အင်ဒိုနီးရှားမှာ အင်အား ၇.၉ အဆင့် ငလျင်လှုပ်၊ ဆူနာမီသတိပေးချက်ထုတ်ထား


အရေးကြီး ကမ္ဘာ့သတင်း´

အင်ဒိုနီးရှားမှာ အင်အား ၇.၉ အဆင့် ငလျင်လှုပ်၊ ဆူနာမီသတိပေးချက်ထုတ်ထား
++++++++++++++++++++++

မတ် ၂။ ။အင်ဒိုနီးရှားကမ်းလွန်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၈း၀၀ နာရီခန့်က အင်အား ၇.၉ ဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ငလျင်တိုင်းတာရေးအဖွဲ့က ဆိုပါတယ်။ နိုင်ငံမှာ ဆူနာမီသတိပေးချက်ထုတ်ထားကြောင်း အမျိုးသားငလျင်အေဂျင်စီက ဆိုပါတယ်။

ဆူမားတြားကျွန်းအနောက်တောင်ဘက်မှာလှုပ်ခဲ့တဲ့ငလျင်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာ (၆ မိုင်)အကွာမှာ လှုပ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဗဟိုချက်က ပါဒန်းမြို့ အနောက်တောင်ဘက် ၈၀၈ ကီလိုမီတာ (၅၀၂ မိုင်)မှာဖြစ်ပါတယ်။

အသေအပျောက်သတင်းကို ချက်ခြင်းမသိရသေးပါဘူး။ ဒါပေမယ့် မြေပြင်အနက်တိမ်တဲ့ငလျင်တွေဟာ အပျက်အစီးကြီးမားလေ့ရှိပါတယ်။

အင်ဒိုနီးရှားဟာ အနောက်ဆူမားတြား၊ မြောက်ဆူမားတြားနဲ့ အာချေးတို့မှာ ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကြောင်း အမျိုးသားငလျင်အေဂျင်စီက ဆိုပါတယ်။
 
 
ဘာသာပြန် - စုပြည့်စုံ

Ref: TheGuardian, Mar 2nd
 
 
 

0 comments:

Post a Comment