OPPO F1 (Selfie ဘုရင်)



Selfie ရိုက်ယူမှုအတွက်အကောင်းဆုံး “Selfie ဘုရင်” OPPO F1 ကင်မရာ ဖုန်းကို ပြည်တွင်းဈေးကွက်တွင်ဝယ် ယူရရှိနိုင်ပြီ
စမတ်ဖုန်းသုံးစွဲသူများအတွက် အထူးစွဲမက်နှစ်သက်ဖွယ်ကောင်းသော Selfie ရိုက်ကူးမှုအသားပေး OPPO F1 ကင်မရာဖုန်းကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ ယခုကင်မရာဖုန်းမှာ OPPO ၏ ၂၀၁၆ခုနှစ်အတွက် စတင်မိတ်ဆက်ပေးလိုက်သော F Series စမတ်ဖုန်းများထဲမှ ပထမဆုံးစမတ် ဖုန်းတစ်လုံးလည်းဖြစ်ပြီး နောက်ပိုင်းတွင်ကင်မရာအသားပေး F Series စမတ်ဖုန်းသစ်များကိုပါ ဆက်လက် မိတ်ဆက်ပေးသွားဦးမည်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိစမတ်ဖုန်းသုံးစွဲသူများ၏ ဖုန်းနှင့်ပတ်သက်သည့်အကြိုက် ဆုံး feature ကိုအကဲခတ်လေ့လာကြည့်ရာတွင် အများစုမှာ Selfie ရိုက်ကူးမှုကို အဓိကအလေးပေးသုံးစွဲလာ ကြသည်ကိုတွေ့ရှိခဲ့ရသည့်အတွက် OPPO အနေဖြင့် ပြောင်းလဲလာသောစမတ်ဖုန်းသုံးစွဲမှုရေးစီးကြောင်းနှင့် ကိုက်ညီမှုရှိစေရန် Selfie ဘုရင် ဟုတင်စားခေါ်ဝေါ်ထားသော F1 ကင်မရာဖုန်းကို ဖန်တီးမိတ်ဆက်ပေးလိုက်ရ ခြင်းဖြစ်သည်။
OPPO F1 ကင်မရာဖုန်းတွင် Selfie ရိုက်ကူးမှုကို အထူးကောင်းမွန်စေမည့် 1/4-inch sensore အရွယ်အစားရှိ 8MP ရှေ့ဘက်ကင်မရာကိုထည့် သွင်းတပ်ဆင်ပေးထားပြီး အဆိုပါကင်မရာ၏ အလင်းတံခါးအကျယ်မှာ လက်ရှိတွင်ပုံမှန်အသုံးပြုနေကြသည့် f/2.4 aperture ထက် အလင်းဝင်ရောက်မှုကို ၄၄ရာခိုင်နှုန်းပိုမိုရရှိစေမည့်အပြင် ပုံမှန် 5MP အရှေ့ဘက်ကင်မရာများထက် ရုပ်ထွက်ကြည်လင်ပြတ်သားမှုအပိုင်းတွင် ၃၃ရာခိုင်နှုန်း ပိုမိုသာလွန်စေဦးမည့် wide f/2.0 aperture ကိုအသုံးပြုပေးထားခြင်းဖြစ်သည်။ F1 တွင် ကင်မရာရိုက်ကူးမှုနှင့် သက်ဆိုင်သည့် ထူးခြားကောင်းမွန်သော Feature မြောက်မြားစွာကို ထည့်သွင်းပေးထားပြီး ထူးခြားမှုအနေဖြင့်  Selfie ပုံများကို Selfie stick ဖြင့်ရိုက်ယူရာတွင် လက်ဖဝါးကိုလှုပ်ရမ်းပေးလိုက်ရုံဖြင့် အလွယ်တကူရိုက်ကူး  နိုင်စေမည့် Palm Shutter ၊ ရှေ့ကင်မရာကိုသုံးပြီး အလင်းနည်းပါးသည့်အခြေအနေတွင် အပြေပြစ်ဆုံး skin tone color ကိုရရှိစေရန်ချိန်ညှိလုပ်ဆောင်ပေးမည့် Screen flash၊ “Color” သို့မဟုတ် “Cheese” ဟုပြော လိုက်ရုံဖြင့်လည်း Selfie ပုံများကိုပိုမိုလွယ်ကူထိရောက်စွာရိုက်ယူနိုင်စေမည်ဖြစ်သည်။ နောက်ကင်မရာ၏အ ရည်အသွေးမှာ Full HD video ရိုက်ယူနိုင်မည့် 13MP အမျိုးအစားဖြစ်ပြီး LED flash ထောက်ပံ့မှုပါဝင်မည်ဖြစ်သည်။
Selfie ဘုရင်ဟု တင်စားခေါ်ဆိုထားသည့် OPPO F1 ကင်မရာဖုန်းမှာ ဈေးနှုန်းပိုင်းတွင် ပြိုင်ဘက်များမယှဉ်သာသော ဈေးနှုန်းဖြစ် သည့် ၂၉၉,၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်စေမှာဖြစ်ပြီး အသုံးပြုထာသော hardware ပစ္စည်းများဖြင့် နှိုင်းယှဉ်ပါက “Best Value for Price” အပြည့်အ၀ထိုက်တန်မှုရှိသည်ကို တွေ့ရှိရမှာဖြစ်ပါသည်။ အထူးသဖြင့် ဖုန်းရဲ့လုပ်ဆောင်မှုအပိုင်းပိုမိုမြန်ဆန်စေရန်ပံ့ပိုး လုပ်ဆောင်ပေးမည့် 3GB RAM ထည့်သွင်းအသုံးပြုထားတာမှာ ပြိုင်ဘက်တွေမည်သို့မျှမယှဉ်နိုင်သည့် အားသာချက်ဖြစ်သလို ရှေ့ဘက်ကင်မရာအတွက် အသုံးပြုထားသည့် 8MP ရုပ်ထွက်အရည်အသွေးမှာလည်း iPhone 6s နှင့် Samsung Galaxy S6 Plus တို့ကိုအကောင်းဆုံးယှဉ်နိုင်မည့်ရုပ်ထွက်မျိုးပေးစွမ်းနိုင်စေမှာဖြစ်ပြီး ဈေးနှုန်းပိုင်းတွင်မူ ပိုမိုသက်သာစွာဖြင့် ၀ယ်ယူအသုံးပြုနိုင်စေမည်ဖြစ်သည်။  OPPO F1 မှာ မျက်နှာပြင် ၅လက်မရှိပြီး HD အဆင့်ရုပ်ထွက်အရည်အသွေးမျိုးပေးစွမ်းထားသလို မျက်နှာပြင်အကြမ်းခံစေရန် တန်ဖိုးကြီးအဆင့်မြင့်ဖုန်းတွေမှာသာ အဓိကအသုံးပြုသည့် Corning Gorilla Glass 4 နှင့်ပါဖုံးအုပ်ကာကွယ်ပေးထားသည်။ ပေါ့ပါးသည့်သတ္ထုစပ်ကိုယ်ထည်ကြောင့် အလေးချိန်မှာလည်း 134g သာရှိမည်ဖြစ်သည်။

###

0 comments:

Post a Comment