ခ်ရှယ်ယာ အိပ်ချိန်းက အရောင်းအဝယ်တွေ မတ်လ ၂၅ရက်နေ့မှာ စမယ်။
မြန်မာနိုင်ငံမှာ စတော့ခ် ရှယ်ယာ အရောင်းအဝယ် လုပ်ငန်းတွေ လာမယ့် မတ်လ ၂၅ရက်နေ့မှာ စတင်တော့မှာပါ။
ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြားခံ ဆောင်ရွက်ပေးမယ့် ကုမ္ပဏီတွေလည်း စတင် ဖွင့်လှစ်နေပြီ ဖြစ်ရာမှာ အဲဒီထဲက တခုဖြစ်တဲ့ CB Securities Limited ကုမ္ပဏီကတော့ ဒီကနေ့ မတ်လ ၁၉ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ရှယ်ယာ ရောင်းဝယ်လိုသူ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အဲဒီ ကုမ္ပဏီတွေနဲ့ Securities Trading Account ဖွင့်ဖို့ လိုပြီး အဲဒီ Account ရှိသူ မှန်သမျှ ရန်ကုန် စတော့ခ် အိပ်ချိန်းပေါ်မှာ ရှိတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို အဲဒီ Securities ကုမ္ပဏီတွေကနေ တဆင့် ရောင်းနိုင် ဝယ်နိုင်မှာ ဖြစ်ပါတယ်။
စတော့ခ် ရှယ်ယာစနစ်ထဲ ဝင်ပြီး ငွေကြေးခဝါချမှုမျိုးတွေ လုပ်လာတာမျိုး မဖြစ်အောင် စည်းမျဉ်း ကန့်သတ်မှုတွေ သတ်မှတ်ထားသလို Securities ကုမ္ပဏီတွေအနေနဲ့လည်း ကိုယ့်ဖောက်သည် ရင်းနှီးမြှုပ်နှံသူရဲ့ အကြောင်းကို အသေအချာ သိထားအောင် လုပ်ရတာမျိုးတွေ ရှိတယ်လို့ CB Securities Limited ကုမ္ပဏီ မန်းနေးဂျင်း ဒါရိုက်တာ ဉီးသောင်းဟန်က ဘီဘီစီကို ပြောပါတယ်။
လူတယောက်ကို ကျပ်ငွေ သိန်း၁၀၀ အထက် ရှယ်ယာ ဝယ်ယူတယ် ဆိုရင်တော့ သတင်းပို့ရမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ အိပ်ချိန်း စနစ်ကြီး စနစ်တကျ ပေါ်ပေါက်လာပြီ ဖြစ်သလို ဂျပန်နိုင်ငံကလည်း လိုအပ်တဲ့ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ အကူအညီတွေ ပေးပြီး Shares holder အနေနဲ့ လုပ်နေပြီ ဖြစ်တဲ့အတွက် အရင် အတိတ်ကာလကလို ငွေရင်းနှီးမြှုပ်နှံသူတွေအတွက် ဆုံးရှုံး နစ်နာမှုတွေ ဖြစ်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူးလို့ ဆိုပါတယ်။

BBC Burmese

0 comments:
Post a Comment