♪ “LG AKA” ♫


LG က ထုတ်လုပ်လိုက်သည့် AKA ဖုန်းသည် လူငယ်အများစုကို အကြိုက်တွေ့စေမယ့်အနေအထား ရှိပါတယ်။ အချို့ဖုန်းတွေက ကင်မရာနဲ့ အခြားလုံခြုံရေးစနစ်များကို ကောင်းမွန်အောင် ဆောင် ရွက်ပေးထားပေမယ့် ယခုဖုန်းမှာတော့ ထူးခြားမှုရှိအောင် သက်ဝင်လှုပ်ရှားနိုင်သည့် မျက်လုံး တစ်စုံကို ပါရှိအောင်တီထွင်ပေးထားပါတယ်။

ယင်းဒီဇိုင်းဟာ စမတ်ဖုန်း လောကမှာ ပထမဆုံးပဲဖြစ်ပါတယ်။ ထူးခြားသော မျက်လုံးဒီဇိုင်းအပြင် ကိုယ်ပိုင်စရိုက်လေးတွေလည်း ပိုင်ဆိုင်ထားကာ၊ ကိုယ်ပိုင်အမည်လေး တွေလည်း ကိုယ်စီရှိကြပါတယ်။ သူတို့နာမည်များကတော့ LG AKA YOYO, AKA EGGY, AKA SOUL, AKA WOOKY တို့ပဲဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်း ဇာတ်ကောင်လေးတွေနဲ့ အတူတွဲဖက်ပြီး၊ ဓာတ်ပုံရိုက်ကူးနိုင်သည့်အပြင် အဓိကကင်မရာ၌ ပုံရိပ်ကိုအလွယ်တကူဖမ်းယူနိုင်သော Laser Auto Focus လည်းပါဝင်ပါတယ်။ LG AKA စမတ်ဖုန်း၏ထူးခြားချက်မှာ ဖုန်းအသုံးပြုသူကို AKA ဖုန်းမှ စောင့်ကြည့်သလို ခံစားရမှာဖြစ်ပါတယ်။ ဖုန်းသုံးစွဲသူ၏ လှုပ်ရှားမှုပုံစံအလိုက် AKA လေးတွေက သက်ဝင်လှုပ်ရှားသော မျက်လုံးဟန် ဖြင့် တုံ့ပြန်သွားမှာဖြစ်ပါတယ်။

2G, 3G, 4G network အထောက်အပံ့သုံးစွဲနိုင်ပြီး၊ ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 138.7x71.9x10mm ဖြစ်ကာ၊ အလေးချိန်ကတော့ 135g ရှိပါတယ်။ IPS LCD capacitive touchscreen ဟာ 5 inches အကျယ် အ၀န်း ရှိပြီး၊ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားတဲ့ pixels ပမာဏ ကတော့ 720x1280 ပါ။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆ က 294ppi ပါ။ အဓိကကင်မရာဟာ 8MP စွမ်းရည် ဖြစ်ပြီး၊ ရှေ့ကင်မရာငယ် ကတော့ 2.1MP စွမ်းရည်ရှိပါတယ်။

ထည့်သွင်းပေးထားတဲ့ RAM ပမာဏ ကတော့ 1.5GB ပါ။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ အမြောက်အမြားပါရှိပြီး၊ SD ကတ်စိုက်ပြီးလည်းထပ်မံတိုးချဲ့နိုင်ပါသေးတယ်။ ဘက်ထရီအမျိုးအစား ကတော့ Li-Ion 2610mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Screen - 5 inches
Camera - 8 MP
Bluetooth - v4.0
Storage - 16 GB, up to 32 GB
OS - Android OS,v4.4.2
Contact - 01-544644
Mobile Guide Journal (Every Monday)

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment