လွှတ်တော် ၂ ရပ်မှာ ဒုသမ္မတကို မဲပေးရွေးချယ်


ဒီကနေ့ ဒုသမ္မတတွေ ရွေးနိုင်ဖို့ ဆန္ဒမဲပေးတာမှာ ပြည်သူ့လွှတ်တော်မှာ NLD ပါတီက တင်သွင်းတဲ့ ဦးထင်ကျော်က ၂၇၄ မဲရခဲ့ပါတယ်။


ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ လက်ရှိဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉မဲရခဲ့ပါတယ်။ ပယ်မဲကတော့ ၁၄မဲထွက်ခဲ့ပါတယ်။ မဲပေးနိုင်သူ အရေအတွက်က ၃၁၇ ယောက်ရှိပါတယ် ။ မဲအရေအတွက်အရ ဦးထင်ကျော်ကို ပြည်သူ့လွှတ်တော် ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးလိုက်တဲ့ ဒုသမ္မတအနေနဲ့ ရွေးချယ်လိုက်ပါတယ်။


 အမျိုးသားလွှတ်တော်မှာတော့ NLD ပါတီက တင်သွင်းတဲ့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်တီးယူက၁၄၈ မဲရရှိခဲ့ ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကတင်သွင်းတဲ့ အရင် အမျိုးသား လွှတ်တော်ဥက္ကဌဟောင်းလည်းဖြစ် လက်ရှိ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့် က ၁၃ မဲ ရခဲ့ပါတယ်။ ပယ်မဲ ၆ မဲထွက်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော် မှာမဲပေးနိုင်သူ အရေအတွက်က ၁၆၇ယောက်ရှိပါတယ်။ မဲအရေအတွက်အရ အမျိုးသားလွှတ်တော် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကရွေးလိုက်တဲ့
ဒုသမ္မတအနေနဲ့ ဦးဟင်နရီဗန်တီးယူ ကိုရွေးချယ်ခဲ့ပါတယ်။


အခုရွေးချယ်လိုက်တဲ့ လွှတ်တော် ၂ ရပ်က ဒုသမ္မတ ၂ ဦး တပ်မတော်ဘက်ကနေတင်သွင်းမယ့် ဒုသမ္မတ
၁ဦး ပေါင်း ၃ဦးတို့ဟာ သမ္မတဖြစ်နိုင်မဖြစ်နိုင်ကို စိစစ်ခံရမှာဖြစ်ပြီး ဒီလူတွေထဲက ၁ဦးကို ဆန္ဒမဲပေးကာ သမ္မတအဖြစ်ရွေးရမှာပါ။ ကျန် ၂ ဦးကတော့ ဒုသမ္မတဖြစ်လာမှာဖြစ်ပါတယ်။

 
VOA Burmese



0 comments:

Post a Comment