Xiaomi ခေါ် MI ဖုန်းများကို Update ပြုလုပ်ခြင်း



Xiaomi (MI) ဖုန်းတွေ Update လုပ်မရလို့ပါ ဆိုပြီး ပြောလာလို့  ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Update လုပ်နည်းတွေကတော့ အများကြီးရှိပါတယ်..
အဲဒီထဲမှ ကွန်ပျူတာမရှိသူများလည်း အဆင်ပြေအောင် အလွယ်ဆုံးနည်းလေးတစ်ခုကို မျှဝေပေးသွားပါ့မယ်...

Xiaomi (MI)  Devices တွေအားလုံး ဒီနည်းအတိုင်း Update ပြုလုပ်နိုင်ပါတယ်... (Bricked ဖြစ်ရင်သာ ကွန်ပျူတာကနေ Xiaomi Tool နှင့်  ROM ကို Flash ပေးရပါတယ်)

အင်တာနက်လိုင်းကောင်းရင် Updater App > Check Updates မှလည်း Update လုပ်နိုင်ပါတယ်... Update ရှိခဲ့ရင် Download ကို နှိပ်ပေးလိုက်ပါ... ပြီးတာနဲ့ Reboot Now ကို နှိပ်ပေးလိုက်ရင် Update ဖိုင်လ်တွေကို သူ့ဖာသာသူ Install လုပ်ပေးသွားရင်း အလိုလျှောက် စက်ပြန်တတ်လာမှာပါ..





အဲ့ဒီနည်းနဲ့မရရင်တော့ အောက်ဖေါ်ပြပါ နည်း (၂) မျိုးနှင့် Update လုပ်ပေးနိုင်ပါတယ်...

ပထမနည်းကတော့......

ဒီနေရာမှာ    မိမိဖုန်း Model အလိုက် ROM ကို မှန်ကန်စွာရွေးချယ် ဒေါင်းယူပါ.... ဖုန်းမှလည်း တိုက်ရိုက်ဒေါင်းယူနိုင်ပါတယ်...

Xiaomi ဖုန်းတွေက Model တစ်မျိုးထဲမှာပင် အမျိုးအစားကွဲတွေအများကြီးရှိတတ်တာကြောင့် ROM ခေါ် Firmware ကို မှန်ကန်စွာဒေါင်းယူတတ်ဖို့ အရေးကြီးပါတယ်...

Redmi HM Note 1LTE ကို ဥပမာအားဖြင့်ဒေါင်းပြပါ့မယ်....စောစောက Link ကို ရောက်ရင် .. မိမိဖုန်း Model ကို ရွေးပြီး နှိပ်လိုက်ပါ....



အနီရောင်လေးတွေနဲ့ပြထားတဲ့နေရာကို နှိပ်ပြီးရွေးပေးရမှာပါ... Redmi Note တစ်မျိုးထဲမှာပင် အမျိုးအစားကွဲတွေ အများကြီးရှိနေတာကိုတွေ့နိုင်ပါတယ်..။

(ပုံမရှင်းလျှင် ပုံကို နှိပ်ပြီးကြည့်ပါ)


Stable ROM က Error ကင်းပြီး အဆင်ပြေစေတာကြောင့် အနီရောင်နှင့် ပြထားတဲ့နေရာကို နှိပ်ပြီး ဒေါင်းယူပါ...။

ဒေါင်းလို့ရလာတဲ့ ROM.zip ဖိုင်လ်ကို SD Card ထဲကို Copy ကူးထည့်ပါ... 

Redmi HM Note 1LTE ကို နမူနာအနေနဲ့ လုပ်ပြထားပါတယ်...

 ဘာမှမလုပ်ခင် အရေးကြီးတာတွေ Backup လုပ်ထားပါ.... 

  Battery ကို 60% အထက် ရှိနေပါစေ...

ဖုန်းမှ Updater App ကိုဖွင့်ပါ...




မျှားပြထားတဲ့ အစက်ပျောက်လေး သုံးခုကို နှိပ်ပါ...

MIUI 7.1.1.0 ကနေ လက်ရှိ  Stable Version ကို Update လုပ်မှာဖြစ်ပါတယ်....

Choose update package မှတဆင့်...



စောစောက ဒေါင်းယူထားတဲ့ ROM.zip ကို ရွေးပေးလိုက်ပါ..


Install လုပ်သွားပြီးတာနှင့် ဖုန်းဟာလည်း အလိုလျှောက်ပြန်တတ်လာပါလိမ်မ့မယ်..။

Update လုပ်ဆောင်ခြင်း ပြီးဆုံးပါပြီ...။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒုတိယနည်းကတော့......

တချို့ Xiaomi  ဖုန်းတွေက အပေါ်က နည်းအတိုင်းမရတတ်ပါဘူး... အဲ့ဒီလို မရတဲ့ Xiaomi ဖုန်းတွေကို အောက်ပါနည်းအတိုင်း Update ပြုလုပ်ပေးနိုင်ပါတယ်....

ဘာမှမလုပ်ခင် အရေးကြီးတာတွေ Backup လုပ်ထားပါ.... 


ဒေါင်းထားတဲ့ ROM.zip ကို  update.zip ဟု Rename (နာမည်ပြောင်းပါ)

စောစောကအတိုင်း Updater App မှတဆင့်......



Reboot to Recovery mode ကိုနှိပ်ကာ.....


Recovery Mode ကိုရောက်ရင်  အသံအတိုး အကျယ်ခလုတ်တွေသုံးပြီး English ကိုရွေးပါ...

Update လုပ်မရတာကြောင့် Reset ချမှာဖြစ်ပါတယ်... ဖုန်းမှ Data များအားလုံး ဆုံးရှုံးသွားပါလိမ့်မယ် Backup လုပ်ဖို့မမေ့ပါနဲ့....

အဆင်သင့်ဖြစ်ပြီဆိုရင်....



Recovery Menu မှ..

Wipe & Reset  ကိုနှိပ်ပြီး YES နှင့် Reset ချပါ...


နောက်တစ်ခါ
Wipe Cache နှင့် Wipe All Data
 တို့ကိုလည်း စောစောကအတိုင်း YES နှင့် Reset ချပေးပါ...

ပြီးပြီဆိုရင် Recovery Menu မှ


Install update.zip to System  >> YES  နှင့် ROM ကို တင်လို့ရပါပြီ...။







Update လုပ်ဆောင်ခြင်း ပြီးဆုံးပါပြီ...။



အဆင်ပြေပါစေ


ခင်မင်လျှက်


ဝင်းကမ္ဘာကျော်

www.winkabarkyaw.net


10 comments:

This comment has been removed by the author.

Root ​ဖောက်​ထားရင်​ update လုပ်​လို့ရလားခင်​ဗျ

Root ​ဖောက်​ထားရင်​ update လုပ်​လို့ရလားခင်​ဗျ

ရပါတယ္ခင္မ်..... :)

Logo တင်ရပ်နေလို့ ဘယ်လိုတင်ရမလဲဗျ

Plz ............. မိမိတို့ဖြစ်နေတဲ့ ဖုန်းအမျိုးအစား Model No , Version အတိ အကျ ပြည့်စုံအောင် ရေးပြီး မေးမြန်းကြပါရန် မေတ္တာရပ်ခံပါတယ်ခင်များးးးးးးးးးး

Mi က ​မော်​ဒယ်​နံပါတ်​မှမ​ရေးထားတာ ဘယ်​လိုကြည့်​ရမလဲ ဥပမာ netvom လား Telecom လားမသိ​တော့ ဘယ်​ဖိုင်​ကိုတင်​မလဲ

Mi redmi note 3 lay global rom lay pay par lar byar phone nae update loat chin lo par

redminote2batteryခံတယ်versionလေပေးပါလား

redminote2batteryခံတယ်versionလေပေးပါလား

Post a Comment