အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် တစ်ပြိုင်နက် ရောင်းချသည့် Samsung Galaxy S7 edge



Samsung ဟာ မြန်မာနိုင်ငံ မိုဘိုင်းဖုန်း ဈေးကွက်အတွင်းသို့ အခြားနိုင်ငံများနည်းတူ တရားဝင် ရောင်းချခြမည့်အစီအစဉ်ကို ရန်ကုန်နှင့် မန္တလေးတို့မှာ ကျင်းပခဲ့ပါတယ်။  Samsung Galaxy S7 Edge ဟာ အခြားဖုန်များနဲ့ မတူတဲ့ Feature အသစ်များဖြစ်တဲ့ ရေဆိုခံခြင်း၊ Dual Focus ထည့်သွင်းထားခြင်းကြောင့် ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများရရှိခြင်း၊ Wireless Charger ဖြင့် အားသွင်းနိုင်ခြင်း စတဲ့ အချက်များကြောင့် လူစိတ်ဝင်စားမှု များပြားလှပါတယ်။ ဒါကြောင့် Samsung အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ Samsung ကို ကြိုက်နှစ်သက်သူများအတွက် ရန်ကုန်နဲ့ မန္တလေး တစ်ချိန်တည်းမှာရောင်းချပေးသွားခဲ့ပါတယ်။ 


Samsung Galaxy S7 Edge ကို ရန်ကုန်မြို့ မှာဆိုရင်  Myanmar Plaza နှင့် မန္တလေးမြို့မှာဆိုရင် Mandalay Sedona ဟိုတယ်မှာ မနက်ကိုးနာရီမှာ တစ်ချိန်တည်းမှာပင် စတင်ရောင်းချပေးသွားခဲ့ပါတယ်။ Samsung Galaxy S7 Edge ကို လာရောက် ဝယ်ယူများထဲမှ အယောက် ၂၀၀ ကို Samsung Galaxy Gear S2 Classic နာရီ အလုံး ၂၀၀ ကိုလည်း ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။ Samsung Galaxy S7 Edge ကို ရန်ကုန်တွင်ရော မန္တလေးမှာပါ လာရောက် ဝယ်ယူသူများပြားလွန်းတဲ့အပြင် ညကတည်းက လာရောက်စောင့်စားကာ ဝယ်ယူခဲ့ကြတဲ့ အသုံးပြုသူများနဲ့ စည်ကားလွန်းခဲ့ပါတယ်။ 


Samsung Galaxy S7 Edge ကို မြန်မာနိုင်ငံမှာ မြန်မာကျပ်ငွေ 900,000 ကျပ်ဖြင့် ရောင်းချပေးသွားခဲ့ပါတယ်။ Samsung Galaxy S7 Edge ဟာ အရွယ်အစား 5.5  လက်မရှိပြီး Corning Gorilla Glass 4 ကို အသုံးပြုထားပါတယ်။ OS အနေနဲ့  Android OS Version 6.0 ကို အသုံးပြုထားပါတယ်။ အလေးချိန်အားဖြင့် 157g ရှိပြီး Dimensions ကတော့ 150.9 x 72.6 x 7.7 mm (5.94 x 2.86 x 0.30 in) ဖြစ်ပါတယ်။ Resolution ကတော့ 1440 x 2560 pixels (~534 ppi pixel density) ဖြစ်တဲ့အတွက်ကြောင့် ဓါတ်ပုံများ ဗီဒီယိုများကို resolution ကောင်းကောင်းဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ CPU ကတော့  Dual Core 2.15 GHz Kryo နဲ့ Dual-Core 1.6 GHz Kryo အပြင် Quad-Core 2.3 GHz Mongoose + Quad-core 1.6 GHz Cortex-A53 တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတဲ့အတွက် ဖုန်းနဲ့  ဂိမ်းဆော့တဲ့ လူတွေအတွက်အထူးကောင်းမွန်တဲ့ CPU တစ်မျိုးဖြစ်ပါတယ်။ 





ကင်မရာမှာဆိုရင်လည်း အပြင်ဘက်ကင်မရာ 12 MP ကိုအသုံးပြုထားတဲ့အတွက် အရည်သွေးကောင်းမွန်တဲ့ ဓါတ်ပုံများကိုရရှိမဲ့အပြင် focus 1.7 ကို အသုံးပြုထားတဲ့အတွက်ကြောင့် ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများကိုရရှိမှာဖြစ်ပါတယ်။ ဗီဒီယိုများကိုရိုက်ကူးရာမှာလည်း 4K Resolution ရှိတဲ့ ဗီဒီယိုများကို ရိုက်ကူးရယူနိုင်မှာဖြစ်ပါတယ်။ အတွင်းဘက်ကင်မရာ 5MP ရှိတဲ့အပြင် Focus ကိုလည်း 1.7 အသုံးပြုထားတဲ့အတွက် အတွင်းဘက် ကင်မရာနဲ့ ဓါတ်ပုံရိုက်ရာရင်လည်း ကြည်လင်ပြတ်သားပြီး အရည်အသွေးကောင်းမွန်တဲ့ ပုံရိတ်များကိုရရှိမှာဖြစ်ပါတယ်။



RAM ကိုလည်း 4GB RAM အသုံးပြုထားပြီး Storage အနေနဲ့ 32 GB နဲ့ 64 GB ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားတဲ့အပြင် Micro SD Card Slot ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ ဒီအချက်ကြောင့် Storage မလုံလောက်တဲ့ ပြဿ နာကိုစိတ်ပူစရာ မလိုပဲ ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။  ဘက်ထရီအမျိုးအစားကိုတော့ 3600 mAh ဘက်ထရီအမျိုးအစားအသုံးပြုထားတဲ့အတွက်ကြောင့် ဘက်ထရီအားကိုလည်း ကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 


Samsung Galaxy S7 Edge ကို ၂၀.၃.၂၀၁၆ ရက်နေ့ တစ်ရက်တည်းတွင်သာ  တရားဝင် ရောင်းချပေးခြင်းဖြစ်ပြီး ထိုရက်တစ်ရက်တည်းမှာပဲ သတ်မှတ်ထားတဲ့ အလုံးအရေအတွက်အားလုံး ရောင်းကုန်သွားခဲ့ပါတယ်။ 

Aung Ko Htet (Winkabarkyaw)

#aungkohtet_wkbk

0 comments:

Post a Comment