♪ “Samsung Myanmar မှ Galaxy S7 နှင့် S7 Edge ဝယ်ယူသူများအတွက် Premium Care စတင်” ♫


ဆမ်ဆောင်းမြန်မာမှ Samsung Galaxy S7 နှင့် S7 Edge ဝယ်ယူသူများ အတွက် အဆင့်မြင့် ဝန်ဆောင်မှု အစီအစဉ်တစ်ခုဖြစ်သည့် Samsung Premium Care အား စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Samsung Premium Care သည် Samsung မှ စတင်လုပ်ဆောင်သည့် အစီအစဉ်သစ်တစ်ခုဖြစ်ပြီး Samsung Galaxy S7 နှင့် Galaxy S7 edge ဖုန်းအသုံး ပြုသူများအနေဖြင့် အထူးအာမခံအခွင့်အရေးများ ရရှိမည်ဖြစ် သည်။'' Premium Care အစီအစဉ်အရ နောက်ဆုံးထွက်ရှိထားတဲ့ Samsung Galaxy S7 နဲ့ Galaxy S7 edge ဝယ်ယူသုံးစွဲသူတွေက Service Card ပါဝင်တဲ့ Samsung Premium Care pack ကိုလက်ခံရရှိမှာ ဖြစ်ပါ တယ်။ ဒီအစီအစဉ်နဲ့အတူကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့ customerတွေကို ပိုမိုကောင်းမွန်တဲ့အရည်အသွေးမြင့် ဝန်ဆောင်မှုတွေပံ့ပိုးပေးပြီး Samsung Premium Care ရဲ့တိုင်ပင်ဆွေးနွေးသူတွေနဲ့လည်း လွယ်လွယ်ကူကူ ဆွေးနွေးနိုင်ဖို့ စီစဉ်ပံ့ပိုးပေးထားပါတယ်''ဟု Samsung Myanmar ၏ Head of IT & Mobile ကိုဇာနည်ဝင်းထက်က ပြောသည်။

အဆိုပါ Samsung Premium Care အစီအစဉ်တွင်သတ်မှတ်ထားသော အဆင့်မြင့်ဖုန်းများအတွက် Software ပြဿနာများအား အိမ်တိုင်ရာရောက် လာရောက်၍တစ်ထိုင်တည်း ပြုပြင်ပေးခြင်းနှင့် Hardware ပြဿနာများ အတွက် အိမ်တိုင်ရာရောက်ဖုန်းအား လက်ခံလာယူပေးခြင်းနှင့် ပြန်လည် ပို့ဆောင်ပေးခြင်း (ရန်ကုန်မြို့နှင့် မန္တလေးမြို့သာ)၊ လိုအပ်သည်များအား ခေါ်ဆိုမေးမြန်းနိုင်ရန် သီးသန့်စီစဉ်ပေးထားသည့် 01-2399990 Call Centre ထားရှိပေးခြင်း၊ ဖုန်းပြင်ဆင်နေစဉ်ကာလအတွင်း အစားထိုးဖုန်း တစ်လုံးစီစဉ်ပေးခြင်း၊ အထူးပြုပြင်ပေးခြင်းကြောင့် စောင့်ဆိုင်းရချိန် ပိုမို နည်းပါးကာ ပြုပြင်ချိန်လျင်မြန်ခြင်းနှင့် Software ပိုင်း လုပ်ဆောင်ချက် ဆိုင်ရာ အသေးစားကိစ္စရပ်များအတွက် မိမိကိုယ်တိုင်လွယ်လင့်တကူ လုပ်ဆောင်နိုင်ရန် ဖုန်းမှ တစ်ဆင့်လမ်းညွှန်ပံ့ပိုးပေးနိုင်သည့် Samsung Premium Care အတိုင်ပင်ခံများထံမှသုံးစွဲသူများ စိတ်ကျေနပ်မှု ရသည် အထိ အကြံပေးကူညီမှုများအား ရရှိနိုင်ခြင်းတို့ ပါဝင်ပါသည်။Samsung Premium Care အစီအစဉ်အား စတင်မိတ်ဆက်ခြင်း အထူးခံစားခွင့်အဖြစ် ၂ဝ၁၆ ခုနှစ်၊ စက်တင် ဘာလကုန်အထိ အကျုံးဝင်သည့် မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် ထိခိုက်ပျက်စီးခြင်းအတွက် ပြင်ဆင်မှု တစ်ကြိမ်ဆောင်ရွက်ပေးခြင်း (ဖုန်း၏ရှေ့မျက်နှာပြင်ထိခိုက်ပျက်စီးမှု အတွက်ငွေပမာဏ ၅ဝ ရာခိုင် နှုန်းနှင့်ဖုန်းအနောက်မျက်နှာပြင်အတွက် ၁ဝဝရာခိုင်နှုန်းအား Samsung Mobile Myanmar မှသာကျခံသုံးစွဲ၍ ပြင်ဆင်မှုတစ်ကြိမ်ဆောင်ရွက်ပေးခြင်း) စသည့် အထူးဝန်ဆောင်မှုများ ရရှိနိုင်မည်ဖြစ်သည်။

ဥပမာသုံးစွဲသူတစ်ဦးအနေဖြင့် Galaxy S7 သို့မဟုတ် S7 edge နှင့် ပတ်သက်၍ သိရှိမေးမြန်းလိုပါက Samsung Premium Care Hotline သို့ဖုန်းခေါ်ဆိုမေးမြန်းနိုင်ပြီးသုံးစွဲသူများကြုံတွေ့နေရသည့် အခက်အခဲ များနှင့်ဖုန်း၏လုပ်ဆောင်ချက်များအားမေးမြန်းဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများ၏ လိုအပ်ချက်များအား ကျေနပ်မှုရသည်အထိ ဖြေရှင်းပေးခြင်း နှင့် အကြံပေးကူညီပေးခြင်းများကို Samsung Premium Care အတိုင်ပင် ခံများမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။Samsung Premium Care အား ၂ဝ၁၆ မတ်လအတွင်းစတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အဆိုပါ အစီအစဉ်သည် ယခုလက်ရှိအချိန်ကာလတွင် Samsung Galaxy S7 နှင့် Galaxy S7 edge ဝယ်ယူ သုံးစွဲသူများအတွက်သာ ရရှိနိုင်မည်ဖြစ်သည်။ အသစ်ထပ်မံထွက်ရှိလာမည့် Samsung ဖုန်းများအား Samsung Premium Care အစီ အစဉ်တွင် ထည့်သွင်းခြင်းကို ပစ္စည်းသစ်ထွက်ရှိပြီး နောက်ပိုင်း ရက်များမှသာ ဆုံးဖြတ်ရန်စီစဉ်ထားပါသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

1 comments:

s7 edge မှာ မြန်မာဖေါင့် ဘယ်လိုထည့်ရမှာလဲသိချင်ပါတယ်
ကျေးဇူးပြုပြီး ပြန်ကြားပေးပါ
အီးမေး seinwinkyi.mftb@gmail.com

Post a Comment