Xiaomi
က တရုတ်နိုင်ငံ ဘေဂျင်းတွင် ပွဲတစ်ခုပြုလုပ်ပြီး Mi 4s ကို မိတ်ဆက်
လိုက်ပါတယ်။ Mi 4s ဟာ စွမ်းဆောင်ရည်သင့် မက၊ စွမ်းဆောင်ရည်မြင့် မကျ
စမတ်ဖုန်း ဖြစ်ပါတယ်။ ယခင်နှစ်ထုတ် Mi 4i ထက် Hard-ware အပိုင်းတွင်
တိုးတက်ကောင်းမွန်မှုများစွာ
ပါရှိလာပါတယ်။
Xiaomi Mi 4s မှာ ယခင်နှစ်ထုတ် LG G4 မှာ ထည့်သွင်းထားတဲ့
Core ခြောက်ခုပါတဲ့ Qualcomm Snapdragon 808 Processor ဖြင့် အဆင့်မြှင့်ထားပါတယ်။
Xiaomi Mi 4s မှာ 3GB RAM, 64GB Internal Storage , microSD Card Slot
များ ထည့်သွင်းထားပါတယ်။ microSD Card Slot ပါရှိတာက Mi 4i ထက်
အားသာချက်ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ တူညီပြီး ၅ လက်မ 1080p Full HD
Display ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆ မှာ ၄၄၁ ဖြစ်ပါတယ်။ Phase
Detection Auto Focus နည်းပညာပါတဲ့ 13MP Camera ကို အနောက်ဘက်မှာ LED
Flash နှစ်ခုနဲ့ အတူ တပ်ဆင် ထားပါတယ်။
အရှေ့ဘက်မှာ 5MP Camera ပါရှိပါတယ်။
လက်ဗွေရာ အာရုံခံ ကိရိယာ ပါရှိလာပြီး သင့်ဖုန်းကို လုံခြုံစေမှာဖြစ်ပါတယ်။
3260mAh Battery , USB Type-C တပ်ဆင်ထားပါတယ်။ ဒေါ်လာ ၂၆၀ တန်ကြေးရှိပြီး
မတ်လ ၁ ရက်နေ့မှာ တရုတ်မှာ စတင်ရောင်းချမှာပါ။ အနက်၊ ရွှေ၊ ခရမ်းနဲ့
အဖြူရောင်များ ရွေးချယ်နိုင်ပါတယ်။
Mobile Guide Journal (Every Monday)
0 comments:
Post a Comment