
ကွေးညွှတ်ထားသည့် စမတ်ဖုန်းဖြစ်သော G Flex 2 ကို ဇန်နဝါရီလ ၃၀ ရက်တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း LG Electronics မှ ကြေညာခဲ့သည်။ အဆိုပါ စမတ်ဖုန်းကို တောင်ကိုရီးယား ပြင်ပတွင် လအနည်းငယ်အတွင်း ရောင်းချသွားမည်ဟု ၎င်းကုမ္ပဏီမှ ပြောကြားခဲ့သည်။
LG သည် ကွေးညွှတ်ထားသည့် စမတ်ဖုန်း၏ ပထမဦးဆုံး ဗားရှင်းဖြစ်သော G Flex ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖြန့်ချိခဲ့ပြီး လူကြိုက်များသည့် ထုတ်ကုန်တစ်ခု ဖြစ်ခဲ့သည်။ ယခုကဲ့သို့ G Flex 2 ကို မိတ်ဆက်ပေးခဲ့ခြင်းသည် LG ၏ ဈေးကွက်ချဲ့ထွင်မှု ခြေလှမ်းတစ်ရပ်ဖြစ်ဖွယ်ရှိသ
LG ၏ G Flex 2 တွင် ကွေးညွှတ်ထားသည့် ၅.၅ လက်မ screen ပါဝင်ပြီး ယခင်ဗားရှင်းထက် အဆင့်မြှင့်တင်မှု ပြုလုပ်ထားသည်။ ဖုန်း၏ ကျောဘက်ကိုလည်း စင်းရာခြစ်ရာဒဏ် ခံနိုင်အောင် ပြုလုပ်ထားသည်။
LG ၏ ဒေသတွင်းပြိုင်ဘက် ဖြစ်သော Samsung Electronics သည်လည်း ကွေးညွှတ်ထားသည့် screen များကို စမ်းသပ်လုပ်ဆောင်လျက်ရှိသည်
G Flex 2 ကို အမေရိကန်ဒေါ်လာ ၈၃၀ ခန့် (ဝမ် ၉၀၀,၀၀၀) ဖြင့် တောင်ကိုရီးယားတွင် ရောင်းချမည် ဖြစ်သည်။
Ref: ABCNews
Internetjournal






0 comments:
Post a Comment