Oppo မှ K9 စမတ်ဖုန်းထုတ်လုပ်မည့်ကိစ္စအား အတည်ပြုခဲ့ပြီး နောက်တွင် မတ်လ ၁၇
ရက်၌ တရားဝင် ကြေညာမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ ယခုအခါ နောက်ထပ် teaser
တစ်ခုအရ R9 တွင် VOOC Fast charging ပါဝင်လာမည်ဟု ထပ်မံသိရှိကြရသည်။ R9 သည်
၅ မိနစ်အားသွင်းရုံဖြင့် ၂ နာရီကြာ စကားပြောချိန် ရမည်ဖြစ်သည်။
သို့သော်
Oppo မှ MWC ပွဲတွင်ပြသခဲ့သော Super VOOC မဟုတ်ကြောင်းသိရသည်။ Super VOOC
သည် 2500mAh ဘက်ထရီအား ၁၅ မိနစ်နှင့် အားအပြည့်သွင်းနိုင်မည်ဖြစ်သည်။ Oppo
R9 သည် ကင်မရာအဓိကဖုန်းတစ်ခုဖြစ်ပြီး ၆
လက်မ QHD screen, 21MP ကင်မရာနှင့် 13MP selfie ကင်မရာ၊ RAM 3 (သို့) 4GB,
storage 64GB နှင့် 3700mAh ဘက်ထရီတို့ပါဝင်မည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
ထွက်ရှိသမျှ သတင်းများအရ R9 သည် Flagship ဖုန်းတစ်ခုဖြစ်ပြီး Snapdragon
820 SoC အား သုံးစွဲမည်ဟုဆိုထားသည်။
သို့သော် ယခင်က R series ဖုန်းများသည်
specs အရ mid range ဖုန်းများသာဖြစ်ခဲ့သည်။ ယခုအခါ TENAA မှ
ပေါက်ကြားခဲ့သော သတင်းအရ R9 အပြင် R9 Plus ပါ ထွက်ရန်ရှိနေကြောင်းသိရပြီး
R9 မှာ Full HD 5.5 display နှင့် R9 Plus တွင် ၆ လက်မ Full HD display
ပါဝင်မည်ဟုဆိုထားသည်။
အဓိကသတင်းမှာ TENAA ၏ အလိုအရ processor မှာ
Snapdragon 820 မဟုတ်ဘဲ 1.9GHz octa-core processor ဖြစ်ကြောင်း သိရသည်။
မည်သို့ဖြစ်စေ specs အတိအကျအား တရားဝင်ကြေညာချိန်မှ သေချာသိရှိရမည်ဖြစ်သည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
https://www.facebook.com/officialnetguidejournal
0 comments:
Post a Comment